Showing posts with label စာပေလောက. Show all posts
Showing posts with label စာပေလောက. Show all posts
ဘင်္ဂါလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ - ဖာပုံနဒီ (မူဂျာဟစ်အကြောင်း သိကောင်းစရာ)
ဘင်္ဂါလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ - ဖာပုံနဒီ (မူဂျာဟစ်အကြောင်း သိကောင်းစရာ)
..............................................
အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေဟာ ဂျီဟဒ် လို့ခေါ်တဲ့ဘာသာရေးစစ်ကို
ဆင်နွှဲလေ့ရှိကြပြီးတော့ ၎င်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့စစ်သည်တော်တွေကို
“မူဂျာဟစ်”လို့ခေါ်ကြပါတယ်။
မူဂျာဟစ် ဆိုတဲ့ဝေါဟာရအဓိပ္ပာယ်ကတော့
*မိမိတိုင်းပြည်နှင့် ဘာသာရေးအခွင့်အရေးအတွက် တိုက်ခိုက်သောသူ*ဟု
အဓိပ္ပါယ်ရပါတယ်။
၁၉၄၇ ခုနှစ် ကုန်ခါနီးမှာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာက
သူကြီးဟောင်း ဆူလ်တင်၏ညီ မိုဟာမတ်က ဦးဆောင်၍ မွတ်ဆလင်
လူငယ်များကို လျှို့ဝှက်စွာစည်းရုံးပြီးနောက် မူဂျာဟစ်ပါတီကိုဖွဲ့စည်းကာ
လက်နက်များကို လျှို့ဝှက်သိုလှောင်ထားရှိခဲ့ပါတယ်။ ထိုသို့ဖွဲ့စည်းစဉ်က
ရခိုင်ကိုအကာအကွယ်ပေးဖို့ ဖွဲ့စည်းထားသည့် ထွန်းအောင်ဖြူအဖွဲ့နဲ့
မူဂျာဟစ်အဖွဲ့တို့ ပူးတွဲကာ သပြုချောင်းကျေးရွာမှာ လူထုအစည်းအဝေး
ကျင်းပပြီးနောက် အဖွဲ့အမည်ကို မူဂျာဟစ်ပါတီဟု ခေါ်တွင်ရန် ဆုံးဖြတ်ခဲ့ပြီး
ထွန်းအောင်ဖြူအား နာယကအဖြစ် တင်မြှောက်ကြပါတယ်။
ထွန်းအောင်ဖြူဟာ ကွန်မြူနစ်ပါတီနှင့် ဆက်စပ်သူဖြစ်တဲ့အတွက် မူဂျာဟစ်အဖွဲ့ကို ကွန်မြူနစ်စခန်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကွန်မြူနစ်တို့က ဖဆပလအစိုးရ ပြုတ်ကျရင်ရခိုင်ပြည် နှစ်ပိုင်းပိုင်းလိမ့်မည် နတ်မြစ်အရှေ့ဘက်ပိုင်းမှ ကုလားတန်မြစ်အနောက်ဘက်အတွင်းရှိ နယ်မြေများကို ရိုဟင်ဂျာပြည်နယ်အဖြစ် သတ်မှတ်ပေးလျက်
ကျန်အပိုင်းကို ရခိုင်လူမျိုးများ အုပ်ချုပ်စေလိမ့်မည်ဟုပြောဆိုခဲ့ကြောင်း
သိရှိရပါတယ်။
၎င်းမူဂျာဟစ်အဖွဲ့၏ ရည်ရွယ်ချက်နှင့် တောင်းဆိုချက်များကို အကျဉ်းချုံး၍
ဖော်ပြရသော် မူဂျာဟစ်ပါတီမှ ရော်ရှိန်းခေါင်းဆောင်သောအဖွဲ့က မြို့နယ်
ဖဆပလဥက္ကဌ ဦးစိုင်းအောင်ထွန်းမှတဆင့် ဝန်ကြီးချုပ်ထံတင်သွင်းရန်
တောင်းဆိုချက်ပါ စာတမ်းတစ်စောင်ပေးပို့လာပါတယ်။ ထိုတောင်းဆို
ချက်များမှာ
*ရခိုင်ဒေသအတွင်းရှိ မွတ်ဆလင်များအားလုံးကို နိုင်ငံတော်အတွင်းရှိ
ရခိုင်မွတ်ဆလင်များအဖြစ် လက်ခံရန်*
*မူဂျာဟစ်များကို အမြဲတမ်းတပ်မတော်တွင် ရခိုင်မွတ်ဆလင်လက်နက်ကိုင်
တပ်အဖြစ် သီးခြားပေးရန်*
*အစိုးရဌာနတိုင်းတွင် မွတ်ဆလင်များအား အရည်အချင်းလိုက်ဝင်ခွင့်ပြုရန်*
*ဗြိတိသျှအစိုးရကဲ့သို့ မွတ်ဆလင်များအား နာမာလ်(ဘုရားဝတ်ပြုခွင့်)၊
ရူဂျာ(ဥပုသ်ပြုခွင့်)၊ ဟာချ်၊ ဖိုခတ် (ဘူခါ) (အမျိုးသမီးများဝတ်ရုံဝတ်ခွင့်နှင့်
မျက်နှာဖုံးကိုလှန်ကြည့်ခွင့်မရှိရန်)၊ ဘာသာရေးပွဲများ လွတ်လပ်ခွင့်ပြုရန်။*
*မွတ်ဆလင်ကလေးများအား ပညာသင်ကျောင်းတိုင်းတွင် အာရ်ဗီဘာသာကို
အမြဲတမ်းဘာသာအဖြစ် မြန်မာစာနှင့် တန်းတူသတ်မှတ်ပေးရန်။*
*ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်များတွင် ဆေးရုံကြီးတစ်ရုံနှင့်
ဆေးပေးခန်းများကို လိုအပ်သောနေရာများတွင် တည်ဆောက်ပေးရန်။*
*ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်များတွင် ကောလိပ်ကျောင်း
တစ်ကျောင်းနှင့် တန်းမြင့်ကျောင်း(၄)ကျောင်း ဖွင့်ခွင့်ပြုရန်*
*နိုင်ငံတော်ဝန်ကြီးချုပ်မှ ၎င်းတို့အဖွဲ့အား ရခိုင်တိုင်းသူပုန်နှိမ်နင်းရေးအတွက်
ကျည်ဆန် အလုံအလောက်ထုတ်ပေးရန်* စတဲ့အချက်တွေဖြစ်ပါတယ်။
မူဂျာဟစ်အဖွဲ့ရဲ့ ရံပုံငွေနဲ့ ပင်ရင်းလက်နက်ထောက်ပံ့မှုကို ဆန်းစစ်လေ့လာ
ခဲ့ဲကြရာမှာ ပညာရှင်များက အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ကြပါတယ်။
*ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားကာစ ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှတပ်များ
စတင်ဆုတ်ခွါလေသည်။ ဗြိတိသျှတို့အနေဖြင့် ၎င်းတို့အောင်မြင်စွာ ဆုတ်ခွါနိုင်ရန်စစ်ပြေးဘက်တော်သားများက အချင်းချင်းရန်တိုက်ပေးသည့် အနေဖြင့် မြန်မာနိုင်ငံသားမဟုတ်သူများကို ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရန်ဟု အကြောင်းပြကာ လက်နက်များပေးအပ်ခဲ့သည်။ ထိုအချိန်တွင် အင်္ဂလိပ်စစ်တပ်မှ ကုလားစစ်သည်များက ဒေသခံ
ကုလားများနှင့်ပေါင်းကာ ရခိုင်အမျိုးသားများကို သတ်ဖြတ်မှုများ စတင်ခဲ့သည်။*
*ကုလား-ရခိုင် အဓိကရုဏ်း ရုတ်တရက်ဖြစ်ရခြင်းသည် မြေပုံမြို့နယ်၊ ချောင်းကြီးရွာ
သူကြီး ညီအစ်ကိုနှစ်ဦးကို ရက်ချောင်းရွာမှ ကုလားများက စတင်သတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအဖြစ်အပျက်ကို အကြောင်းပြု၍ သိန်းအောင်ကျော်၊ ကျော်ယ အစရှိသော
ရခိုင်တိုင်းရင်းသားတို့က ဒေါသထွက်ကာ ဧည့်သည်ရက်ချောင်း ကုလားတို့ကို လက်စားချေသတ်ဖြတ်သည်တွင် ကုလား-ရခိုင် အဓိကရုဏ်းစတင်ခဲ့ခြင်းဖြစ်သည်။
ထိုမှတဆင့် မြောက်ဦး၊ ကျောက်တော် မြို့နယ်များသို့ ကူးစက်သွားခဲ့သည်။ ထိုမြို့နယ်များမှထွက်ပြေးလာသော ကုလားများသည် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့
ရောက်ရှိလာပြီး ယင်းမြို့နယ်ရှိကုလားများနှင့်ပူးပေါင်းကာ
ဒေသတွင်းရှိရခိုင်လူမျိုးတို့ကိုလက်စားချေပြန်သဖြင့် မောင်တော
မြို့နယ်မြစ်အရှေ့ဖက်ခြမ်း ဘူးသီးတောင်မြို့နယ်နှင့်
ရသေ့တောင်မြို့နယ်ရှိ ရခိုင်ရွာများသည် မီးရှီု့ဖျက်စီးခြင်း၊ သတ်ဖြတ်ခံရခြင်းများကြောင့် ရခိုင်လူမျိုးများထွက်ပြေးကြရသည်။ ရခိုင်လူမျိုးများ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။
ယင်းသို့ပျက်စီးသွားခြင်းကြောင့် ယနေ့အထိ နာလန်မထူနိုင်ပဲ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်ရခိုင်ရွာများ အနည်းငယ်သာကျန်ရှိတော့သည်။*
*ထိုအဓိကရုဏ်းကြောင့် ရခိုင်လူမျိုး (၂၀၀၀၀) နှစ်သောင်းခန့် အသက်ဆုံးရှုံးခဲ့ရပြီးဘူးသီးတောင်၊ မောင်တောမြို့နယ်မှ ရခိုင်ရွာများအားလုံး ဖျက်စီးခံခဲ့ရသည့်အပြင် ရသေ့တောင်မြို့နယ်မှ ရခိုင်ရွာတစ်ချို့ပါ ဖျက်စီးခံခဲ့ရသည်။ စစ်တွေဘက်သို့ ထွက်ပြေး
သူများကို မွတ်ဆလင်များက သတ်ဖြတ်နေကြောင်း ကြားသိရသည့် ရခိုင်တိုင်းရင်းသားတို့သည် နောက်ဆုံးတွင် အင်္ဂလိပ်အစိုးရဘက်မှ တာဝန်ခံရခိုင်အရာရှိ အကူအညီဖြင့် ဒိန္ဒာစပူရ် စစ်ပြေးစခန်းသို့ ထွက်ပြေးခဲ့ရသည်။*
*ဘူးသီးတောင်၊ မောင်တောမြို့နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဘင်္ဂလီတို့၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် သေဆုံးကြရခြင်း၊ ထွက်ပြေးကြရခြင်းနှင့် ပက်သက်သည့် အသက်ရှင်ကျန်ရစ်သူ တို့၏ ပြောကြားချက်အရ မွတ်ဆလင်ကုလားတို့၏ အစီအစဉ်သည် ၎င်းဒေသအတွင်း အခွင့်အရေးကြုံခိုက် ရခိုင်တစ်ဦး
တစ်ယောက်မှ မကျန်အောင်အပြတ်ရှင်းရန် စီစဉ်ခြင်းပင်ဖြစ်သည်။*
*မောင်တောမြို့နယ်တွင် အလယ်သံကျော်၊ တပ်တိုးပြင်၊ စပ်ချကုန်း၊ ရှောက်ကိန်း၊ မြို့ချောင်းစသည့်ရွာများသည် မွတ်ဆလင်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရသည်။ ထိုရွာမှ ရွာသားများသည် ဒိန္ဒာစပူရ် စစ်ပြေးစခန်းသို့ တစ်ဦးမှရောက်ရှိလာခြင်းမရှိချေ။
ထွက်ပြေးသွားခဲ့ရသော ရခိုင်တိုင်းရင်းသားများ၏ လယ်ယာ၊ ကျွဲနွားများကို မွတ်ဆလင်များမှ ဝင်ရောက်သိမ်းပိုက် လုပ်ကိုင်ခဲ့ကြသည်။*(နောင်အခါတွင် အင်္ဂလိပ်တို့တပ်ဆင်ပေးခဲ့သည့် လက်နက်များနှင့် ၎င်းလယ်မြေသီးစားခ များသည် မူဂျာဟစ်တို့၏ အဓိကအထောက်အပံ့များ ဖြစ်လာသည်။)
*မူဂျာဟစ်သောင်းကျန်းသူများ၏ စနစ်ကြောင့် မောင်တောမြို့နယ်ရှိ ဗုဒ္ဓဘာသာကျေးရွာများ မကြာခဏ ပြိုပျက်ခဲ့ရသည်။ ကျေးရွာတစ်ချို့မှာ မူဂျာဟစ်များ၏လက်ချက်ကြောင့် ရွာအမည်သာ ကျန်ရှိတော့သည်။ တပ်မတော်သည် ၁၉၅၀ ခုနှစ်တွင် မေယုအော်ပရေးရှင်းချမှတ်ကာ မူဂျာဟစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။*
*၁၉၅၁ ခုနှစ်၊ မတ်လတွင် ရခိုင်တိုင်းမြောက်ပိုင်းရှိ သောင်းကျန်းသူများကို
စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မူဂျာဟစ်များသည် အရှေ့ပါကစ္စတန် ဘက်သို့ ထွက်ပြေးသွားကြပြီး တပ်မတော်ထိုးစစ် ရုတ်သိမ်းသွားသည့်အခါ ထကြွမြဲ ထကြွပြန်သည်။ မူဂျာဟစ်တို့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာ အဓိကရုဏ်းများစွာကိုဖန်တီးခဲ့ကြသည်။*
*၁၉၅၂ ခုနှစ်တွင် စစ်တွေခရိုင်မင်းကြီးက မူဂျာဟစ်တပ်ခေါင်းဆောင် ကာဆင်အားဆုငွေ ၂၅၀၀ ထုတ်လိုက်ခြင်းနှင့်ပက်သက်၍ ကာဆင်မှလည်း ရခိုင်တိုင်းမင်းကြီးအား ဆုတော်ငွေ ၁၀၀၀၀(တစ်သောင်းတိတိ)
ပေးမည်ဟု ပြန်လည်ထုတ်ပြန်ကာ ရခိုင်ဒေသအတွင်းမှ စပါးများအား ပါကစ္စတန်သို့ မှောင်ခိုတင်ပို့ခြင်းကို လက်နက်ကိုင် အလုံအရင်းဖြင့်
ဆောင်ရွက်ခဲ့သည်။
မူဂျာဟစ်သောင်းကျန်းသူအင်အား အလွန်
တောင့်တင်းသောကြောင့် စစ်တွေရာဇဝတ်ဝန် ဦးတင်ကိုယ်တိုင် ဦးစီးကာ ရေတပ်အင်အားဖြင့် တားဆီးခဲ့ရသည်။*
*ရခိုင်ဒေသ ပါလီမန်အမတ် ဦးဘမြိုင်၊ ဦးကျော်မင်း၊ ဦးလှထွန်းဖြူတို့ပါဝင်သောပါလီမန်အမတ် ၁၃ ဦးတို့သည် ၁၉၅၂ ခုနှစ်၊ မတ်လ (၂၀)ရက်တွင် ရန်ကုန်မြို့၌သတင်းထောက်များနှင့်တွေ့ဆုံကာ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့များတွင် သောင်းကျန်းလျှက်ရှိသော မူဆလင်မူဂျာဟစ်များအရေး၊
မြန်မာနိုင်ငံအတွင်းသို့ ရခိုင်ပြည်နယ် နယ်စပ်မှနေ၍ အတားအဆီး မရှိဝင်ရောက်နေသော ပါကစ္စတန်ပြည်သားများ အရေးကို ရှင်းပြခဲ့သည်။*
*ဦးဘမြိုင်က ပြောကြားရာတွင် မူဆလင်လူမျိုးများသည် ၁၉၄၈ ခုနှစ်မှစ၍
မူဂျာဟစ် ခေါ် သူပုန်အဖွဲ့ကြီးကိုတည်ထောင်ကာ ခေတ်မမီလက်နက်များဖြင့်
ရခိုင်အမျိုးသားများအား လုယက်တိုက်ခိုက်၍ ရခိုင်အမျိုးသား/အမျိုးသမီးပေါင်း
များစွာကို သတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းတို့၏ရန်ကို ကြောက်ရွံ့သဖြင့် ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များရှိ ရခိုင်များသည်
မနေရဲကြတော့ဘဲ ရခိုင်ပြည်မသို့ ထွက်ပြေးလာကြကြောင်း၊ ပြည်ထောင်စု
မြန်မာနိုင်ငံတော်အစိုးရသည် လူဝင်လူထွက်ဥပဒေအတည်ပြုပြီး သက်ဆိုင်ရာတို့အား တာဝန်ဝတ္တရားများစွာ ပေးထားသော်လည်း တာဝန်ခံအရာရှိများက တာဝန်မကျေပွန်သဖြင့် ပါကစ္စတန်ပြည်သားများ
အချိန်မရွေး ဝင်ထွက်နေကြကြောင်း ပြောဆိုခဲ့သည်။*
*ဦးကျော်မင်းက ပြောကြားရာတွင် ၎င်းအရေးနှစ်ခုအနက် ပါကစ္စတန်ပြည်သားများမြန်မာပြည်တွင်းသို့ ပြည်ဝင်ခွင့်လက်မှတ်မပါဘဲ ထင်သလိုဝင်ရောက်နေသောအရေးမှာ နယ်စပ်ရှိ ကူမင်တန်စစ်ပြေးများ၏ အရေးထက် ပို၍အရေးကြီးကြောင်း၊မူဂျာဟစ်အင်အားမှာ ၄၀၀ ခန့်မျှသာဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုက်ခိုက်နှိမ်နင်းရန်
တောင်းဆိုပြောကြားခဲ့သည်။*
*တပ်မတော်သည် ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် မေယုစစ်ဆင်ရေး
ကိုဒုတိယအကြိမ် စတင်ပြန်သည်။ နိုဝင်ဘာလတွင် မူဂျာဟစ်ဌာနချုပ် တည်ရှိရာ လက်ပန်တောင်ကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက် လိုက်သည်။ ထို့ကြောင့် ကာဆင်ခေါင်းဆောင်သော မူဂျာဟစ်တို့ များစွာအင်အားနည်းသွားခဲ့သည်။ သို့သော် တစ်နိုင်ငံလုံးဆူူပူ
သောင်းကျန်းမှု ဖြစ်ပေါ်နေချိန်ဖြစ်သဖြင့် ကြာရှည်စွာထိန်းမထားနိုင်ဘဲ စစ်ဆင်ရေးကာလ ကုန်သည်နှင့်ပြန်လည်ရုတ်သိမ်းရသည်။
မူဂျာဟစ်များသည် တပ်မတော်စစ်ကြောင်း ရုတ်သိမ်းသွားသည်နှင့် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက်စီးပြန်သည်။*
*၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလတွင် တပ်မတော်သည် မုတ်သုန်စစ်ဆင်ရေးဖြင့်
မူဂျာဟစ်ခြေကုတ်စခန်းများနှင့် ဌာနချုပ်ဖြစ်သည့် မင်္ဂလာကြီးစခန်းကို တိုက်ခိုက်သိမ်းဆည်းနိုင်သဖြင့် ကာဆင်သည် အရှေ့ပါကစ္စတန်သို့ ထွက်ပြေးသွားသည်။ မြန်မာအစိုးရမှ ထွက်ပြေးသွားသည့် ကာဆင်ကို ပြန်လည်အပ်နှံရန် တောင်းဆိုသော်လည်း
တရားခံလွှဲပြောင်းနိုင်သည့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသဖြင့် လွှဲပြောင်းမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။*
*၎င်းကိစ္စကို ပါကစ္စတန်သမ္မတကြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်
သတင်းထောက်များမှ မေးမြန်းရာပါကစ္စတန်သမ္မတက ကာဆင်ကို
ထောင်ထဲတွင် ၅နှစ်ထားခဲ့ပြီး ယခုအခါ ၎င်းအား အခြားသို့သွားခွင့်မပြုပဲ နေအိမ်အကျယ်ချုပ်ချထားကြောင်း ပြောကြားခဲ့သည်။*
*၁၉၆၁ ခုနှစ်တွင် မေယုခရိုင်အုပ်ချုပ်ရေး ဖွဲ့စည်းပြီးနောက် ထိုးစစ်များဆင်ခဲ့ရာ နှစ်လအကြာတွင် ဘူးသီးတောင် တောင်ပိုင်း မူ၈ျာဟစ်ပါတီဥက္ကဌ ရော်ဘီဟူလာ၊ ဒုဥက္ကဌ မော်စတော်ဖီနှင့် အဖွဲ့ဝင်ပေါင်း ၂၉၀ ကျော်တို့ လက်နက်ချသည်။မြန်မာနိုင်ငံမှ ကာဆင်ကိုလွှဲပေးရန် အပြင်းအထန်တောင်းဆိုလာချိန်တွင် အိမ်ချုပ်မှ လွှတ်ပေး
လိုက်သည်ကို တွေ့ရသည်။ ထိုကိစ္စများထဲတွင် ပါကစ္စတန်အစိုးရ ပါဝင်ပက်သက်နေသည့် သဘောကို ထင်ရှားစွာတွေ့မြင်ရခြင်းဖြစ်သည်။*
...........................................
မူဂျာဟစ်ဒင်
အဖွဲ့အစည်းနဲ့ပက်သက်ပြီးတော့ အကျဉ်းချုပ်ရေးသားရာမှာ ကိုးကား
စရာ စာတမ်းအဖြစ်က “ဒေါက်တာမြင့်သိန်း(သမိုင်းသုတေသန)”
ရေးသားခဲ့တဲ့ *မြန်မာနိုင်ငံအတွင်း မွတ်စလင်များဝင်ရောက်လာခြင်းနှင့်
နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်* သမိုင်းသုတေသနစာတမ်း၊ တပ်မတော်
မှတ်တမ်းအချို့၊ ၁၉၄၈-၁၉၅၄ သတင်းစာမှတ်တမ်းအချို့၊ ရခိုင်ပြည်နယ်
အစီရင်ခံစာ(လက်နှိပ်စက်မှတ်တမ်း)အချို့ကို ကိုးကားပြီးရေးသားရပါတယ်
(မိတ်ဆွေအများ လေ့လာရင်းဖြင့် အသိပညာတိုးတက်ကြပါစေ)
စာအုပ် ဒေါင်းယူပါရန်
Thant Lwin Oo
Image may contain: text
Download 
Ba Than - Yona Than Zin Yaw
Ba Than - Yona Than Zin Yaw
ဘသန်း - ယောနသံဇင်ယော်
ကျွန်တော်တို့ရဲ့ လူငယ်တိုင်း မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်ဆိုရင် မှားမယ်မထင်ပါဘူး။
ဒီစာအုပ်ဟာ လူငယ်တိုင်းရဲ့ အိပ်မက်တွေကို အသက်ရှင်လာအောင် တည့်မက်ပဲ့ကိုင်ပေးတဲ့ စာအုပ်ဆိုရင် မှားမယ် မထင်ပါဘူး။
ကျွန်တော်တို့ ညီအစ်ကိုတွေ မဖြစ်မနေ ဖတ်သင့်တယ်လို့ မြင်လို့ တင်ပေးလိုက်ပါတယ်။
စာပေချစ်သူများအား လေးစားလျှက်
#KNSMODAPP 
Ba Than - Yona Than Zin Yaw
ဘသန်း - ယောနသံဇင်ယော်
#KNSMODAPP
ဒေါက်တာကျော်မြင့် - ခရစ်(စ)တီဘန်လားနဒ်၏ ဘဝတစ်ခု
ဒိုဂျေဆန်း - စတိဗ်ဂျော့ရဲ့ ဈင်
ထီလာစိုးမြင့်ထယ် - ဆူဟာတို (စာအုပ်ကမ္ဘာ) ထီလာစိုးျမင့္ထယ္ - ဆူဟာတို (စာအုပ္ကမာၻ)
ထီလာစိုးမြင့်ထယ် - ဆူဟာတို (စာအုပ်ကမ္ဘာ)
ဆူဟာတို (Suharto) ကို ၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင်မွေးဖွားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင် တစ်ဦးအနေဖြင့်ထင်ရှားသည်။ သူသည် အင်ဒိုနီးရှားအမျိုးသားတော်လှန်ရေးတပ်မတော်တွင် စစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန် ထမ်းဆောင်ခဲ့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယမြောက် သမ္မတတစ်ဦးအနေဖြင့်သာ လူသိများခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသမ္မတတစ်ဦး အနေဖြင့် ၁၉၆၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကျော်ကြာအုပ်ချုပ်သွားသောကြောင့် သက်တန်းရှည်သမ္မတတစ်ဦးအနေဖြင့်လည်း လူသိများသည်။
အင်ဒိုနီးရှားနိုင်ငံ၏ပထမဦးဆုံးသမ္မတသည် ဆူကာနို (Sukarno) ဖြစ်သည်။ ဆူဟာတိုသည် ဆူကာနိုထံမှ အာဏာကို တပ်အင်အား၊ နိုင်ငံရေးလှည့်ကွက်များဖြင့် သိမ်းယူလိုက်ခြင်းဖြစ်သည်ဟုဆိုကြသည်။ ဆူဟာတိုသည် နိုင်ငံတော်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ အုပ်ချုပ်သည့် ကာလအတွင်း အစိုးရစနစ်အသစ်တစ်ခုကို တီထွင်အုပ်ချုပ်သွားခဲ့သည်။ ထိုစနစ်ကို New Order (Orde Baru) ဟုခေါ်သည်။ New Order ဆိုသည်မှာ စစ်တပ်ဗဟိုပြုအစိုးရစနစ်မျိုးဖြစ်ပြီး စစ်အေးခေတ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်ရေးနှင့် ကွန်မြူနစ်ရန်ကာကွယ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများနှင့် သံတမန်ရေးအရ အဆင်ပြေစွာဆက်ဆံပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကိုဆောင်ရွက်သည့်စနစ်မျိုးဖြစ်သည်။ ဆူဟာတို အုပ်ချုပ်သည့် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ သူအုပ်ချုပ်သည့်ကာလအတွင်း နိုင်ငံရေးအရ အင်ဒိုနီးရှားကွန်မြူနစ်များနှင့် တရုတ်-အင်ဒို အနွယ်ပေါင်းများစွာကို သုတ်သင်ဖယ်ရှားခဲ့ရသည်ဟုလည်းဆိုသည်။ ကွန်မြူနစ်ပါတီကို တရားမဝင်ပါတီအဖြစ်ကြေညာခဲ့ပြီး အမြစ်ဖြုတ် ခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံကို သူအုပ်ချုပ်နေစဉ်ကာလအတွင်း ၁၉၇၅ ခုနှစ်တွင် အရှေ့တီမောနိုင်ငံအတွင်းဝင်ရောက်ကာ ဆူပူမှုများ ကိုနှိမ်နင်း ခဲ့သဖြင့် လူပေါင်း ၂ သိန်းကျော်သေဆုံးခဲ့ရသောကြောင့် နာမည်ပျက်ခဲ့ရသည်။
၁၉၉၀ ပြည့်နှစ်တွင် အုပ်ချုပ်ရေးအသစ် New Order ၏အုပ်ချုပ်ရေးအဖွဲ့ဝင်များ အကျင့်ပျက်ခြစားမှုများဖြစ်လာသဖြင့် ပြည်သူတို့ မကျေမနပ်ဖြစ်ခဲ့ကြရသည်။ ဆူဟာတိုနှင့်သူ့မိသားစုတို့သည် ဒေါ်လာ ၃၅ ဘီလီယံကို မိသားစုပိုင်အဖြစ် လွှဲပြောင်းချမ်းသာလာမှုနှင့်ပတ်သက်ပြီး အတော်လေးအငြင်းပွားစရာဖြစ်လာခဲ့သည်။ ထိုငွေပမာဏသည် တိုင်းပြည် GDP ၏ ၄ ရာခိုင်နှုန်းဖြစ်သည်။ ထိုငွေအလွဲသုံးစားမှုနှင့်ပတ် သက်ပြီး အစစ်ဆေးခံရန် အမျိုးမျိုးငြင်းပယ်ခဲ့ပြီး တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကျဆင်းနေမှုကိုမျက်ကွယ်ပြုကာ နိုင်ငံရေးမှ အနားယူသွားခဲ့သူလည်းဖြစ်သည်။
ပြည်တွင်းရေးမငြိမ်သက်မှုများဖြစ်ပေါ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းနှင့် သမ္မတရာထူးမှဆင်းပေးလိုက်ရသည့် ၁၉၉၈ ခုနှစ် မေလအထိ နိုင်ငံအတွင်း ဆူပူအုံကြွမှုများ၊ ဆန္ဒပြမှုများ မရပ်မနားပေါ်ပေါက်ခဲ့သည်။ သမ္မတရာထူးမှ ဆင်းပေးလိုက်ရပြီးနောက် ဆူဟာတိုသည် လူသူဝေးရာ အရပ်တွင် သွားရောက်နေထိုင်ခဲ့သည်။ လာဘ်စားမှု၊ လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် တရားစွဲရန်ပြင်ဆင်တိုင်း ကျန်းမာရေးအကြောင်းပြကာ အမျိုးမျိုးရှောင်လွှဲခဲ့သည်။ Ammesty International အဖွဲ့ကြီး၏ထုတ်ပြန်ချက်အရ ကမ္ဘာ့အကျင့်ပျက်ခြစားသူများစာရင်း၌ ထိပ်ဆုံးတွင် ရှိနေသူ ဖြစ်သည်။
ဂျာဗားနွယ်များကဲ့သို့ ဆူဟာတိုသည် နာမည်တစ်မျိုးတည်းရှိသူဖြစ်သည်။ ဘာသာရေးအရ ဟာဂျီမိုဟာမက်ဆူဟာတို ဟူ၍ခေါ်ကြသည် မှလွဲပြီး အခြားအမည်မရှိပေ။ အင်္ဂလိပ်စာလုံးပေါင်း Suharto ဆိုပြီး ၁၉၄၇ ခုနှစ်လောက်ကတည်းက သုံးစွဲလာကြသည်။ သို့သော်ယခင်က စာလုံးပေါင်း Soeharto ကို နောက်ပိုင်းတွင်သုံးစွဲမှုနည်းသည်။
-----------------------------------------------
 my.wikipedia.org : https://my.wikipedia.org/wiki/%E1%80%86%E1%80%B0%E1%80%9F%E1%80%AC%E1%80%90%E1%80%AD%E1%80%AF
 ထီလာစိုးမြင့် - ဆူဟာတို နှင့် အင်ဒိုနီးရှားတော်လှန်ရေး
ထကျမွကျ - ဗလာဒီမီယာ ပူတငျ  (ထက်မြက် - ဗလာဒီမီယာ ပူတင်)
ခေတ်သစ်ရုရှား၏ ပြတ်သားသော ခေါင်းဆောင်တစ်ဦးဟု ထင်ရှားသော ဗလာဒီမီယာ ပူတင်အကြောင်း စာအုပ်ဖြစ်သည်။ ဆိုဗီယက်ခေတ်လွန်ကာလ ရုရှားပြည်ထောင်စု သမိုင်းတွင် သမ္မတသက်တမ်း (၂) ကြိမ်နှင့် ယခု ဝန်ကြီးချုပ်တာဝန်ကိုပါ ထမ်းဆောင်နေသည့် လူထုထောက်ခံမှု အရှိဆုံး ခေါင်းဆောင် ဗလာဒီမီယာပူတင်သည် ဘယ်လိုလူမျိုးလဲ၊ ဘယ်ဇာတိလဲ၊ သူ့မျိုးရိုးက ဘာလဲ၊ အရည်အချင်း ဘယ်လောက်ရှိလဲ၊ သူ့တိုင်းပြည်၏ နိုင်ငံရေး စီးပွားရေး စစ်ရေး တည်ငြိမ်တိုးတက်အောင် ဘယ်လို စွမ်းဆောင်ခဲ့သလဲ စသည့်မေးခွန်းများကို ယခုစာအုပ်မှ ဖြေကြားပေးမည်ဖြစ်သည်။ သူ၏ အကြောင်းအပြင် အဏုမြူရေငုပ်သင်္ဘော ကတ်စ် နစ်မြုပ်သည့် အရေးအခင်း၊ မော်စကို ကဇာတ်ရုံ စီးနင်းခံရသည့် အရေးအခင်း၊ ဘက်စလန်ကျောင်းကို ချေချင်သူပုန်များက သိမ်းပိုက် ဓားစာခံလုပ်သည့် အရေးအခင်းများတွင် သူ၏ ပြတ်သားစွာ ကိုင်တွယ်ခဲ့မှုများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ ထို့ပြင် ခေတ်သစ်ရုရှားနိုင်ငံအကြောင်းနှင့်တကွ ၁၂ နှစ်ကျော် ကာလအတွင်း ထိပ်ဆုံးသို့ ရောက်လာသော ရုရှား၏ အခြေအနေကိုလည်း ရေးသားဖော်ပြထားသည်။ မူရင်းစာရေးသူသည် ဤစာအုပ်ရေးသားရန်အတွက် ဆိုဗီယက် ယူနီယံမှ ပုဂ္ဂိုလ်များ၊ နေတိုးမှ လုံခြုံရေးအရာရှိများနှင့် တွေ့ဆုံခဲ့ရုံသာမက ဥရောပ ယူနီယံမှ အချက်အလက်များ၊ နိုင်ငံတကာ ဆက်ဆံရေး ဌာနမှ အထောက်အထားများ၊ ကမ္ဘာ့စီးပွားရေး အခြေအနေနှင့် လူ့အခွင့်အရေး မှတ်တမ်းများကိုပါ လေ့လာပြီးမှ ရေးသားခဲ့သည်ဟု ဆိုသည်။ ယခုရိုက်နှိပ်သည့်အကြိမ်သည် ဒုတိယအကြိမ် ဖြည့်စွက်ရိုက်နှိပ်ခြင်းဖြစ်ပြီး ၂ဝ၁၅ နှစ်ကုန်အထိ ပူတင်နှင့် ရုရှားနိုင်ငံရေးဖြစ်စဉ်အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။
လှကျော်ဇော - မဒမ်ကျူရီ ဆီကဘာတွေလေ့လာနိုင်သလဲ
(မတ်လ(၈)ရက် နိုင်ငံတကာအမျိုးသမီးနေ့ အမှတ်တရ)
(မိုးမခ) မတ် ၉၊ ၂၀၁၇
ကျွန်မငယ်စဉ်ကတည်းက အလွန်လေးစားကြည်ညိုခဲ့တဲ့ အမျိုးသမီးသိပွံပညာရှင်တဦး ရှိခဲ့ပါတယ်။ တက္ကသိုလ်ရောက်စ ရူပဗေဒလက်တွေ့သင်တန်းတခုမှာ ဆရာတယောက် ပြောပြဘူးတဲ့ ရေဒီယိုဓာတ်ကြွ ပစ္စည်း ရေဒီယံဓာတ်ကိုစတင်တွေ့ရှိပေမဲ့ ဒါဟာ ကမ္ဘာလူသားအားလုံးက ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်တယ် ငါတဦးတည်းပိုင်အဖြစ် မှတ်ပုံတင်(Patent)တာ မလုပ်နိုင်ဘူး ဆိုပြီး ငွေကြေးအမြောက်အများ ရနိုင်တဲ့လမ်းကို မလိုက်ခဲ့ပဲ၊ အာလူးမီးဖုတ်စား သုတေသနလုပ်ခဲ့တဲ့သိပွံပညာရှင် မဒမ်မာရီယာကျူရီ ဆိုသူပါ။
ဒါနဲ့ သူ့အကြောင်းကို တောက်လျှောက် အခွင့်ရရင်ရသလို စိတ်ဝင်တစားလေ့လာဖတ်ရှုကြည့်မိပါတယ်။ သူ့အကြောင်းကို ဖတ်မိတိုင်း အမျိုးအမည်မသိတဲ့ စိတ်ခံစားမှုတွေ ပေါ်ပေါက်လာတတ်ပါတယ် မဒမ်ကျူရီ (၇၊၁၁၊၁၈၆၇ -  ၄၊၇၊၁၉၃၄) ဆိုသူဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးထဲက ပထမဆုံး နိုဘယ်လ်ဆု ရသူ၊ (ရေဒီယိုဓာတ်အားရောင်ခြည် (X ray) တွေ့ရှိမှုကြောင့်)၊ သီးခြား သိပွံပညာရပ် (၂) ခုအတွက် (ရူပဗေဒနဲ့ ဓာတုဗေဒ) အတွက် နိုဘယ်ဆု (၂) ဆုရရှိတဲ့ တဦးတည်းသော သိပွံပညာရှင်ဖြစ်ပြီး ၊ပြင်သစ်ပါရီတက္ကသိုလ်ရဲ့ပထမဆုံးသော အမျိုးသမီးပါမောက္ခဖြစ်ပါတယ်။ သူမကို ၂၀ ရာစုရဲ့ အာဇာနည်သိပွံပညာရှင်ကြီးလို့လည်း သတ်မှတ်ခံရပါတယ်။ အသက်ရှင်စဉ်မှာလည်း မရည်မတွက်နိုင်တဲ့ ဆုတံဆိပ်အမျိုးမျိုး၊ ဆုကြေးငွေအများအပြား ရရှိခဲ့ပြီး၊ ကွယ်လွန်ပြီးပြန်တော့လည်း သူ့ဂုဏ်ပုဒ်အမျိုးမျိုးကို ဖေါ်ကြူးတဲ့စာစောင်စာတမ်းတွေ အထုပွတ္တိစာအုပ်အမျိုးမျိုး၊ အဲဒါတွေကို ရုပ်ရှင်တွေရိုက်နဲ့ သူ့ဘ၀ဇာတ်ကြောင်းဟာ ဘယ်တော့မှ ရိုးမသွားတဲ့ တကယ့်ဒဏ္ဍာရီပုံပြင် တရပ်လိုပါပဲ။
သူ ဒီအောင်မြင်မှုတွေရလာအောင် ဘယ်လောက်ကြိုးစားခဲ့ရတယ်။ဆိုတာကိုလေ့လာကြည့်ရအောင်ပါ။
မဒမ်ကျူရီဟာ ရုရှားအင်ပိုင်ယာလက်အောက်ခံ ပိုလန်နိုင်ငံ ၀ါဆောမြို့ကပညာတတ်မိသားစုကပါ။ ပိုလန်လွတ်မြောက်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်တဲ့ မိသားစုဖြစ်တာကြောင့်ရော၊ အဲဒီခေတ်ရဲ့ အမျိုးသမီးများအပေါ်ထားရှိတဲ့ သဘောထားများအရရော၊ အလွန်ခက်ခဲစွာ ပညာသင်ကြားခဲ့ရပါတယ်။ ပိုလန်မျိုးချစ်တွေ ဦးစီးဖွင့်လှစ်တဲ့ (အမျိုးသမီးများပါ တက်ရောက်နိုင်တဲ့) မြေအောက်တက္ကသိုလ်တခုမှာ တဘက်ကဘော်ဒါစောင့်လုပ်ရင်း စာသင်ခဲ့ရတာပါ။ အဲဒီက အောင်ပြန်တော့ အထက်တန်းပညာရပ်တွေကို ပြင်သစ်မှာသွားသင်ဖို့ ၂နှစ်လောက် အလုပ်လုပ်ပြီး ငွေစုရပါတယ်။ ၁၈၉၁မှာ ပြင်သစ်ကိုရောက်လာပြီး ဂိုဒေါင်အပေါ်က ထပ်ခိုးလေးမှာငှားနေရပြီး နေ့ကျောင်းတက်၊ ညဘက်မှာ ငွေဝင်လမ်းအတွက် ကျူရှင်ပြနဲ့ အအေးဒါဏ်၊ အငတ်ဒါဏ်တွေကို ခါးစီးခံခဲ့ရပါတယ်။ အာဟာရမလုံလောက်မှုကြောင့် မကြာခန မူးလဲတာတွေဖြစ်ခဲ့ပါတယ်။ ၁၈၉၅ မှာ ပြင်သစ်သိပွံပညာရှင် ပီရဲလ်ကျူရီနဲ့ လက်ထပ်ခဲ့ပါတယ်။
ပီရဲလ်က  တက္ကသိုလ်ဓာတ်ခွဲခန်းတာဝန်ခံ ဖြစ်လေတော့ အဲဒီဓာတ်ခွဲခန်းမှာ အလုပ်လုပ်နိုင်ဖို့အတွက်ရော၊ ကိုယ့်တိုင်းပြည်ပြန်ရရေး စဉ်းစားနေတဲ့သူမကို ပိုလန်ပြန်တဲ့တနေ့ သူလည်းလိုက်ပါ့မယ်လို့ ဂတိပေးတဲ့အတွက်ရော လက်ထပ်ဖြစ်ကြတာပါ။ အဲဒီမင်္ဂလာပွဲမှာဝတ်ခဲ့တဲ့ သတို့သမီးဝတ်စုံအပြာရင့် ချည်ထည်ဂါဝန်ကို ကိုမဒမ်ကျူရီက ဓာတ်ခွဲခန်းဝတ်စုံအဖြစ် တောက်လျှောက် ၀တ်ခဲ့ပါတယ်။ သူ့မှာဝတ်စုံအကောင်းကလည်း ဒီတထည်ပဲ ရှိရှာပါတယ်။
ဒိနောက် ဇနီးမောင်နှံ(၂) ယောက်ပေါင်းပြီး ရေဒီယိုဓာတ်ကြွဓာတ်တမျိုးကို သတ္တုရိုင်းတုံးများက သန့်စင် ထုတ်ယူခဲ့ပြီး အမိနိုင်ငံကို ဂုဏ်ပြုတဲ့အနေနဲ့  ပိုလိုနီယမ် (Polonium) လို့ အမည်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကပိုလန်က လွတ်လပ်တဲ့နိုင်ငံ မဟုတ်သေးပါဘူး။ ဒါကိုသတိရဖို့အတွက် သူမက ဒီနံမည်ကိုပေးတာပါ။ အဲဒီကမှတဆင့် ရေဒီယိုဓာတ်ကြွပစ္စည်းများ အမျိုးမျိုးထွက်ပေါ်လာခဲ့ပြီး ရူပဗေဒပညာရပ်ဟာလည်း ဖွံ့ဖြိုးတိုးတက်လာပြီး လူသားများကို အကျိုးပြုလာတာဟာ ဒီနေ့ ဒီအခြေအနေ ရောက်လာတာပါပဲ။ အဲဒါတွေ အခြေခံပြီး ဓာတ်ရောင်ခြည်ကုသထုံး (radiotherapy) ပေါ်လာတာပါ။
ကျူရီတို့ဇနီးမောင်နှံဟာ ပညာရှင်တချို့ရဲ့စာတမ်းတွေကရတဲ့ အစအနများကနေ အလွန်စူးရှထက်မျက်စွာ အလွန်လုံ့လ ဇွဲ ၀ိရိယကြီးစွာ အလွန်ဆင်းရဲကြပ်တည်းစွာ(မိုးမလုံ လေမလုံမြင်းတင်းကုပ်သာသာတဲထဲမှာ) သုတေသနပြုလုပ်ပြီး လူသားများအတွက်အလွန်အဖိုးတန်တဲ့ ဓာတုပစ္စည်းတွေကို ရှာဖွေပေးခဲ့ပါတယ်။ဆေးပညာလောကအတွက်လည်း အလွန်အသုံးဝင်တဲ့အရာတွေဖြစ်လို့ လူသားအများအပြားကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။
၁၉၀၃ခုနှစ် သူတို့ဇနီးမောင်နှံ နိုဗယ်ဆုကို ပူးတွဲ ရရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုရဲ့အဓိကဇာတ်ကောင်ဟာသူ့ဇနီးဖြစ်တဲ့အတွက် သူ့ဇနီးကိုပူးတွဲမပေးရင် သူ ဒီဆုမယူဘူး လို့ ပီရဲလ်က အကြပ်ကိုင်လို့သာ မဒမ်ကျူရီကို တွဲပေးတာပါ။ အမျိုးသမီးထဲက ပထမဆုံးနိုဗယ်လ်ဆုရသူ ဖြစ်သွားခဲ့ပါတယ်။ အဲဒါရပြီးနောက် သူတို့ဘ၀ အနည်းငယ် ချောင်ချိသွားပါတယ်။ ကျန်လုပ်ဖေါ်ကိုင်ဘက်ပညာရှင်တွေကို ပေးပစ်ပြီး အဓိကကတော့ သူတို့ရဲ့သုတေသနလုပ်ငန်းများအတွက်ပဲ သုံးစွဲခဲ့ပါတယ်။ သူတို့(၂)ယောက်ရဲ့ဇာတ်လမ်းကလည်း ပုံပြင်တပုဒ်လို ကမ္ဘာကျော်သွားခဲ့ပါတယ်။
၁၉၀၆ခုနှစ်မှာ ခင်ပွန်းသည် ပီရဲလ် မြင်းရထားတိုက်ခံရပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ရပါတယ်။ သူမအတွက် အလွန်ကြီးမားတဲ့ လောကဓံလှိုင်းလုံးဖြစ်ပေမဲ့ တည်တည်ငြိမ်ငြိမ်ပဲ ကျော်ဖြတ်ခဲ့ပါတယ်။ မုဆိုးမပင်စင်ကို မယူပဲ ကွယ်လွန်သူခင်ပွန်းသည်ရဲ့ ပါမောက္ခရာထူးကိုပဲ ယူတာဖြစ်လို့ ပြင်သစ်တက္ကသိုလ်ရဲ့ ပထမဆုံးအမျိုးသမီးပါမောက္ခ ဖြစ်လာပါတယ်။
သမီး (၂) ယောက် (၉နှစ် ၊ ၃နှစ်) ကျန်ခဲ့ပါတယ်။ ကလေးတွေကို အမိနိုင်ငံမမေ့စေဖို့ ပိုလန်စကား ပိုလန်စာ၊ ပိုလန်ယဉ်ကျေးမှုတွေကို သီးခြားဆရာနဲ့ သင်ကြားပေးခဲ့ပါတယ်။ အခွင့်ရရင်ရသလို ပိုလန်ကို အလည်အပတ်ခရီး  ခေါ်သွားတတ်ပါတယ်။
အဲဒီကာလက ပြင်သစ်မှာ နိုင်ငံခြားသားမုန်းတီးမှုစိတ်ဓာတ်များ ကြီးထွားလာနေမှုကြောင့် မဒမ်ကျူရီခမျာ  တခါတရံ အိမ်တောင်ပြန်မအိပ်ရဲဘဲ၊ မိတ်ဆွေအိမ်တွေမှာ ပုန်းအိပ်ရပါတယ်။ လုပ်ဖေါ်ကိုင်ဖက်တချို့ရဲ့ ဂျောက်တွန်းမှုအမျိုးမျိုး ၊ သွားပုပ်လေလွင့်ပြောဆိုမှုအမျိုးမျိုးကိုလည်း ခံရရှာပါတယ်။
၁၉၁၁ခုမှာ ဓာတုဗေဒပညာရပ်အတွက်နိုဗယ်လ်ဆုကို ထပ်မံရရှိပါတယ်။ ဓာတ်မှန်ရိုက်ရာမှာအသုံးပြုနိုင်တဲ့ ရေဒီယမ်ဓာတ်ကို သန့်စင်ခွဲထုတ်ပေးနိုင်မှုကြောင့်ပါ။
ဒါ့အပြင် ၁၉၁၄ခုနှစ်အကုန်ပိုင်းလောက်မှာ မဒမ်ကျူရီဟာ အဲဒီရေဒီယမ်ကိုအသုံးပြုပြီး ဓာတ်မှန်ရိုက်နိုင်တဲ့ နယ်လှည့်ကားများ (အစီး၂၀ကျော်)ကို တီထွင်ထုတ်လုပ်ပြီး၊ သူကိုယ်တိုင်ကားမောင်းကာ ရှေ့တန်းက ဒါဏ်ရာရ ပြင်သစ်စစ်သားသန်းချီပြီး အသက်ကယ်ခဲ့ပါတယ်။
သူမဟာ ပြင်သစ်နိုင်ငံအတွက် နယ်ပယ်အသီးသီးမှာ ဂုဏ်သိက္ခာအမျိုးမျိုးကို သယ်ဆောင်ပေးခဲ့ပေမဲ့ ပြင်သစ်အစိုးရက ဘာမှဖြစ်ဖြစ်မြောက်မြောက် ဂုဏ်ပြုမှုတွေ မရှိခဲ့ပါဘူး။ ပြင်သစ်အကယ်ဒမီသိပွံပညာရှင်အဖွဲ့ဝင်အဖြစ်လည်း အမျိုးသမီးဖြစ်လို့ ရမသွားရှာပါဘူး။ (၁၉၉၅ခုနှစ် ပြင်သစ်သမတ မစ်တရောင်ခေတ်ကျမှ ငါတို့ရဲ့သမိုင်းအမှားတွေကို ပြင်ရမယ် ဆိုပြီး ကျူရီဇနီးမောင်နှံ(၂)ဦးလုံးရဲ့ ဂူသင်းချိုင်းတွေကို ပြင်သစ် အာဇာနည်သင်္ချိုင်းမှာ ပြောင်းရွှေ့ မြှုပ်နှံ ပေးခဲ့တာပါ။)
သူမဟာ မိမိရဲ့တွေ့ရှိချက်များကို ကိုယ်ပိုင်အဖြစ် မှတ်ပုံတင်ဘို့ ငြင်းဆိုခဲ့ပေမဲ့ (သုတေသနဌာန ကောင်းကောင်းတခုသာပေးပါ လို့ဘဲ တောင်းဆိုထားတာပါ။) အဲဒီပစ္စည်းတွေကို နယ်ပယ်အသီးသီးမှာ သုံးနိုင်တဲ့ကုန်ပစ္စည်းများ ထုတ်လုပ်ဖို့ အမေရိကားမှာ စက်ရုံတွေပေါ်ထွက်လာပါတယ်။ ရေဒီယမ် ၁ ဂရမ်ကို ဒေါ်လာ (၁)သိန်းနဲ့ ရောင်းစားနေကြပါပြီ။ ဒါ့ကြောင့် အမေရိကန်က မိတ်ဆွေများကသူမကိုဖိတ်ပြီး ရန်ပုံငွေရှာပေးခဲ့ပါတယ်။ အဲဒီကရတဲ့ ရန်ပုံငွေနဲ့ သူမ သုတေသနလုပ်ဖို့ ရေဒီယမ်ကို ပြန်ဝယ်ပေးခဲ့ပါတယ်။ အမေရိကန်က သူမကို သမတကအစ သူရဲကောင်းကြီးအဖြစ် အုံးအုံးကြွက်ကြွက် ကြိုဆိုခဲ့ပါတယ်။ သူမဟာ အဲဒီလိုကျော်ကြားမှုတွေကို မကြိုက်လှပေမဲ့ သုတေသနလုပ်ငန်းများအတွက် အရင်းအမြစ်များရလို့ လုပ်ဆောင်ရပါတယ်။
၁၉၂၀ မှာ သူမရဲ့ဓာတ်ခွဲခန်းလက်ထောက်များဖြစ်တဲ့ သူမ သမီးအကြီးနဲ့ သမက်တို့ နိုဗလ်ဆု ရရှိပြန်ပါတယ်။ ကမ္ဘာကျော် နိုဗလ်ဆု (၅) ဆုရ ကျူရီများ လို့ပြောစမှတ် ပြုခံရပါတယ်။
အနုမြူဓာတ်အားကြွပစ္စည်းအမျိုးမျိုးကို အကာအကွယ်မဲ့ နှစ်ရှည်လများ ကိုင်တွယ်လုပ်ဆောင်လာခဲ့ရမှုများကြောင့်ရော၊ အလုပ်ပင်ပန်းမှုဒါဏ်ကြောင့်ရော သူမကျန်းမာရေးဟာ ယိုယွင်းလာပြီး သွေးကင်ဆာရောဂါတမျိုးနဲ့ ၁၉၃၄ခုနှစ် အသက် (၆၇) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ပြီးမှ သူမတို့ဇနီးမောင်နှံဟာ ပိုမိုကျော်ကြားလာပြီး လူသားများကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက် စွမ်းဆောင်ပေးခဲ့သော အာဇာနည်များအဖြစ် တကမ္ဘာလုံးကသတ်မှတ်ခြင်းကို ခံရပါတယ်။ ၁၉၆၀ - ၇၀ ခုနှစ်များမှာတော့ မဒမ်ကျူရီဟာ အမျိုးသမီးများလွတ်မြောက်ရေးလှုပ်ရှားမှုရဲ့တံဆိပ် သင်္ကေတဖြစ်လာပါတော့တယ်။
မဒမ်ကျူရီက ကမ္ဘာကြီးကို ဘာအမွေအနှစ်တွေ ပေးခဲ့သလဲ။
သူမရဲ့အခြေခံစိတ်ဟာ တိုင်းချစ်ပြည်ချစ်စိတ်ပါ။ ငါ ပညာတတ်ရင် တိုင်းပြည်ပြန်ပြီး စာသင်ပေးမယ် ... ဆိုတဲ့ စိတ်ဓာတ်ကစတင်ပြီး အလွန်ကြီးမားတဲ့ ဇွဲလုံ့လနဲ့ အခက်အခဲ အတားအဆီးဟူသမျှ ကျော်နင်းခဲ့ပါတယ်။ သိပွံပညာကို သင်ကြားရင်း လူသားတွေအတွက် အကျိုးရှိနိုင်ကြောင်း တွေ့ရှိလာတဲ့အခါမှာလည်း အဲဒီလမ်းကြောင်းကို မဆုတ်မနစ်လိုက်ခဲ့ပါတယ်။
သူမတို့ရဲ့တွေ့ရှိချက်များကြောင့် ဆေးလောက၊ ဓာတုဗေဒလောက၊ ရူပဗေဒလောကများအတွက်အလွန် အကျိုးရှိခဲ့ပေမဲ့ သူတို့ခမျာမှာတော့ ဘာမှအကျိုးကျးဇူးမှ ခံစားမသွားရရှာပါဘူး။ ဒါကိုဘဲနှောင်းလူတွေက ကြည်ညိုမဆုံး လေးစားမဆုံးဖြစ်နေတာပါ။ သူတို့ရေးခဲ့တဲ့ မှတ်တမ်းစာအုပ်များဟာ နောက်ပိုင်းသုတေသီများအတွက် အလွန်အဖိုးတန်ပေမဲ့ ရေဒီယိုဓာတ်ကြွ ရောင်ခြည်တွေရှိနေလို့ အကာအကွယ်မပါဘဲ မကိုင်တွယ်ရပါဘူး။ (သူတို့ ဘယ်လောက်အန္တရာယ်တွေကြီးခဲ့တယ် ဆိုတာ တွေ့နိုင်ပါတယ်) ဒါကြောင့်ဘဲ သိပွံပညာရှင်ကြီး အဲလ်ဘတ်အိမ်းစတိန်းက ကျော်ကြားမှုက မဖျက်ဆီးနိုင်သူလို့ သူမကို ခေါ်ဆိုခဲ့ပြီး၊ အမေရိကန်သမတ ဟာဒင်ကတော့ သူမကိုဂုဏ်ပြုတဲ့ပွဲမှာ အကျော်ကြားဆုံး သိပွံပညာရှင်၊ မြင့်မြတ်သောအမျိုးသမီး၊ ကိုယ်ကျိုးစွန့်ဇနီးသည်၊ အကြင်နာကြီးသောမိခင်လို့ ခေါ်ဝေါ်ခဲ့ပါတယ်။
မဒမ်ကျူရီဟာ ကမ္ဘာလူသားတွေအတွက် အထူးသဖြင့် အမျိုးသမီးထုကြီးအတွက် လေးစားဖွယ်၊ အတုယူ အားကျဖွယ်သူရဲကောင်းကြီးအဖြစ် ထာဝစဉ် တည်ရှိနေပါလိမ့်မယ်။
မဒမ်ကျူရီစိတ်ဓာတ် ထာဝစဉ် အဓွန့်ရှည်ပါစေ။
လှကျော်ဇော
၈ - ၃ - ၂၀၁၇
ကမ္ဘာအမျိုးသမီးနေ့အတွက်နဲ့ ဆရာမကြီးဒေါ်ငွေ ကွယ်လွန်ခြင်း (၃)နှစ် မြောက်နေ့အတွက် အမှတ်တရ
ဆောင်းပါးရေးသားသူနှင့် စာအုပ်ရေးသားသူအား အထူးလေးစားလျှက်ပါ။
CREDIT :
 တင့္တယ္ - ေရာမကိုအာခံသူ (Spartacus) တင့်တယ် - ရောမကိုအာခံသူ (Spartacus)
မင်္ဂလာပါ စာချစ်သူတို့ရေ…
ဒီတစ်ခါတော့ ဘာသာပြန်ဝတ္ထုလေးပါ။
တင့်တယ်ရဲ့ ရောမကို အာခံသူ ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
“အဖိနှိပ်ခံ ထောင်ပေါင်းများစွာသော ငွေဝယ်ကျွန်များ၏ ဘဝ၊
သူတို့၏ စရိုက် နှင့် လွတ်မြောက်ရေးအတွက် သူတို့၏
ကြိုးပမ်းရုန်းကန်တိုက်ပွဲဝင်မှုများကို သွေးကြွဖွယ်၊ ရင်နင့်ဖွယ်
အသေးစိတ် မှတ်တမ်းတင်ထားသော ဂန္တဝင်မြောက် ဝတ္ထုကြီး….
အာဏာနှင့် စည်းစိမ်၌ အလွန်အကျူး မူးယစ်နေကြသော
ရောမမြေရှင်၊ ကြေးရှင်၊ အာဏာရှင်များ၏
မတရားသော၊ လူမဆန်သော စေခိုင်းမှု၊ ချုပ်ချယ်မှု၊
ညှင်းပန်းမှုများကို သည်းမခံနိုင်လွန်းသည့်အတွက်
ရရာလက်နက် စွဲကိုင်ကာ ရောမကို အာခံပုန်ကန်သော
အဖြစ်အပျက်ကြီး”
မြစ်ကြီးနားမြို့တွင် ၀ယ်ယူနိုင်ပါပြီ။
စာအုပ်အမည် - ရောမကိုအာခံသူ
စာရေးသူ - တင့်တယ်(မြန်မာပြန်)
credit : 
တက်တိုး - အေဗရာဟယ်လင်ကွန်း (တက္တိုး - ေအဗရာဟယ္လင္ကြန္း)
တက်တိုး - အေဗရာဟယ်လင်ကွန်း (တက္တိုး - အေဗရာဟယ်လင်ကွန်း)
ကိုယ့်စိတ်ကို ဘယ်သူ့ကြောင့်မှ အထိခိုက်မခံပါနဲ့
လင်ကွန်းဟာ သမ္မတအဖြစ် ရွေးချယ်ခံရပြီး သမ္မတအဖြစ် ပထမဦးဆုံး ကျမ်းသစ္စာ ကျိန်ဆိုမဲ့ စင်မြင့်ပေါ်ကို တက်လာတယ်။
စင်မြင့်ပတ်ပတ်လည်မှာ အရာရှိအရာခံတွေ ဝန်ကြီးတွေ လူကြီးလူကောင်းတွေ အကုန်နေရာယူပြီး သမ္မတအသစ်ကို စောင့်မျှော်နေတဲ့ အချိန်ဖြစ်တယ်။
လင်ကွန်း စင်မြင့်ထက်မှာ နေရာယူပြီးတာနဲ့ ရှေ့ဆုံးတန်းက ချမ်းသာတဲ့ အရာရှိကြီး တစ်ယောက်ကထပြီး လင်ကွန်းခင်ဗျား "ခင်ဗျားရဲ့ ဖခင်ဟာ ကျနော့်တို့ မိသားစုအတွက် ဖိနပ်ချုပ်ခဲ့တာ မှတ်မိပါသလား ခင်ဗျား" လို့
အသံကျယ်ကျယ်နဲ့ မေးလိုက်တယ်။
ဒါကိုကြားတဲ့ အရာရှိကြီးတွေ အကုန်လုံးက ဝိုင်းရယ်ကြတာပေါ့။
အမှန်သူက လင်ကွန်းကို သက်သက်အရှက်ခွဲလိုက်တာ။ နှိမ်လိုက်တာ။ ကျန်တဲ့ လင်ကွန်းကို မနာလို ဖြစ်နေတဲ့ အရာရှိတွေအကုန်လုံးကလည်း သမ္မတသစ်ကို နှိမ်လိုက်နိုင်ပြီလို့ ဝမ်းမြောက်နေကြတာပေါ့။
ဒါပေမဲ့ လင်ကွန်း ပြန်ဖြေတဲ့ စကားကြောင့် သူတို့တွေ အကုန်အံ့အား သင့်ခဲ့ရတယ်။
လင်ကွန်းက " ဟာ... ကျနော်ကောင်းကောင်း မှတ်မိတာပေါ့။ကျနော့်ဖခင်က ခင်ဗျားတို့ မိသားစုသာမက ဒီပွဲ လာတက်တဲ့ လူတွေ အများကြီးရဲ့ ဖိနပ်ကို ချုပ်ပေးခဲ့တာပေါ့။
အဲဒီလို ချုပ်ပေးလို့ ခင်ဗျားမိဘတွေက ကျနော့် ဖခင်ချုပ်ပေးတာ မကြိုက်လို့ ဝေဖန်ပြစ်တင်တဲ့ အသံကြားခဲ့ဖူးလား။
အဲဒီလိုပဲ ကျန်တဲ့ ဘယ်သူမှ ကျနော့်ဖခင် ချုပ်ပေးတဲ့ ဖိနပ်ကို မကြိုက်လို့ ဝေဖန် ပြစ်တင်ခဲ့တာ မရှိခဲ့ဘူး။
ကျနော့်ဖခင် ချုပ်ပေးတဲ့ ဖိနပ်တွေက သိပ်သပ်ရပ်ပြီး အကြာကြီးခံတာ။
သူချုပ်ပေးတဲ့ ဖိနပ်တိုင်းကို လူတိုင်းက သိပ်ကြိုက်ကြတယ်။
တကယ်တော့ ကျနော့်ဖခင်က ဖိနပ်ချုပ်တဲ့ အလုပ်မှာ ပါရမီရှင်ပါပဲ။
ကျနော်ကတော့ ကျနော့် ဖခင်အတွက် အရမ်း ဂုဏ်ယူတယ်လို့ ပြန်ပြောလိုက်တယ်..."
လင်ကွန်းကို အရှက်ခွဲဖို့ကြိုးစားတဲ့ ချမ်းသာတဲ့ အရာရှိကြီးရော သူ့ကို ဝိုင်းလှောင်တဲ့ အရာရှိကြီးတွေ အကုန်လုံး ပါးစပ် အဟောင်းသား ဖြစ်သွားတာပေါ့။
အမှန်က ဖိနပ်ချုပ်သမားဆိုပြီး ကဲ့ရဲ့ အရှက်ခွဲဖို့ ကြိုးစားတာ မအောင်မြင်ပဲ သူက သူ့အဖေအတွက်တောင် ဂုဏ်ယူ နေသေးသတဲ့။
သတိရဖို့က မင်းကို မင်းကလွဲလို့ ဘယ်သူမှ နာကျင်အောင်လုပ်လို့ မရပါဘူး။
ဒါကြောင့် ဒီလိုဝေဖန်ပြစ်တင်မှုတွေ ကြုံတဲ့အခါက ကိုယ်က ဘယ်လိုတုန့်ပြန်လဲ ဆိုတာက အရေးကြီးတာပါ။
ကိုယ့်အလုပ်သာ အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင်လုပ်ပါ..။
ဝေဖန်မှုတွေ အတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ မဆုံးရှုံးပါစေနဲ့။ ကိုယ့်စိတ်ဓါတ်တွေ မထိခိုက် မနာကျင်ပါစေနဲ့။
ခရစ်ဒစ်_ မူရင်းရေးသားသူ။
CREDIT:
ဒေါင်းယူပါ။
ကမ္ဘာကျော် သူလျှိုမယ်မာတာဟာရီ - တက်တိုး
စာအုပ်အမည်=ကမ္ဘာကျော် သူလျှိုမယ်မာတာဟာရီ
ရေးသားသူ= တက်တိုး
ဒေးလ်ကာနက်ဂျီ၏ ၅မိနစ် အတ္ထုပ္ပတ္တိများ (ညီညီနိုင်)
ဒေးလ်ကာနက်ဂျီ၏ ၅မိနစ် အတ္ထုပ္ပတ္တိများ (ညီညီနိုင်)
ညီညီနိုင် -​ ဒေးလ်ကာနက်ဂျီ၏၅ မိနစ် အတ္ထုပ္ပတ္တိများ
လီကွမ်ယု - နားဝင်ချိုသောစကားများ (ဇင်သော်ဝ)
  • လီကွမ်ယု - နားဝင်ချိုသောစကားများ (ဇင်သော်ဝ)
      နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာ နောင်မွေးဖွားလာမယ့် တိုင်းပြည်ရဲ့  မျိုးဆက်သစ်တွေအတွက်လည်း စနစ်တကျစဉ်းစားတွေးခေါ်ပေးတတ်တဲ့သူမျိုး
    ယခု ဗွီဒီယိုဖိုင်လေးထဲမှာ မစ္စတာလီကွမ်ယုမှ PhD လေ့လာနေတဲ့ ကျောင်းသူလေးတစ်ယောက်ကို အမေးအဖြေတစ်ချို့ လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အွန်လိုင်းမှာ ရယ်ရွှင်စရာအနေဖြင့် ပျံ့ နှံ့နေတာတော့ ပြီးခဲ့တဲ့ အပတ်ကတည်းကပါ။ လီကွမ်ယု မေးတဲ့ မေးခွန်းတွေဟာ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေအတွက်တော့ တဟားဟားနဲ့ ပွဲကျစရာ ဖြစ်နေခဲ့ပါတယ်။ သူမေးခဲ့တဲ့ မေးခွန်းလေးတွေက ရိုးရှင်းပြီး ရယ်ရွှင်စရာဖြစ်ခဲ့ပေမယ့် နှစ်နှစ်ကာကာ မှတ်သားစရာလေးတွေ ပါဝင်တယ်ဆိုတာ ငြင်းပယ်လို့ မရပါဘူး။
    ကျောင်းသူလေးကို အသက် ဘယ်လောက်ရှိပြီလဲလို့ သူကမေးတယ်။ ကျောင်းသူလေးကလဲ အသက် ၂၇ နှစ်ပါလို့ဖြေတယ်။ PhD လုပ်နေတာလားလို့ သူက ထပ်မေးတယ်။ ကျောင်းသူလေးကလဲ ဟုတ်ပါတယ်လို့ဖြေတယ်။
    ကျောင်းသူလေးကို အိမ်ထောင်ရှိလားလို့ ရုတ်တရက် ကောက်မေးလိုက်တယ်။ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေ တဟားဟားပွဲကျသွားတယ်။ ကျောင်းသူလေးက အိမ်ထောင်မရှိပါဘူးလို့ ဖြေပြန်တယ်။ PhD ဘယ်တော့ ပြီးမှာလဲလို့ သူက ထပ်မေးတယ်။ နောက်ထပ် နှစ်နှစ်လောက်ဆို ပြီးပါပြီလို့ ကျောင်းသူလေးကဖြေတယ်။ ဒါဆို PhD ပြီးမယ့်အချိန်ဆို အသက် ၂၉ နှစ်ရှိနေပြီ မင်းမှာ ချစ်သူရော ရှိနေပြီလားလို့ ထပ်မေးတယ်။ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်ကလဲ တဟားဟားပါပဲ။ ချစ်သူလဲ မရှိသေးပါဘူးလို့ သူမကဖြေတယ်။ အဲဒီနောက်မှာတော့ မစ္စတာလီကွမ်ယုက သေချာတွက်ချက်ပြီး ကျောင်းသူလေးကို ရှင်းပြလိုက်ပါတယ်။ အိမ်ထောင်ကျ ကလေးရမယ့်အရွယ်ဆို အသက် ၃၅ နှစ်ဝန်းကျင်တော့ ရှိနေပြီဆိုတဲ့အကြောင်း၊ အသက် ၃၅ နှစ်နဲ့အထက် မိခင်တွေက မွေးဖွားတဲ့ ကလေးတွေဟာ Down Syndrome လို့ခေါ်တဲ့ ဥာဏ်ရည်နိမ့်ပါးတဲ့ ကလေးတွေ ဖြစ်ဖို့ ရာခိုင်နှုန်းမြင့်မားကြောင်း၊ အဲဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းဖို့နဲ့ အဲဒါဟာ PhD ထက်ပိုအရေးပါကြောင်း၊ ချစ်သူမြန်မြန်ရပြီး PhD လဲရသွားပါစေလို့ သူ့အနေဖြင့် ဆန္ဒပြုပါကြောင်း ပြောကြားသွားခဲ့ပါတယ်။
    စလုံးမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ သူတို့တွေ အချိန်လွန်မှ အိမ်ထောင်ပြုနေကြတာကို မှတ်သားဖွယ်ရာအဖြစ် ရယ်ရွှင်စရာ ဟာသနှောပြီး ပြောကြားသွားခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်
  •  
  •  CREDIT:
  • ဒေါင်းယူပါ။
  • BOOK Download
  •  
  • BOOK Download
  •  
ကိုယ်တိုင်သိရှိသွားမှု (ဇဏ်ခီရဲ့ ပထမဆုံး စာအုပ်)
 ဇက်ခီ-ကိုယ်တိုင်သိရှိသွားမှု
#ဇဏ်ခီလို့ ပြောလိုက်ရင် သရုပ်ဆောင်ကောင်းသူ
သီချင်းဆိုရာမှာတော်သူ ရုပ်ရှင်နဲ့ဂီတမှာ ထူးချွန်သူ
ဇနီးနှင့်မိသားစု ချစ်မြတ်နိုးသူအဖြစ် ပြေးမြင်ကြရပါတယ်...
ဒါတွေအပြင် ဇဏ်ခီမှာ ထူးခြားတဲ့ အရည်အချင်း
တစ်ခုလည်း ရှိပါသေးတယ်။
အဲဒါ စာရေးကောင်းခြင်းပဲ ဖြစ်ပါတယ်.....
အတွေးအေးအေးလေးနဲ့အတူ သူအယူအဆ ယုံကြည်
ရာကို အစွန်းတဖက် မရောက်စေဘဲ နည်းလမ်းတကျ
မျှတမှန်ကန်တဲ့ အယူအဆ။ တခြားသူတွေ တွေးတော
ဆင်ခြင် လက်ခံနိုင်အောင် ထက်မြက်တဲ့ အတွေးအခေါ်၊
ထူးခြားတဲ့ ရေးဟန်လေးတွေ ရှိသူပါ။ စာစုလေးတွေက
တိုချင် တိုမယ်။ ဒါပေမဲ့ ဆက်တွေးစရာက တသီကြီး
ကျန်နေခဲ့စေပါတယ်......
ဒါဟာ ဇဏ်ခီရဲ့ များစွာသော အရည်အချင်းတွေထဲက
တစ်ခုပါပဲ။ I Love Buddha Page နဲ့ Facebookပေါ်မှာ
အလျင်းသင့်သလို ရေးသားမျှဝေခဲ့တဲ့ အက်ဆေး ၁၉ပုဒ်ကို
ဆရာနေမျိုးဆေးရဲ့ သရုပ်ဖော်ပုံလေးတွေနဲ့အတူ
#ကိုယ်တိုင်သိရှိသွားမှု ဆိုပြီ စုစည်းထားတဲ့ စာအုပ်ပါ...
စာအုပ်အနေနဲ့ ၁.၉.၂၀၁၉ မှာ ထွက်ရှိမှာဖြစ်ပြီး
ဦးဦးဖျားဖျား နိုးနိုးကြားကြားမှာယူထားကြဖို့ သတင်း
စာလွှာ ပါးပါရစေ....
 CREDIT :
ဆန်းလွင် - အဲလ်ဘတ်အိုင်းစတိုင်း
သိပ္ပံပညာရှင် အိုင်းစတိုင်း
ဆန်းလွင် - အိုင်းစတိုင်း 
အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အဆိုအမိန့်အချို့
Anger dwells only in the bosom of fools.
ဒေါသဟာ ရူးမိုက်သူတွေရဲ့ ရင်ခွင်မှာပဲ နေထိုင်တယ်။
Two things are infinite: the universe and human stupidity; and I'm not sure about the universe.
အကန့်အသတ်မဲ့တာ နှစ်ခုရှိတယ် စကြ၀ဠာ နဲ့ လူသားရဲ့ မိုက်မဲမှု။ စကြ၀ဠာအကြောင်းတော့ ဂဃနဏ မသိဘူး။
A question that sometimes drives me hazy: am I or are the others crazy?
“ငါကပဲ ကြောင်သလား သူများတွေကပဲ ကြောင်သလား”ဆိုတဲ့ မေးခွန်းဟာ တစ်ခါတစ်ခါ ငါ့ကိုေ၀၀ါးစေတယ်။
A man should look for what is, and not for what he thinks should be.
လူဟာ အရှိတရားကို ရှာဖွေသင့်တယ်။ သူ မျှော်တွေးထားတာကို မရှာဖွေသင့်ဘူး။
Weakness of attitude becomes weakness of character.
ခံယူချက် ပျော့ညံ့မှုကနေ ကိုယ်ကျင့်တရား လျော့ရဲမှု ဖြစ်လာတယ်။
You have to learn the rules of the game. And then you have to play better than anyone else.
ကစားနည်းတွေ လေ့လာရမယ်။ ပြီးတော့ တစ်ခြားသူတွေ အားလုံးထက်သာအောင် ကစားရမယ်။
Intellectual growth should commence at birth and cease only at death.
အသိဥာဏ် ဖွံ့ဖြိုးမှုဟာ မွေးမွေးချင်း စတင်ပြီး သေမှပဲ ဆုံးသင့်တယ်။
Any man who reads too much and uses his own brain too little falls into lazy habits of thinking.
စာတွေ အများကြီးဖတ်ပြီး ဦးနှောက်နည်းနည်းပဲ သုံးတဲ့သူဟာ ပျင်းပျင်းရှိတိုင်း လျှောက်တွေးနေတတ်တယ်။
Education is what remains after one has forgotten what one has learned in school.
ကျောင်းမှာ သင်ခဲ့တာတွေ မေ့သွားတဲ့နောက် ကျန်ခဲ့တာဟာ သင်ယူရရှိလိုက်တဲ့ ပညာပဲ။
Information is not knowledge.
သတင်းအချက်အလက်ဟာ ဗဟုသုတ မဟုတ်ဘူး။
If you can't explain it simply, you don't understand it well enough.
ရိုးရိုးလေး ရှင်းမပြနိုင်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်က တကယ်နားမလည်လို့ပဲ။
A person who never made a mistake never tried anything new.
တစ်ခါမှ မမှားဖူးတဲ့သူဟာ ဘာအသစ်တစ်ခုကိုမှ စမ်းမကြည့်ဖူးတဲ့သူ။
Try not to become a man of success, but rather try to become a man of value.
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ တန်ဖိုးရှိသူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
I never think of the future - it comes soon enough.
အချိန်မီ ဆိုက်ရောက်လာမယ့် အနာဂတ်အကြောင်း မစဉ်းစားဘူး။
A table, a chair, a bowl of fruit and a violin; what else does a man need to be happy?
စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ သစ်သီးတစ်ပန်းကန် နဲ့ တစ်ယောတစ်လက်။ လူတစ်ယောက် ပျော်ရွှင်ဖို့ တစ်ခြားဘာတွေ လိုသေးလဲ။
ကိုးကား
  1. သန်းမင်းထွဋ်(မင်္ဂလာမောင်မယ် ၂၀၀၆-ခု ဒီဇင်္ဘာလ)
  2. အင်တာနက်ပေါ်မှ အချက်အလက်များ 
CREDIT :
  1. BOOK Download 
  2.  BOOK Download
 ဆန်းလွင် - ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ
" ကိုယ့်ဘဝတိုးတက်စေဖို့ စာဖတ်ကြစို့"
" ကိုယ့်ဘဝတိုးတက်စေဖို့ စာဖတ်ကြစို့"
စာအုပ်စာပေများကို လေ့လာချင်သူများအတွက်
ကျွန်တော့် Blogger မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။
မိမိ ဖတ်ချင်သော စာအုပ်များကိုလည်း Comment မှာလည်း ရေးသား အကြံပေးလို့ ရလိုပါကြောင်း။
စာရေးဆရာများအား အထူးလေးစားပါကြောင်း......။
  • Google Play
  • Book Download
  • ခ်စ္စံဝင္း_တီထြင္မႈေမွာ္ဝိဇၨာႀကီး အယ္လ္ဒီဆင္ (ချစ်စံဝင်း_တီထွင်မှုမှော်ဝိဇ္ဇာကြီး အယ်လ်ဒီဆင္)
  •  Book Download
  •  Book Download
  • ငါ့အတြက္ငါရွိတယ္  (ငါ့အတွက်ငါရှိတယ်)
  •  Book Download
  •  Book Download
"ကိုယ့်ဘဝတိုးတက်စေဖို့ စာဖတ်ကြစို့"
" ကိုယ့်ဘဝတိုးတက်စေဖို့ စာဖတ်ကြစို့"
စာအုပ်စာပေများကို လေ့လာချင်သူများအတွက်
ကျွန်တော့် Blogger မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။
မိမိ ဖတ်ချင်သော စာအုပ်များကိုလည်း Comment မှာလည်း ရေးသား အကြံပေးလို့ ရလိုပါကြောင်း။
စာရေးဆရာများအား အထူးလေးစားပါကြောင်း......။
  • Google Play
  • ကျော်ထက်ထွန်း - နာဇီသူလျှိုကျော် ဗိုလျခြုပ်ကြီးနားရစ် (
    ကျော်ထက်ထွန်း - နာဇီသူလျှိုကျော် ဗိုလ်ချုပ်ကြီးနားရစ်)
  • Book Download
  • ကျော်လှိုင်ဦး - ဦးလေးတွမ် (ေက်ာ္လႈိင္ဦး - ဦးေလးတြမ္)
  •  Book Download
  • ကျော်သက်ဟန် - အမေရိကန်သမ္မတ (ေက်ာ္သက္ဟန္ - အေမရိကန္သမၼတ)
  •  Book Download
  •  Book Download
  • ခင်စောတင့်_တက္ကစီဒရိုင်ဘာတစ်ဦး၏ နေ့စဉ် မှတ်တမ်း
    (ခင်စောတင့်_တက္ကစီဒရိုင်ဘာတစ်ဦး၏ နေ့စဉ် မွတ္တမ်း)
  •  Book Download
Comments system
Flag Counter