Showing posts with label ရခိုင်သတင်း. Show all posts
Showing posts with label ရခိုင်သတင်း. Show all posts

ကျောက်တော်မဟာမုနိဘုရားရှေးမူမပျက် လုပ်ဆောင်နေသည့်အပေါ် ဘုရားဂေါပကတချို့ ကန့်ကွက်




ကျောက်တော်မဟာမုနိဘုရားရှေးမူမပျက် လုပ်ဆောင်နေသည့်အပေါ် ဘုရားဂေါပကတချို့ ကန့်ကွက်

အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားတဆူဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မဟာမုနိ ဘုရားရှေးမူမပျက် လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ ကျောက်တော်ဂေါပကတချို့က ကန့်ကွက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားကိုယ်လုံးတော်ပေါ်မှာ စလွယ်သိုင်းတာတွေ၊ လက်ဝတ်ရတနာတွေ၊ နားတောင်း ဝတ်ဆင် ထားတာတွေ၊ နတ်ဝတ်တန်ဆာတွေ၊ ဘုရင်အသုံးအဆောင်တွေနဲ့ ပြည့်နှက်နေလို့ ပြည်သူဆန္ဒနဲ့ ဖြုတ်ချဖို့ ဇန်နဝါရီ ၁ ရက်နေ့က ဆုံးဖြတ်လိုက်ကြတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိဘုရားပေါ်မှာကိုယ်ပေါ်မှာ စလွယ်သိုင်းထားတွေ၊ နားတောင်းဝတ်ဆင်ထား တွေကို ကျောက်တော်ဂါပကအချို့မဖြုတ်ပေးဘူးလို့ ပြောဆိုလိုက်ခြင်းအပေါ် ဒေသခံတွေက ပြန်ပြီးတော့ ကန့်ကွက်နေတာပါ။

ကျောက်တော်မြို့မိမြို့ဖဖြစ်တဲ့ ဦးမောင်ထွန်းခင်က “အခုက နည်းနည်းပါးပါး ရွှေတွေခွာချလို့ပြီးပြီ၊ ဒါပေမယ့် အများကြီးကျန်နေပါသေးတယ်။ ဥပမာ ဘုရားပေါ်က မင်းဝတ်တန်ဆာဝတ်ဆင်ထားတဲ့ စလွယ်သိုင်းထားကို ဖြုတ်ပေးဖို့၊ နောက်တခါ နားတောင်းဝတ်ထားတာတွေ အဲ့ဒါတွေဖြုတ်ပေးဖို့ အပါအဝင် တောင်းဆိုတာပါ။ စစ်အစိုးရလက်ထက်ကတည်းက အဲ့ဒီတွေဝတ်ဆင်တာ။အခု ကျနော်တို့ဖြစ်စေချင်တာ ရှေ့မှုမပျက်ဘဲ မူရင်းအတိုင်း မဟာမုနိဘုရားဖူးမျှော်ချင်တယ်။

ကျနော်တို့ ဒါကို ဘုရားပေါ်ဂေါပကတချို့ စလွယ်သိုင်းတွေမဖြုတ်ပေးဘူးလို့ ပြောတယ်။ အဲ့ဒါတွေ မပါဘူးလို့ ပြောတယ်။”
မဟာမုနိဘုရားပေါ်က တောင်းဆိုချက်တွေ ရှေ့မူမပျက်ဘဲ ဆက်လက်ခွာချပေးဖို့ မနက်ဖြန် ဆန္ဒထုတ်ဖော်မှု တရပ်ကို ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ မုနိမြေသန့်ရှင်းရေးအသင်းမှ ဥက္ကဋ္ဌ ကိုအောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာအလုပ်တခါတည်း လုပ်စေချင်တယ်။ နောက်တခါ ဒီလိုအခြေအနေဖြစ်ဖို့ ဆိုတာ မလွယ်တော့ဘူး။ ဒါကြောင့် ဒီစလွယ်သိုင်းထားတွေ၊ နားတောင်းဝတ်ဆင်ထားတွေ တခါ တည်းဖြုတ်စေချင်တယ်။

ဒါမှ ရှေးမူအတိုင်းဖြစ်မှာလေ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း အများ သဘောတူတယ် ဆိုရင် ဒါကိုဖြုတ် ပေးဖို့ပြောတယ်။ ရှင်းရှင်းပြောရင်သူတို့ အာဏာတည်မြဲရေး၊ နေရာတွေကိုဖယ်ရမှာစိုးရိမ်လို့ ဒါကိုမဖြုတ် စေချင်တာ ဒီလိုပဲသုံးသပ်တယ်။ တောင်းဆိုချက်အတိုင်း လုပ်ပေးဖို့နဲ့ ကျနော်တို့ မနက်ဖြန်ဆန္ဒထုတ်ဖော်သွားပါ့မယ်။”
ဘရားကိုယ်ပေါ်မှာ စလွယ်သိုင်းထားတာတွေ၊ နားတောင်းဝတ်ဆင်ထားတွေကို အထက်အမိန့်ရ မဖြုတ်ဘူးလို့ ကျောက်တော်မဟာမုနိဘုရားဂါပကဥက္ကဋ္ဌ ဦးညိုသာလှ ပြောပါတယ်။

“ကျနော်တို့ နာယက ၁၀ ဦးနဲ့ဆုံးဖြတ်ချက်ချတာပါ။ ကျနောတို့ ဘုရားပေါ်မှာ စလွဲသိုင်းထားတွေ မဖြုတ်ဘူး။ နောက်ပြီး နားတောင်းဝတ်ဆင်ထားတာတွေ မဖြုတ်ဘူး။ အထက်ကအမိန့်အရ ကျနော်တို့ မဖြုတ်ခိုင်းဘူး။ ပြည်သူလူထုဆန္ဒနဲ့လည်း ကျနော်တို့ မဖြုတ်ဘူး။ အထက်အမိန့်နဲ့ ဒါကို စလွယ်သိုင်း ထားတာကို ဖြုတ်လိုက်ဆိုရင်တော့ ဖြုတ်မယ်။

 အထက်ကအမိန့်ဆိုတာ ဝန်ကြီးချုပ်ကိုပြောတာပါ။ ကျနော်နာယကအဖွဲ့ဝင် ၁၀ ဦးစတင်တဲ့အခါ ပြည်ထောင်စုဝန်ကြီးကလာပြီးတော့ ပြောတာက ရွှေမောက်နေတာတွေကို ဖယ်ရှားလိုက်ပါ။ စလွဲသိုင်းထားတာကိုဖြုတ်လို့ မပါဘူး။ ဒါကြောင့် စလွယ်သိုင်းထားတာကို မဖြုတ်ဘဲ ထားတာပါ။”

ဘုရားကိုယ်ပေါ်မှာဖြုတ်လို့ ရရှိထားတဲ့တွေကိုတော့ လက်ရှိအချိန်မှာ မဟာမုနိဘုရားပေါ်က မီးခံသေတ္တာမှာ စနစ်တကျ သိမ်းဆည်းထားပြီး ဘုရားပေါ်က ရွှေတွေကိုဆက်လက်ခွာချနေတယ်လို့ သူက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးကျော်အေးသိန်း ရောက်ရှိလာပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် မဟာမုနိဂေါပကအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ၊ ရှေးဟောင်း သုတေသနဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုမှာ မဟာမုနိဘုရားပေါ်မှာ ရွှေတွေကိုခွာချဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျောက်တော်မဟာမုနိဘုရားမှာ ရွှေပြား၊ ရွှေသင်္ကန်း ကပ်မှုတွေကြောင့် လက်မောင်းတော်ကြီး ထွားလာတာ ဗိုက်တွေ ဖောင်းလာတာ။ ရင်ဘက်တော်တွေ မို့လာတာတွေ ဖြစ်ပေါ်ခဲ့ပြီး၊ လက်ရှိအချိန်ထိတော့ ပြီးစီးနိုင်ခြင်း မရှိသေးပါဘူး။



http://burmese.dvb.no/archives/184448


ဒေါ်အောင်ဆန်းစုကြည် အလွန် ငြိမ်းချမ်းရေးအတွက် ဘယ်သူရှိသလဲ




ဒေါ်အောင်ဆန်းစုကြည် အလွန် ငြိမ်းချမ်းရေးအတွက် ဘယ်သူရှိသလဲ

ကမ္ဘာ့နိုင်ငံအသီးသီးမှတချို့ သောနိုင်ငံများတွင် ပြည်တွင်းစစ်ဖြစ်ပွားလျက်ရှိပြီးတချို့သောနိုင်ငံများမှာ ပြည်တွင်းစစ်မရှိသည့်အတွက် နိုင်ငံဖွံ့ဖြိုးရေးကဏ္ဍများ ကို ဦးစားပေးလုပ်ဆောင်နေခြင်းကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်လာနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းအောင် ဦးစားပေးလုပ် ဆောင်နေရခြင်းေ ကြာင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍအား လုပ်ဆောင်နိုင် ခြင်းမရှိဘဲ နိမ့်ကျသောနိုင်ငံတစ်နိုင်ငံအ ဖြစ် ရပ်တည်နေရပြီး အဘက်ဘက်က လိုအပ်မှုများရှိနေသည်။

ထို့ကြောင့် မိမိတို့ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားလာသည့် ပြည်တွင်းစစ်ကို အဆုံးသတ်ချုပ် ငြိမ်းအောင် လုပ်ဆောင်နိုင်မှ သာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဖြစ်ရာ မည်သို့ ဖြေရှင်းဆောင်ရွက်နေသနည်း၊ မည်သို့ ဆောင်ရွက်မှ အဖြေရမည်နည်း၊ မည်သူ က ဦးဆောင်ဖြေရှင်းဆောင်ရွက်နေသနည်း စသည့်မေးခွန်းများ ရှိလာသည်။

မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေ သော ပြည်တွင်းစစ်သည် အာဏာလုပွဲနှင့် အစိုးရဖြုတ်ချရေးစစ်ပွဲမဟုတ်ဘဲ လူမျိုး တစ်မျိုး(ဝါ) မျိုးနွယ်စုတစ်စု ကိုယ့်ကံ ကြမ္မာကိုယ်ဖန်တီးရေးနှင့် လူသားတစ်ဦးအရ ရပိုင်ခွင့်အခွင့်အရေးများ လက်ဝယ်ပိုင်ဆိုင်ခြင်းဖြင့် အသက်ရှင်ရပ်တည်နိုင် ရေး အတွက် တောင်းဆို တိုက်ပွဲဝင်နေသော ပြည်တွင်းစစ်များဖြစ်သည်။ ၁၉၄၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ရောင်စုံ သူပုန်တိုက်ပွဲသည် အစိုးရဖြုတ်ချရေး အဆင့်ဖြစ်ခဲ့သော်လည်း ယနေ့ပြည်တွင်း စစ်မှာ ဒီအဆင့်မဟုတ်ပါ။
ဦးနေဝင်း အုပ်ချုပ်ခဲ့ပြီးနောက် ဦးသန်းရွှေလက်ထက်အထိ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်များမှာ ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီ ၁၂ ရက်တွင်ချုပ်ဆိုခဲ့သော ပင်လုံ ကတိကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး တိုက်ပွဲဝင်တောင်းဆိုလာသည့် ပြည်တွင်းစစ်သာဖြစ်သည့် အတွက် အလယ်အလတ်အဆင့် သတ်မှတ်ရမည်လား သို့မဟုတ် အနည်းအငယ် ပြည်တွင်းစစ်အဖြစ်သာ သတ်မှတ်ရမည်လား အားလုံးစိတ်ထဲမှာ အဖြေရှာနိုင်ပါ သည်။

မည်သို့ပင်ဆိုစေ နှစ်ပေါင်း မြောက်မြားစွာ သက်ဆိုးရှည်နေသော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းရန် ဆောင်ရွက် ပေးမည့် ခေါင်းဆောင်ကောင်း တစ်ယောက် မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိပြီး ပြည်သူ လူထုတစ်ရပ်လုံးကလည်း တောင်းတနေ ကြသည်။

အဆိုပါပြည်တွင်းစစ်ကို ချုပ် ငြိမ်းရန်အတွက် ၁၉၆၂ ခုနှစ် ဦးနေဝင်း၏ တပ်မတော်အစိုးရ (လူထုအခေါ်-စစ် အစိုးရ)လက်ထက်တွင် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲကြောင်း ကြေညာ၍ လက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေးရယူ နိုင်ရေး ကြိုးစားခဲ့သကဲ့သို့ ဦးသန်းရွှေ လက်ထက်၌ လက်နက်ကိုင်အဖွဲ့များအား ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့် တပ်(BGF) ပြောင်းလဲကြရေး ချဉ်းကပ် မှုဖြင့် ငြိမ်းချမ်းရေးရယူနိုင်ရေး ကြိုးစား ခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးရယူနိုင် ခြင်းမရှိသကဲ့သို့ ပြည်တွင်းစစ်များလည်း ချုပ်ငြိမ်းခဲ့ခြင်း မရှိခဲ့ပေ။ ထို့နောက် ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ဦး သိန်းစိန်သည် သမ္မတအဖြစ် ရာထူးတာဝန်ကို လက်ခံရယူခဲ့ပြီး ဒီမိုကရေစီနိုင်ငံအဖြစ် ပထမဆုံး အသက်သွင်း၍ ဒီမိုကရေစီ စံနှုန်းအတိုင်း ငြိမ်းချမ်းရေးကို လမ်းဖွင့် ဖိတ်ခေါ်ခဲ့သည်။

၂ဝ၁၁ ခုနှစ် သြဂုတ် ၁၈ ရက် တွင် သမ္မတဟောင်းဦးသိန်းစိန်သည် တစ် နိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်း လှမ်းခဲ့ပြီး ရန်သူမှမိတ်ဆွေ၊ မိတ်ဆွေမှ မိသားစုဝင်အဖြစ် သတ်မှတ်ကာ မျက်နှာချင်းဆိုင်ထိုင်စားပွဲဝိုင်းပေါ်၌ လိုအပ်ချက် နှင့် လိုလားချက်များကို ပွင့်ပွင့်လင်း လင်း ဆွေးနွေးခဲ့သည်။
အဆိုပါလိုအပ်ချက်နှင့် လိုလားချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့ဖြင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်အပစ်အခတ်ရပ်စဲရေးလက်မှတ် များကို အသီးသီးရေးထိုးခဲ့ကြ သကဲ့သို့ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်)ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ကာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မှာ ထို ၁၄ ဖွဲ့ထဲမှ RCSS/SSA, KNU, KNU, KNLA-PC, DKBA, PNLO, CNF, ABSDF, ALP တို့ လက်မှတ် ရေးထိုး ခဲ့သည်။

ကျန်ငါးဖွဲ့အနက် UWSA, NDAA တို့က ပြည်နယ်အဆင့်၊ ပြည် ထောင်စုအဆင့်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးလက်မှတ် ရေးထိုးထားသကဲ့သို့ ၂၇ နှစ်နီးပါး(ယနေ့အချိန်အထိ) တပ်မတော် နှင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိအောင် ထိန်းသိမ်းထားနိုင်ခြင်းကြောင့် NCA ထိုးရန်မလိုဟုဆိုကာ ကျန်ခဲ့ပြီး NSCN-K(နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ကပ်ပလန်)မှာ ၄င်းတို့အဖွဲ့တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှု အနည်းအကျဉ်း ရှိ နေသေးသည့်အတွက် လက်မှတ်မထိုးဘဲ ကျန်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် SSPP/SSA, NMSP နှင့် KNPP တို့မှာုKIA ဦး ဆောင်သော UNFC (ညီညွတ်သောတိုင်း ရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) အဖွဲ့ဝင်များဖြစ်သည့်အတွက် UNFC ၏ အားလုံးပါဝင်ရေးမူအရ WNO, ANC, LDU, AA, MNDAA, TNLA တို့ ပါဝင်လက်မှတ်ရေးထိုးခွင့်ရမှ ထိုးမည် ဆိုသည့်အတွက် ကျန်နေခြင်းဖြစ်သည်။

KIA ကိုတော့မူ အစိုးရနှင့် တပ်မတော်က NCA လက်မှတ်ရေးထိုးရန် တရားဝင်ခွင့်ပြုထားသည့်အတွက် အထွေအထူး ဆွေးနွေးရန် မလိုအပ်ပေ။ ထိုခြောက်ဖွဲ့အနက် WNO, ANC, LDU တို့မှာ ထိန်းချုပ်နယ်မြေမရှိခြင်း၊ လူအင်အားမှာ တစ်ဖွဲ့လျှင် အယောက် ၇ဝ တောင် မရှိခြင်း၊ လက်နက်အင်အားမရှိခြင်း၊ တပ်မတော်နှင့် တိုက်ပွဲများမရှိခြင်း စသည့် အကြောင်းအရာများကြောင့် ပါဝင်လက် မှတ်ရေးထိုးရန် မလိုအပ်ကြောင်း သို့မဟုတ်ပါက လူအင်အား ၃ဝဝ ကျော် ၅ဝဝ ဝန်းကျင်ရှိသည့်အဖွဲ့များကပါ ပါဝင်ခွင့်များ တောင်းဆိုလာမည်ဆိုလျှင် အားလုံးရှုပ် ထွေးသွားနိုင်သည့် အတွက် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရက ပါဝင်ခွင့်မပြုခဲ့ပေ။

အလားတူ TNLA, MND-AA, AA တို့ကိုမူ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ လအတွင်းက MNDAA သည် လောက် ကိုင်ဒေသသို့ တိုက်ပွဲများ ဖန်တီး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်လာနိုင်ရေး ကြိုးစားမှုမှာ အချုပ်အခြာအာဏာကို တိုက်ခြင်းဖြစ်ကြောင်း တပ်မတော်မှ မှတ်ယူကာ ပါဝင်ခွင့်မပြုနိုင်ကြောင်း တရားဝင် ငြင်းဆန်ခဲ့သလို TNLA, AA တို့ကို လည်း ကူညီတိုက်ခိုက်ပေးခဲ့သည်ဟုဆို ပြီး ပါဝင်ခွင့်မပြုဘဲ ချန်ထားခဲ့သည်။

ထို့နောက် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) အနိုင်ရရှိခဲ့ပြီး အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းခဲ့၍ ငြိမ်းချမ်းရေးကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆွေးနွေးလျက်ရှိသည်။

ယခင် သမ္မတဟောင်းဦးသိန်း စိန်အစိုးရလက်ထက်တွင် ကျန်ရှိခဲ့သော ငြိမ်းချမ်းရေးအမွေအနှစ်ကို ဒေါ်အောင် ဆန်းစုကြည်က လက်လွှဲရယူ ၍ ဆွေးနွေး ညှိနှိုင်းနေခြင်းကြောင့် တပ်မတော်သည် အရပ်သားစစ်စစ်အစိုးရဖြစ်သည့်အတွက် ယခင်က ပါဝင်ခွင့်မပြုနိုင်ဟု တရားဝင် ငြင်းပယ် ထားသော TNLA, MNDAA, AA တို့ ပါဝင်လာနိုင်ရေးလမ်းကြောင်း တစ်ရပ် ဖွင့်ပေးခဲ့သည်။

ထိုလမ်းကြောင်းပွင့်လာသည့်အတွက် အစိုးရသစ်၏ ငြိမ်းချမ်းရေးကော်မရှင်သည် ၂ဝ၁၅ ခုနှစ် သြဂုတ်လက TNLA, MNDAA, AA တို့နှင့် မိုင်းလား မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရကိုယ်စားလှယ်များက အပိုဒ်ငါးပိုဒ်ပါဝင်သော သဘောတူညီချက်တစ်ရပ်ကို ချပြဆွေး နွေးခဲ့ကြောင်း သိရသည်။

အဆိုပါအပိုဒ်ငါးပိုဒ်အနက် လေးပိုဒ်ကို သဘောတူညီမှုရယူနိုင်ခဲ့ပြီး နောက်ဆုံးအပိုဒ်မှာ နှစ်ဖက်တွေ့ဆုံဆွေး နွေးမှုကို ဟန့်တားသွားစေခဲ့သည်။ ထို အချက်မှာ အစိုးရကိုယ်စားလှယ်ဘက်မှ 'လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်/ချုပ်ငြိမ်းလိုသည့်ဆန္ဒ အပြည့်အဝ ရှိပါသည် ဆိုသော ကြေညာချက်ထုတ်ပြန် ပေးရန် တောင်းဆိုထားရာ မဟာမိတ်သုံးဖွဲ့ဘက်မှ 'လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းရန် ဆန္ဒအပြည့် အဝရှိသည်' ဟုသာ ထုတ်ပြန်ပေးနိုင်ကြောင်း ပြန်လည် ပြောဆိုလာခြင်းကြောင့် သဘောတူညီမှု မရရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် လာခွင့် မရဖြစ်နေခြင်းဖြစ်သည်။

ဤကဲ့သို့ ဖြစ်ပေါ်နေသော အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးပုံစံဖြင့် ကြိုးစားဆောင်ရွက်ပေးနေသော်လည်း အဆင်မပြေ ဖစ် နေသကဲ့သို့ လက်မှတ်မရေးထိုးရသေး သည့် KIA, TNLA, AA, MNDAA တို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင် ပြည်နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။
သို့သော် UNFC အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသော KIA, SSPP, NMSP, KNPP, WNO, ANC, LDU, TNLA, MNDAAတို့အနေဖြင့် လူထု ကိုယ်စားလှယ်လည်းဖြစ် နိုင်ငံတကာမှ ထောက်ခံမှုရှိသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ လက်ထက်တွင် ငြိမ်းချမ်းရေး ရယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။

သို့မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည်အလွန် ငြိမ်းချမ်းရေးကို မည်သူ ဦးဆောင်မလဲ စဉ်းစားကြည့်ခြင်းဖြင့်ပင် မရေမရာ ငြိမ်းချမ်းရေးပုံစံအဖြစ် အသွင် ပြောင်းလဲကာ ရရှိပြီးသားအခွင့်အရေးများ ပြန်လည်ဆုံးရှုံးသွားနိုင်ပြီး ငြိမ်းချမ်း ရေးခရီး အဆုံးသတ်သွားမည့်အခြေအနေ သို့ မရောက်ရှိရေး၊ လက်မှတ်မရေးထိုးရ သေးသော လက်နက်ကိုင်အဖွဲ့များဘက်မှ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ပြည်တွင်း/ပြည်ပ ထောက်ခံမှုအားကောင်းလှသော လူထုကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာပင် ငြိမ်းချမ်းရေးရရှိအောင် မစွမ်းဆောင် နိုင်ခဲ့ပါက လက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်ချက်အပေါ် လူထုမှ မေးခွန်းထုတ်လာနိုင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ အပေါ်မှာလည်း မေးခွန်းထုတ်လာ နိုင်ပါသည်။

ထို့ကြောင့် လက်မှတ်မရေး ထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ နှင့် လူထုကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်တို့အနေဖြင့် မာနပြိုင်ဆိုင်ခြင်း ထက် ငြိမ်းချမ်းရေးကို မည်သူ(ဝါ)မည် သည့်အဖွဲ့က အရင်ဆုံးရယူနိုင်သည်ဆို ကြောင်း ပြိုင်ဆိုင်မှုကိုသာ ပြည်သူလူထု တစ်ရပ်လုံးမှ လိုလားေ တာင့်တနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အလွန် ငြိမ်းချမ်း ရေးကို မည်သူဦးဆောင်မလဲဆိုခြင်းအ ပေါ်မှာ စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ေ ပါ် နေခြင်းအား အဆုံးသတ်ပေးရန် လိုအပ် နေကြောင်း သတိပြုစေလိုပါသည်။

ချစ်မင်းထွန်း ၊ Flower News Journal

https://www.facebook.com/YangonMediaGroup/photos/a.335477406471186.83922.334119789940281/1426326000719649/?type=3&theater


ဘူးသီးတောင်နဲ့ စစ်တွေကို မစ္စယန်ဟီးလီ သွားရောက်




ဘူးသီးတောင်နဲ့ စစ်တွေကို မစ္စယန်ဟီးလီ သွားရောက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလက တပ်မတော်သားနဲ့ ရဲတပ် ဖွဲ့ဝင်တွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့တာတွေဟာ လက်ခံနိုင်စရာမရှိတဲ့ ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်လို့ ကောက် ချက်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီ က ပြောခဲ့တယ် လို့ ရွှေစေတီကျောင်း ဆရာတော် အရှင်အရိယဝံသ က မိန့်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်မှာ မစ္စယန်ဟီးလီက လာရောက် တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဆရာတော် အရှင်အရိယဝံသ က မိန့်ပါတယ်။

"မောင်တောနဲ့ ဘူးသီးတောင်ဖြစ်စဉ်မှာ ဘင်္ဂါလီတွေဘက်က အကြမ်းဖက်တာတို့၊ တပ်မတော်တို့ ရဲဝန်ထမ်း တို့ကို လည်လှီးသတ်ဖြတ်တာတို့ကို တွေ့ခဲ့ရတာဟာ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒါကို တော်တော် ဆိုးဝါးတဲ့လုပ်ရပ်ဆိုတာကို စိတ်ပျက်စရာကောင်းတယ်ဆိုတာကို သူကမှတ်ချက်ချတယ်လေ"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘူးသီးတောင်မြို့နယ်ကနေ ဒီနေ့ စစ်တွေမြို့ကို လာရောက်ခဲ့တာဖြစ်ပြီး စစ်တွေအကျဉ်းထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့် ရခဲ့ကြောင်းနဲ့ သူ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်လူ့အခွင့်အရေးရရှိဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတာ ကို ယုံကြည်ပေးဖို့ ရွှေစေတီကျောင်းဆရာတော်ထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မစ္စယန်ဟီးလီဟာ အခုလ ၁၃ ရက်နေ့ကနေ ဒီနေ့အထိ ၄ ရက်ကြာ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့ တာဖြစ်ပြီး စစ်တွေမြို့မှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့သလို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ဒေသခံတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ် ပါတယ်။


http://www.rfa.org/…/yangheelee-butheetaung-trip-0116201706…


အပစ်မရပ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ချင်းမိုင်တွင် ဆွေးနွေး




အပစ်မရပ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ချင်းမိုင်တွင် ဆွေးနွေး

မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေး အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ တရက်တာ အလွတ်သဘော တွေ့ဆုံမှာ ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော်မတီ (JMC) ကိစ္စလည်းဆွေးနွေးဖို့ရှိတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးအောင်ကြည် အပါအဝင် ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်လင်းဦးတို့ ကိုယ်စားပြုဆွေးနွေးကြမှာဖြစ်ပြီး ဒီပီအန် ကိုယ်စားလှယ်အဖွဲ့ကတော့ ခူးဦးရယ်၊ ဗိုလ်ချုပ်ဂွန်မော်၊ နိုင်ဟံသာတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နှစ်ဖက်တွေ့ဆုံမှုက အလွတ်သဘော တွေ့ဆုံမှုဆိုပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့နဲ့ တကယ်ဆွေးနွေးတဲ့ပွဲတွေမှာလည်း အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ချက်နဲ့ အခုလို အလွတ်သဘောတွေ့ဆုံမှုကို ကျင်းပပြုလုပ်ရတာဖြစ်တယ်လို့ သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေဆီကစုံစမ်းသိရပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက် ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ)ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်)နဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့တို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မှာ နောက် ဆုံးတွေ့ဆုံခဲ့ပါတယ်။



http://burmese.dvb.no/archives/183828



Comments system

Flag Counter