ထီလာစိုးမြင့်ထယ် - ဆူဟာတို (စာအုပ်ကမ္ဘာ)
ဆူဟာတို (Suharto) ကို ၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇
ရက်နေ့တွင်မွေးဖွားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စစ်ရေးနှင့်
နိုင်ငံရေးခေါင်းဆောင် တစ်ဦးအနေဖြင့်ထင်ရှားသည်။ သူသည်
အင်ဒိုနီးရှားအမျိုးသားတော်လှန်ရေးတပ်မတော်တွင်
စစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန် ထမ်းဆောင်ခဲ့သော်လည်း
အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယမြောက် သမ္မတတစ်ဦးအနေဖြင့်သာ လူသိများခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသမ္မတတစ်ဦး အနေဖြင့် ၁၉၆၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ
နှစ်ပေါင်း ၃၀ ကျော်ကြာအုပ်ချုပ်သွားသောကြောင့်
သက်တန်းရှည်သမ္မတတစ်ဦးအနေဖြင့်လည်း လူသိများသည်။
အင်ဒိုနီးရှားနိုင်ငံ၏ပထမဦးဆုံးသမ္မတသည် ဆူကာနို (Sukarno) ဖြစ်သည်။
ဆူဟာတိုသည် ဆူကာနိုထံမှ အာဏာကို တပ်အင်အား၊ နိုင်ငံရေးလှည့်ကွက်များဖြင့်
သိမ်းယူလိုက်ခြင်းဖြစ်သည်ဟုဆိုကြသည်။ ဆူဟာတိုသည် နိုင်ငံတော်ကို နှစ်ပေါင်း
၃၀ ကျော်ကြာ အုပ်ချုပ်သည့် ကာလအတွင်း အစိုးရစနစ်အသစ်တစ်ခုကို
တီထွင်အုပ်ချုပ်သွားခဲ့သည်။ ထိုစနစ်ကို New Order (Orde Baru) ဟုခေါ်သည်။
New Order ဆိုသည်မှာ စစ်တပ်ဗဟိုပြုအစိုးရစနစ်မျိုးဖြစ်ပြီး
စစ်အေးခေတ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်ရေးနှင့် ကွန်မြူနစ်ရန်ကာကွယ်ရေး၊
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမေရိကန်နိုင်ငံအပါအဝင်
အနောက်နိုင်ငံများနှင့် သံတမန်ရေးအရ အဆင်ပြေစွာဆက်ဆံပြီး
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကိုဆောင်ရွက်သည့်စနစ်မျိုးဖြစ်သည်။ ဆူဟာတို
အုပ်ချုပ်သည့် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏
စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။
သူအုပ်ချုပ်သည့်ကာလအတွင်း နိုင်ငံရေးအရ အင်ဒိုနီးရှားကွန်မြူနစ်များနှင့်
တရုတ်-အင်ဒို အနွယ်ပေါင်းများစွာကို သုတ်သင်ဖယ်ရှားခဲ့ရသည်ဟုလည်းဆိုသည်။
ကွန်မြူနစ်ပါတီကို တရားမဝင်ပါတီအဖြစ်ကြေညာခဲ့ပြီး အမြစ်ဖြုတ် ခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံကို သူအုပ်ချုပ်နေစဉ်ကာလအတွင်း ၁၉၇၅ ခုနှစ်တွင်
အရှေ့တီမောနိုင်ငံအတွင်းဝင်ရောက်ကာ ဆူပူမှုများ ကိုနှိမ်နင်း ခဲ့သဖြင့်
လူပေါင်း ၂ သိန်းကျော်သေဆုံးခဲ့ရသောကြောင့် နာမည်ပျက်ခဲ့ရသည်။
၁၉၉၀ ပြည့်နှစ်တွင် အုပ်ချုပ်ရေးအသစ် New Order
၏အုပ်ချုပ်ရေးအဖွဲ့ဝင်များ အကျင့်ပျက်ခြစားမှုများဖြစ်လာသဖြင့် ပြည်သူတို့
မကျေမနပ်ဖြစ်ခဲ့ကြရသည်။ ဆူဟာတိုနှင့်သူ့မိသားစုတို့သည် ဒေါ်လာ ၃၅ ဘီလီယံကို
မိသားစုပိုင်အဖြစ် လွှဲပြောင်းချမ်းသာလာမှုနှင့်ပတ်သက်ပြီး
အတော်လေးအငြင်းပွားစရာဖြစ်လာခဲ့သည်။ ထိုငွေပမာဏသည် တိုင်းပြည် GDP ၏ ၄
ရာခိုင်နှုန်းဖြစ်သည်။ ထိုငွေအလွဲသုံးစားမှုနှင့်ပတ် သက်ပြီး အစစ်ဆေးခံရန်
အမျိုးမျိုးငြင်းပယ်ခဲ့ပြီး တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊
လူမှုရေးကျဆင်းနေမှုကိုမျက်ကွယ်ပြုကာ နိုင်ငံရေးမှ
အနားယူသွားခဲ့သူလည်းဖြစ်သည်။
ပြည်တွင်းရေးမငြိမ်သက်မှုများဖြစ်ပေါ်ခဲ့သည့် ၁၉၉၀
ပြည့်နှစ်နှောင်းပိုင်းနှင့် သမ္မတရာထူးမှဆင်းပေးလိုက်ရသည့် ၁၉၉၈ ခုနှစ်
မေလအထိ နိုင်ငံအတွင်း ဆူပူအုံကြွမှုများ၊ ဆန္ဒပြမှုများ
မရပ်မနားပေါ်ပေါက်ခဲ့သည်။ သမ္မတရာထူးမှ ဆင်းပေးလိုက်ရပြီးနောက် ဆူဟာတိုသည်
လူသူဝေးရာ အရပ်တွင် သွားရောက်နေထိုင်ခဲ့သည်။ လာဘ်စားမှု၊
လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် တရားစွဲရန်ပြင်ဆင်တိုင်း
ကျန်းမာရေးအကြောင်းပြကာ အမျိုးမျိုးရှောင်လွှဲခဲ့သည်။ Ammesty
International အဖွဲ့ကြီး၏ထုတ်ပြန်ချက်အရ
ကမ္ဘာ့အကျင့်ပျက်ခြစားသူများစာရင်း၌ ထိပ်ဆုံးတွင် ရှိနေသူ ဖြစ်သည်။
ဂျာဗားနွယ်များကဲ့သို့ ဆူဟာတိုသည် နာမည်တစ်မျိုးတည်းရှိသူဖြစ်သည်။
ဘာသာရေးအရ ဟာဂျီမိုဟာမက်ဆူဟာတို ဟူ၍ခေါ်ကြသည် မှလွဲပြီး အခြားအမည်မရှိပေ။
အင်္ဂလိပ်စာလုံးပေါင်း Suharto ဆိုပြီး ၁၉၄၇ ခုနှစ်လောက်ကတည်းက
သုံးစွဲလာကြသည်။ သို့သော်ယခင်က စာလုံးပေါင်း Soeharto ကို
နောက်ပိုင်းတွင်သုံးစွဲမှုနည်းသည်။
-----------------------------------------------
ထီလာစိုးျမင့္ထယ္ - ဆူဟာတို (စာအုပ္ကမာၻ)
ဆူဟာတို (Suharto) ကို ၁၉၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၂၇ ရက္ေန႔တြင္ေမြးဖြားသည္။ အင္ဒိုနီးရွားႏိုင္ငံ၏ စစ္ေရးႏွင့္ ႏိုင္ငံေရးေခါင္းေဆာင္ တစ္ဦးအေနျဖင့္ထင္ရွားသည္။ သူသည္ အင္ဒိုနီးရွားအမ်ိဳးသားေတာ္လွန္ေရးတပ္မေတာ္တြင္ စစ္ေခါင္းေဆာင္တစ္ဦးအေနျဖင့္ တာဝန္ ထမ္းေဆာင္ခဲ့ေသာ္လည္း အင္ဒိုနီးရွားႏိုင္ငံ၏ ဒုတိယေျမာက္ သမၼတတစ္ဦးအေနျဖင့္သာ လူသိမ်ားခဲ့သည္။ အင္ဒိုနီးရွားႏိုင္ငံသမၼတတစ္ဦး အေနျဖင့္ ၁၉၆၇ ခုႏွစ္မွ ၁၉၉၈ ခုႏွစ္အထိ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာအုပ္ခ်ဳပ္သြားေသာေၾကာင့္ သက္တန္းရွည္သမၼတတစ္ဦးအေနျဖင့္လည္း လူသိမ်ားသည္။
အင္ဒိုနီးရွားႏိုင္ငံ၏ပထမဦးဆုံးသမၼတသည္ ဆူကာႏို (Sukarno) ျဖစ္သည္။ ဆူဟာတိုသည္ ဆူကာႏိုထံမွ အာဏာကို တပ္အင္အား၊ ႏိုင္ငံေရးလွည့္ကြက္မ်ားျဖင့္ သိမ္းယူလိုက္ျခင္းျဖစ္သည္ဟုဆိုၾကသည္။ ဆူဟာတိုသည္ ႏိုင္ငံေတာ္ကို ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ အုပ္ခ်ဳပ္သည့္ ကာလအတြင္း အစိုးရစနစ္အသစ္တစ္ခုကို တီထြင္အုပ္ခ်ဳပ္သြားခဲ့သည္။ ထိုစနစ္ကို New Order (Orde Baru) ဟုေခၚသည္။ New Order ဆိုသည္မွာ စစ္တပ္ဗဟိုျပဳအစိုးရစနစ္မ်ိဳးျဖစ္ၿပီး စစ္ေအးေခတ္ကာလအတြင္း ႏိုင္ငံေတာ္တည္ၿငိမ္ေရးႏွင့္ ကြန္ျမဴနစ္ရန္ကာကြယ္ေရး၊ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ အေမရိကန္ႏိုင္ငံအပါအဝင္ အေနာက္ႏိုင္ငံမ်ားႏွင့္ သံတမန္ေရးအရ အဆင္ေျပစြာဆက္ဆံၿပီး ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္ေရးကိုေဆာင္႐ြက္သည့္စနစ္မ်ိဳးျဖစ္သည္။ ဆူဟာတို အုပ္ခ်ဳပ္သည့္ ႏွစ္ေပါင္း ၃၀ ေက်ာ္ကာလအတြင္း အင္ဒိုနီးရွားႏိုင္ငံ၏ စီးပြားေရးႏွင့္ စက္မႈလက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ခဲ့သည္။ သူအုပ္ခ်ဳပ္သည့္ကာလအတြင္း ႏိုင္ငံေရးအရ အင္ဒိုနီးရွားကြန္ျမဴနစ္မ်ားႏွင့္ တ႐ုတ္-အင္ဒို အႏြယ္ေပါင္းမ်ားစြာကို သုတ္သင္ဖယ္ရွားခဲ့ရသည္ဟုလည္းဆိုသည္။ ကြန္ျမဴနစ္ပါတီကို တရားမဝင္ပါတီအျဖစ္ေၾကညာခဲ့ၿပီး အျမစ္ျဖဳတ္ ခဲ့ရသည္။ အင္ဒိုနီးရွားႏိုင္ငံကို သူအုပ္ခ်ဳပ္ေနစဥ္ကာလအတြင္း ၁၉၇၅ ခုႏွစ္တြင္ အေရွ႕တီေမာႏိုင္ငံအတြင္းဝင္ေရာက္ကာ ဆူပူမႈမ်ား ကိုႏွိမ္နင္း ခဲ့သျဖင့္ လူေပါင္း ၂ သိန္းေက်ာ္ေသဆုံးခဲ့ရေသာေၾကာင့္ နာမည္ပ်က္ခဲ့ရသည္။
၁၉၉၀ ျပည့္ႏွစ္တြင္ အုပ္ခ်ဳပ္ေရးအသစ္ New Order ၏အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား အက်င့္ပ်က္ျခစားမႈမ်ားျဖစ္လာသျဖင့္ ျပည္သူတို႔ မေက်မနပ္ျဖစ္ခဲ့ၾကရသည္။ ဆူဟာတိုႏွင့္သူ႔မိသားစုတို႔သည္ ေဒၚလာ ၃၅ ဘီလီယံကို မိသားစုပိုင္အျဖစ္ လႊဲေျပာင္းခ်မ္းသာလာမႈႏွင့္ပတ္သက္ၿပီး အေတာ္ေလးအျငင္းပြားစရာျဖစ္လာခဲ့သည္။ ထိုေငြပမာဏသည္ တိုင္းျပည္ GDP ၏ ၄ ရာခိုင္ႏႈန္းျဖစ္သည္။ ထိုေငြအလြဲသုံးစားမႈႏွင့္ပတ္ သက္ၿပီး အစစ္ေဆးခံရန္ အမ်ိဳးမ်ိဳးျငင္းပယ္ခဲ့ၿပီး တိုင္းျပည္၏ စီးပြားေရး၊ ႏိုင္ငံေရး၊ လူမႈေရးက်ဆင္းေနမႈကိုမ်က္ကြယ္ျပဳကာ ႏိုင္ငံေရးမွ အနားယူသြားခဲ့သူလည္းျဖစ္သည္။
ျပည္တြင္းေရးမၿငိမ္သက္မႈမ်ားျဖစ္ေပၚခဲ့သည့္ ၁၉၉၀ ျပည့္ႏွစ္ေႏွာင္းပိုင္းႏွင့္ သမၼတရာထူးမွဆင္းေပးလိုက္ရသည့္ ၁၉၉၈ ခုႏွစ္ ေမလအထိ ႏိုင္ငံအတြင္း ဆူပူအုံႂကြမႈမ်ား၊ ဆႏၵျပမႈမ်ား မရပ္မနားေပၚေပါက္ခဲ့သည္။ သမၼတရာထူးမွ ဆင္းေပးလိုက္ရၿပီးေနာက္ ဆူဟာတိုသည္ လူသူေဝးရာ အရပ္တြင္ သြားေရာက္ေနထိုင္ခဲ့သည္။ လာဘ္စားမႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ားျဖင့္ တရားစြဲရန္ျပင္ဆင္တိုင္း က်န္းမာေရးအေၾကာင္းျပကာ အမ်ိဳးမ်ိဳးေရွာင္လႊဲခဲ့သည္။ Ammesty International အဖြဲ႕ႀကီး၏ထုတ္ျပန္ခ်က္အရ ကမာၻ႔အက်င့္ပ်က္ျခစားသူမ်ားစာရင္း၌ ထိပ္ဆုံးတြင္ ရွိေနသူ ျဖစ္သည္။
ဂ်ာဗားႏြယ္မ်ားကဲ့သို႔ ဆူဟာတိုသည္ နာမည္တစ္မ်ိဳးတည္းရွိသူျဖစ္သည္။ ဘာသာေရးအရ ဟာဂ်ီမိုဟာမက္ဆူဟာတို ဟူ၍ေခၚၾကသည္ မွလြဲၿပီး အျခားအမည္မရွိေပ။ အဂၤလိပ္စာလုံးေပါင္း Suharto ဆိုၿပီး ၁၉၄၇ ခုႏွစ္ေလာက္ကတည္းက သုံးစြဲလာၾကသည္။ သို႔ေသာ္ယခင္က စာလုံးေပါင္း Soeharto ကို ေနာက္ပိုင္းတြင္သုံးစြဲမႈနည္းသည္။
my.wikipedia.org : https://my.wikipedia.org/wiki/%E1%80%86%E1%80%B0%E1%80%9F%E1%80%AC%E1%80%90%E1%80%AD%E1%80%AF