ရခိုင်ပြည် နယ်နမိတ်နှင့်ပတ်သက်၍ ရခိုင်ပြည်တပ်မတော်၏ သဘောထားအမြင်



ရခိုင်ပြည် နယ်နမိတ်နှင့်ပတ်သက်၍ ရခိုင်ပြည်တပ်မတော်၏ သဘောထားအမြင်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရခိုင်ပြည် နယ်နမိတ်နှင့်ပတ်သက်သည့် ရခိုင်ပြည်တပ်မတော်၏ သဘောထားအမြင်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ရခိုင်ပြည် နယ်နမိတ်မှာ မူအရ နောက်ဆုံး ရခိုင့်အချုပ်အခြာအာဏာ မဆုံးရှုံးမီ (၁၇၈၄)ကာလက အတိုင်းဖြစ်သည်။
၂။ ခေတ်အခြေအနေအရ အပြောင်းအလဲရှိနိုင်သော်လည်း အောက်ပါတို့သည် ရခိုင်ပြည် နယ်နမိတ်အဖြစ် သတ်မှတ်ရာတွင် အခြေခံရမည့်အချက်များဖြစ်သည်။
က။ ရခိုင်ပြည်အဖြစ် အစောဆုံး ထုတ်ဖော်ကြေငြာ၍ တရားဝင်နေထိုင်ခဲ့သည့်နယ်မြေဖြစ်ခြင်း
ခ။ ခေတ်အဆက်ဆက် ရခိုင်ပြည် နယ်နမိတ်အဖြစ် သတ်မှတ်ရာတွင်လည်း ပါဝင်ခဲ့ခြင်း
ဂ။ အဆိုပါ နယ်နမိတ်သည် ရခိုင်ပြည်သူလူထု၏ သဘောထားဖြင့်မဟုတ်ဘဲ လူမျိုးခြားအုပ်စိုးသူ အာဏာရှင်တို့၏ သဘောထားဖြင့် ပိုင်းခြားခြင်းခံလိုက်ရသည့်အတွက် ရခိုင်ပြည်သူလူထုမှ ပြန်လည်ရယူလိုစိတ်ရှိခြင်း
ဃ။ ပထ၀ီရေကြော မြေကြောအရလည်း အခြားတိုင်းရင်းသားတို့၏ နယ်မြေများထက် ရခိုင်ပြည်နှင့်ပို၍ တဆက်စပ်တည်းဖြစ်ခြင်း




EmoticonEmoticon

Comments system

Flag Counter