ဗိုလ်ချုပ်ကြီးစောလားပွယ် (DKBA) ကွယ်လွန်သွားခြင်းအပေါ် ၀မ်းနည်းကြေကွဲခြင်းသ၀ဏ်လွှာ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေ့စွဲ - ၁၄၊ ၃၊ ၂၀၁၆ သ၀ဏ်လွှာအမှတ် - ၂ / ၂၀၁၆
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီးစောလားပွယ်သည် (၁၃-၃-၂၀၁၆)ရက်နေ့၊ (၁၃း၁၅) နာရီတွင်
ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် DKBA ရဲဘော် အပေါင်းနှင့်တကွ
ဗိုလ်ချုပ်ကြီးစောလားပွယ်၏ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ
ဝမ်းနည်းကြေကွဲရပါသည်။
(၂၀၀၈) ဖွဲ့စည်းပုံနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ်အဖြစ် (နိုင်ငံရေးအရ) အဆင့် လျော့ချရေးကို လက်မခံဘဲ ပထမဆုံးတော်လှန်ဆန့်ကျင်ခဲ့သည့် ဗိုလ်ချုပ်ကြီးစောလားပွယ် (DKBA) ကွယ်လွန်ခြင်းအပေါ် မိမိတို့ ရခိုင်ပြည်တပ်မတော် (Arakan Army / ANC) မှ အထူးနှမြောတသ ၀မ်းနည်းမိပါကြောင်း ဤသ၀ဏ်လွှာဖြင့် ဖော်ပြအပ်ပါသည်။
ဗိုလ်ချုပ်ကြီးစောလားပွယ် ကောင်းရာသုဂတိ လားပါစေ။
ဗဟိုစစ်ဦးစီးအဖွဲ့
ဗဟိုစစ်ဌာနချုပ်ရုံး
အရှေ့ဖက်စစ်ဒေသ
ရခိုင်ပြည်တပ်မတော် (Arakan Army)

EmoticonEmoticon