အခွင့်ကောင်းယူ ရခိုင်တချို့ နှင့် ဘင်္ဂလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ




အခွင့်ကောင်းယူ ရခိုင်တချို့ နှင့် ဘင်္ဂလီတို့ရဲ့ နယ်မြေလုတိုက်ပွဲ

(ဤဆောင်းပါးကို ရေးသားရခြင်း အကြောင်းရင်းက ဆရာတော် အရှင်ဘုရား တစ်ချို့၏ တောင်းဆိုမှုကြောင်း ရေးသားရခြင်း ဖြစ်ပါတယ်။)

လက်ရှိ ရခိုင်အရေးနဲ့ ပတ်သက်ပြီးပြောရရင် ဘင်္ဂလီတွေနဲ့ အစိုးရ ဖြစ်တဲ့ ကိစ္စပါ တနည်းအားဖြင့် ပြောရရင် ဒီပြဿနာဟာ ရခိုင် တစ်ခုတည်အတွက်မဟုတ် ပြည်ထောင်စု တစ်ခုလုံးကို တုန်ခါစေခဲ့ပါတယ်။ အစိုးရရဲ့ ဒီမိုကရေစီ ပျော့ကွက်ကို ထိထိရောက်ရောက် အသုံးချသွားတာဖြစ်ပါတယ်….။ အစိုးရ ကျဆုံးခဲ့လျှင် ရခိုင်တွေကို နှင်စရာမလို၊ သတ်စရာမလိုပဲ ဘူးသီးတောင်၊ မောင်တောကို ရိုဟင်နယ်မြေဆိုပြီး အပြီး ကြေငြာမှာ ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့တစ်မြို့ ဖြစ်တဲ့ မန္တလေးမြို့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လာမှာ သေချာပါတယ်။

ဘင်္ဂလီအရေးဟာ ရခိုင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်သလို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ရခိုင်ပြည်မှာ (၂၀၁၂)က ဘင်္ဂလီကုလားတွေနဲ့ ဘာသာရေးအသွင်ဆောင်မှု တိုက်ပွဲတွေလည်း ဖြစ်ခဲ့သလို အဲဒီ အချိန်တုန်းက ရခိုင်တော်တော်များများ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။

ထိုနည်းအတူ မြန်မာနိုင်ငံ နေရာအနှံ့မှာလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ သို့သော် အဲဒီ အချိန်တုန်းက ကုလား၊ ရခိုင် ပြဿနာကို နိုင်ငံတကာ EU အသိုင်းအ၀ိုင်တွေ အပါအ၀င် OIC အသိုင်းအ၀ိုင်း တွေကလည်း ရခိုင်တွေဟာ မူဆလင် ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းရှေ့မှာ စွဲချက်တွေ အမျိုးမျိုးတင် မဟုတ်မမှန်သတင်းတွေ ၀ါဒတွေ အမျိုးမျိုး ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံတကာ အသိုင်အ၀ိုင်းကြားထဲမှာ ရခိုင်တွေကသာ လူမျိုတုံး သတ်ဖြတ်နေတယ်၊ ရခိုင်တွေဟာ လူနည်းစုကို အနိုင်ကျင့် ဖိနှိပ်တယ် ဆိုတာ သိခဲ့ကြပါတယ်။ ရခိုင်တွေကိုသာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူမျိုးဆိုပြီး သိရှိခဲ့ကြပါတယ်။

တနည်းအားဖြင့်ပြောရလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်း (EU) အပါအ၀င် သူတို့အထွေဟာ သမိုင်းကို လေ့လာမှု အားနည်းသောကြာင့်လား၊ သို့မဟုတ် သက်သက် စွဲချက်တင် စွပ်စွဲချင်သောကြောင်းလား ဆိုတာကို အသေးစိပ် လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မယ်။

အခုအချိန်မှာ ဌာနေတိုင်းသားရခိုင်တွေကို ထိရုံမကလို့ နိုင်ငံ၏ အချုပ်ချာအာဏာကို ထိပါးစော်ကားလာတာကို တွေ့ရပါတယ်။ ဘင်္ဂလီ သမိုင်းနောက်ကြောင်း ပြန်လှန်ကြည့်လျှင် (၁၉၄၂)ခုနှစ်က ကုလား၊ ရခိုင် ပြဿနာကို လေ့လာနိုင်ပါတယ်။ အင်္ဂလိပ် တပ်ဖြစ်သော ရာခ်ျပု ကုလားစစ်တပ်များက ရခိုင်အမျိုးသမီးပျိုတွေကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုတွေ လုပ်ခဲ့ပါတယ်။ ရခိုင်အမျိုးသားများကို ကုလားအရပ်များနှင့် ရာခ်ျပု ကုလားအင်္ဂလိပ်စစ်တပ် ပူးပေါင်း၍ သတ်ပြတ်မှုတွေ လုပ်ခဲ့ပါတယ်။
ဘင်္ဂလီ ကုလားများသည် နယ်မြေလုတိုက်ပွဲ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာပေများနှင့် ဌာနေတိုင်းရင်းသား ရခိုင်များကို အကြိမ်ကြိမ် လုပ်ကြံ သတ်ပြတ်ခဲ့သည်။ ကျေးရွာများနှင့် အိမ်များကိုလည်း မီးရှုံး ဖျက်ဆီး ပစ်ကြသည်။ ဘင်္ဂလီများတွင် လက်နက်အမျိုးမျိုးနှင့် တိုက်ခိုက်ခဲ့သည် ဒေသခံ ဌာနေတိုင်းရင်းသားများတွင် ရိုးရှင်းသော စိတ်ဓာတ်ရှိမှုကြောင်း သူတို့၏ အသက်လောက်သာ ကာကွယ်ခဲ့ကြသည်။

သို့သော် ဘင်္ဂလီကုလားများသည် ဌာနေ ရခိုင်တိုင်းရင်းသားအိမ်များကို မီးရှုံး ဖျက်ဆီးပစ်ကြပြီး နယ်မြေခံပြည်သူများ မနေနိုင်အောင် လုပ်ကြံမှုအမျိုးမျိုးဖြင့် သတ်ဖြတ်ကြသည်။ ရခိုင်များမနေလျှင် ရခိုင်တို့ ပိုင်ဆိုင်သော နယ်မြေများကို လုယက်ကာ သူတို့ အိမ်များ အဆောက်အအုံးများကို ဆောက်လာကြသည်မှာ ဒီနေ့ အထိပင်ဖြစ်သည်။

(၁၉၄၂)ခုနှစ်က ဖြစ်ပွား ခဲ့မှုကို အစချီကာ ရခိုင်တို့ကို အမျိုးမျိုးလုပ်ကြံသတ်ပြတ်ခဲ့သော်လည်း နိုင်ငံတကာ (EU) အပါအ၀င် အသိုင်းအ၀ိုင်းအတချို့ကြားမှာ ၀ါဒအမျိုးမျိုဖြန့်ချီကာ နယ်မြေလု ဘာသာပျောက်တိုက်ပွဲကို ဒီကနေ့အထိ ခံစားနေရဆဲပင် ဖြစ်သည်။
အခုလက်ရှိတွင်မူ ဒေသခံ ရခိုင်တို့ကို တိုက်ခိုက်ရုံ မဟုတ်ပဲ ပြည်ထောင်စု တစ်ခုလုံးကို တိုက်ခိုက်လာသည်၊ နိုင်ငံ၏ အကြီးဆုံးတစ်ခုဖြစ်သော အစိုးရတစ်ရပ်လုံးကို တိုက်ခိုက်ခြင်းဖြစ်သည်။

အစိုးရ တရပ်ကို တိုက်ခိုက်ခြင်းသသည် နိုင်ငံ၏ အချုပ်ချာအာဏာကို သိသိသာသာ ထိခိုက်ခြင်းဖြစ်သည်။ အစိုးရ၏ ဒီမိုကရေစီ စနစ် ပြုပြင်ပြောင်းလဲ ပျော့ညံ့မှုကြောင်းဆိုလိုနိုင်ပေမည်။ ဒီမိုကရေစီကို နိုင်ငံအတွက် အသုံးချမှု မရှိပဲ အာဏာရှင်ဆန်ဆန် အာဏာကို အစိုးရ၏ လက်ဝယ်တွင်ထားရှိမှုကြောင်း ဖြစ်ပေါ်စေခဲ့ခြင်းပင်ဖြစ်သည်။

သို့သော် ရခိုင်တို့သည် (၂၀၁၂)မှာ တကြိမ် လက်တွေ့ ကိုယ်တွေ့ ဘင်္ဂလီအရေးကို ခံစားခဲ့ရပြီးပါပြီ၊ နောက်ထပ်တကြိမ် (၂၀၁၆)ရဲ့ နိုင်ငံရဲ့ အချုပ်ချာအာဏာကို သိမ်းယူပြီး ရခိုင်နယ်မြေကို လုယူ သိမ်းပိုက်ရန်ကြိုးစားလာခဲ့ခြင်းကို သိသိသာသာ ထင်ဟက်စေပါသည်။
ဤ အခင်းအရာအား တစ်ချို့ရခိုင်များလည်း အခွင့်ကောင်ယူ အခွင့်ထူးခံ လက်နက်သဖွယ်အသုံးချ အသုံးပြုမှုတွေကို ထင်သာမြင်သာရှိရှိ လုပ်ကြံမှုတွေလည်း ရှိလာပေသည်။

သို့သော် နိုင်ငံရေးနည်းလမ်း နိုင်ငံရေးအမြတ်ထုတ်ကုန်ဟု ထင်ပေလိမ့်မည်။ နိုင်ငံရေး အမြတ်ထုတ်ကုန်ဟု ထင်မှတ်မိလျှင် အမှားကြီးမှာပေလိမ့်မည်။ နိုင်ငံရေး အမြတ်ထုတ်ကုန် မဖြစ်ဘဲ အမျိုးသား ရခိုင်လူမျိုးအကြား ပြဿနာကို အခြေခံမှုကို ဦးတည်ခြင်းသာ ဖြစ်သည်။ ကိုယ်ကျိုးအကျိုးစီးပွားအတွက် အသုံးချမှုကို ဦးတည်လာသည်။ ရခိုင်လူမျိုးကို ခုတုံးသဖွယ် လက်နက်သဖွယ် အသုံးပြုခြင်းသာ ရောက်ပေသည်။

(၂၀၁၂)က ကုလားရခိုင် ပြဿနာကို စံနမူနာ ယူပြီး အခွင့်အရေးကို အသုံးပြု အသုံးချခြင်းကို လက်နက်သဖွယ် ခုတုံးသဖွယ် အသုံးချခြင်း မပြုလုပ်မိရန် ဆင်ခြင် သတိထားသင့်သည်။ ရခိုင်တို့၏ နယ်မြေကို ရခိုင်ကိုယ်တိုင် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးလိုပါက လူမျိုးတုံး သတ်ဖြတ်မှုကို အားပီး အားမြှောက် မလုပ်မိဖို့ အရေးကြီးသလို၊ လက်နက်သဖွယ် မလုပ်မိဖို့လည်း လိုအပ်ပေသည်။

ရခိုင်အရေးကို စောင့်ကြည့်လေ့လာသူတွေ ရှိနေသလို ရခိုင်အရေးနဲ့ ပတ်သက်ပြီး လုပ်ကြံမှု ကြိုတင်ကြံစေမှု အကွက်လှည့်မှု မျက်နှာလွဲမှု အသုံချမှု အမျိုးမျိုး ပြောဆိုနေကြသော်လည်း လက်တွေ့အချိန်တွင် စစ်ဘေးဒဏ်ကို ရခိုင်တို့သာ ခံစာနေရခြင်းဖြစ်သည်။ လက်နက်သဖွယ် အသုံးချ အသုံးပြုသူတို့ခံစား နေရခြင်းမဟုတ်ပါ ရခိုင်ပြည်သူတို့သာ ခံစားနေရခြင်း ဖြစ်သည်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအမြတ်ထုတ်မှု လက်နက်သဖွယ် အသုံးချမှု ရခိုင်လူမျိုးများအား နိုင်ငံတကာ အမြင်မှား အထင်မှား မဖြစ်ရအောင် မိမိတို့ အနေနဲ့ ဆင်ခြင်သင့်ပါကြောင်း တိုက်တွန်းရင်းနဲ့။

SKB Kyaw Naing Soe


EmoticonEmoticon

Comments system

Flag Counter