BAJ မှလှူတန်းသော မူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်





ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ငွေတောင်(ခေါ်) င/လှမ်းပြင်ရွာ မူလတန်းကျောင်းဆောင်သစ် စတင်ဆောက်လုပ်နေပြီးဟု သိရပါသည်။ လက်ရှိအချိန်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရေးကို BAJ မှ လှူတန်းပြီး ရွာသားတစ်ချို့ပါဝင်ဆောက်လုပ်ကူညီနေခြင်းဖြစ်သည်။
ယခင်ကျောင်းဟောင်းမှာ နိုင်ငံခြား အန်ဂျီအို တစ်ခုဖြစ်သည့် (UNDP) ကဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး (၂၀၁၂) ခုနှစ် မေလက တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ပြုပြင် တည်ဆောက်ခြင်း မရှိသေးသဖြင့် ကလေးငယ်များ ပညာသင်ကြားရေးမှာ အခက်အခဲ ရှိနေပြီး စာကြည့်တိုက်တွင်သာ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
ကျောင်းဟောင်းပျက်စီးခြင်းကို မြို့နယ်ပညာရေးဌာနကို တင်ပြခဲ့သော်လည်း ပထမ သွပ်ပြား (၁၅၆) ချပ်ပေးမည်ဆိုပြီး ပညာရေးမှူးကို လည်း သွပ်ပြားတွေ ထုတ်ပေးတဲ့ အတွက် ငွေကျပ် (၇) သိန်းပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ ပစ္စည်းထုတ်ပေးသူနဲ့ နောက်တစ်ယောက်ကို ငွေ(၂) သောင်း ပေးခဲ့ရပြီး၊ သွပ်ပြားတွေ ရအောင် လုပ်ပေးတယ်ဆိုပြီး ဒုပညာရေးမှူး က သွပ်ပြား (၁၂) ချပ်သာ ထုတ်ပေးခဲ့သည်ဟု သိရပါတယ်။
ကျောင်းဟောင်းပျက်စီးခဲ့တာ(၅)နှစ်ကျော်ကြာခဲ့ပြီး ပြည်နယ်အစိုးရမှ ဆောက်လုပ်ပေးခြင်း မရှိသဖြင့် ယခုလက်ရှိအချိန်တွင် ကျောင်းဆောင်သစ်ကို BAJ မှ လှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။ လှူဒါန်းသည့် ငွေပမာဏကို မသိရသေးပေ မယ့် ကျောင်းဆောင်သစ်ပြီးမြောက်အောင်ထိ လှူဒါန်းလုပ်ဆောင်သွားမည် ဟုလည်း သိရသည်။
လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့နယ်ရွာများတစ်ချို့ တွင်လည်း ကျောင်းများ စွာ ပျက်စီးနေပြီး အစိုးရက ဆောက်လုပ်ပေးခြင်း လုံးဝမရှိသေးပါ။ အစိုးရ၏ အနာဂါတ်လူငယ်တွေ ပညာရေးတိုးတက်ရေး ဆောင်ရွက်နေမှုတွေမှာ လက်ရှိရခိုင်ပြည် ပညာရေးကို ကြည့်ခြင်း အားဖြင့် သိသာ ထင်ရှားနေပါပြီး။ အစိုးရ၏ ပညာရေး ပြုပြင်ပြောင်းမှုမှာ ရခိုင်ပြည် မပါတော့သ လားဟု မေးခွန်း ထုတ်စရာတွေ ဖြစ်နေပါပြီ။
ကျောင်းဆောင်သစ်များဆောက်လုပ်ရေးအတွက် BAJ မှ လိုက်ရှာမှုများပြုလုပ်ရာတွင် ဘူးသီးတောင်မြို့နယ် ငွေတောင်ရွာ(ခေါ်) င/လှမ်းပြင်ရွာတွင် ကျောင်းပျက်စီးခြင်းကို တွေ့ရသဖြင့် ကျောင်းပျက်စီးနေခြင်းမှာ (၅)နှစ်ကျော်ကြာခဲ့ပြီး ဖြစ်ပေမယ့် ဆောက်လုပ်ခြင်းမရှိသဖြင့် BAJ မှ လှူဒါန်းဆောက်လုပ်ပေးခြင်း ဖြစ်သည်။
BAJ ၏ ကျောင်းဆောက်လုပ်ပေးခြင်းကို ရွာသားများက ၀ိုင်းဝန်းကြိုဆိုပြီး ပါဝင်လုပ်ဆောင်မှုများ လုပ်ပေးနေသည်ဟုလည်း သိရသည်။ ငွေတောင်(ခေါ်) င/လှမ်းပြင်ရွာ ကျောင်းသည် မူလတန်းမှ (တွဲဖက်) အလယ်တန်း (၈)တန်းအထိ ကျောင်းသားဦးရေ (၁၆၀)ကျော် ရှိသည်။
(ဓာတ်ပုံ - Zaw Latt မှ ပေးပို့သည်)


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv

Comments system

Flag Counter