ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ဖျက်ဗိုင်းရပ်စ်ပိုး (၃) မျိုး ကုသရေး
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုမဲ အများဆုံးကို အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
အဲ့ဒီအစည်းအဝေးကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးတီခွန်မြတ်ကို ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ဖို့ အတည်ပြုခဲ့ပြီးတဲ့နောက် ပြည်သူ့လွှတ်တော် အကြီးအကဲနှစ်ဦးက ကတိသစ္စာပြုခဲ့ကြပါတယ်။
“တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့ညီ မညီ၊ လူ့အခွင့်အရေး စံနှုန်းများနဲ့ ကိုက်မကိုက်၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနဲ့ ဆီလျော်မှုရှိမရှိ၊ နိုင်ငံတကာ စာချုပ်စာတမ်းများနဲ့ အကျုံးဝင်မ၀င်၊ ပြည်သူလူထုအတွက် အကျိုးရှိမရှိ၊ ပြည်သူလူထုရဲ့ ဘ၀လုံခြုံရေးနဲ့ စိတ်လုံခြုံရေးကို အကာအကွယ်ပေးမပေးတို့ကို လေ့လာစိစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်”လို့ လွှတ်တော်ဥက္ကဋ္ဌသစ် ဦးဝင်းမြင့်က ပြောကြားခဲ့တယ်ဆိုတာကို ဒီဗွီဘီသတင်းမှာ ဖတ်လိုက်ရပါတယ်။
အင်မတန်ကျက်သရေရှိတဲ့စကား၊ ပြည်သူလူထု အကြားချင်ဆုံးစကားကို လွှတ်တော် ဥက္ကဋ္ဌသစ်က ပြောသွားတယ်လို့ပဲ ဆိုပါရစေ။ ဒါပေမယ့် လက်တွေ့မှာ ဒီစကားဟာ ဘယ်လောက် ခရီးပေါက်မယ်၊ ဘယ်လောက်အတိုင်းအတာထိအောင် အကောင်အထည် ဖော်နိုင်မယ် ဆိုတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ဒီနေ့မျက်မှောက်ကမ္ဘာကြီးမှာ
ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေးအသိ နိမ့်ကျတဲ့ အရပ်ဒေသတွေ၊ အုပ်ချုပ်ပုံစနစ် မမှန်ကန်တဲ့ တိုင်းနိုင်ငံတွေမှာ ဒီဗိုင်းရပ်စ်ပိုးတွေကြောင့
အဲ့ဒီလိုပါပဲ လွန်ခဲ့တဲ့နှစ် (၅၀) ကျော်ကတည်းက စစ်ဖိနပ်အောက် ရောက်ခဲ့ရပြီး အုပ်ချုပ်ပုံစနစ် မမှန်ကန်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ကိုယ်ကျင့်သီလနဲ့ စာရိတ္တဆိုတဲ့ စိတ်ကျန်းမာရေး နယ်ပယ်ကို ဗိုင်းရပ်စ်ပိုးအမျိုးမျိုး
ကမ္ဘာမှာ သူခိုးမရှိတဲ့နိုင်ငံလို့ တချိန်တခါတုန်းက နိုင်ငံရပ်ခြား ကုန်သည်တွေ အသိအမှတ်ပြု လေးစားခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ စောရပြည်လို့ ခေါ်ရလောက်အောင် နိစ္စဓူဝ လူမှုဘ၀တွေမှာ ရှောင်လို့မလွတ်နိုင်တဲ့ အဂတိလိုက်စားမှုတွေ၊ တရားမမျှတမှုတွေ ပြည့်လျှမ်း ညစ်နွမ်းနေတဲ့ အခြေအနေဆိုးကြီးထဲ လှောင်ပိတ်ခံနေရအောင် အစိုးရကနေ အောက်ခြေပြည်သူတွေကြား ကူးဆက်ပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်ရာ ဗိုင်းရပ်စ်ပိုး (၃) မျိုး ရှိပါတယ်။
အဲ့ဒါတွေကတော့ ….
(၁) အာဏာရှင်ဗိုင်းရပ်စ်ပိုး
(၂) အကျင့်ပျက်ခြစားဗိုင်းရပ်စ်
(၃) အခွင့်ထူးခံဗိုင်းရပ်စ်ပိုး
အဆိုပါ ဗိုင်းရပ်စ်ပိုးတွေဟာ ပေါက်ပွားချင်တိုင်း ပေါက်ပွားခွင့် နှစ်ရှည်လများ ရခဲ့ကြတော့ အလွန်သန်စွမ်းကြတယ်။ ဟိရိသြတ္တပ္ပတရား၊ ဗြဟ္မစိုရ်တရား၊ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မ အဆုံးအမ စတဲ့ ကာကွယ်ဆေးတွေတောင် မတိုးတော့ဘဲ လူတိုင်းလိုလိုရဲ့ နှလုံးသားနဲ့ ကိုယ်ကျင့်သီလကို ထိုးနှက်ချိုးဖျက် မိုက်တွင်းနက်စေခဲ့တယ် မဟုတ်လား။
(၁) အာဏာရှင်ဗိုင်းရပ်စ်ပိုး
ဒီဗိုင်းရပ်စ်ပိုးရဲ့ လက္ခဏာကတော့ အများသိပြီးကြတဲ့အတိုင်း အနိုင်ကျင့်ဗိုလ်ကျမယ်၊ စီးပိုးမယ်၊ ဘယ်ကိစ္စမဆို သူ့စိတ်တိုင်းကျ ချယ်လှယ်မယ်၊ အရာရာကို မောင်ပိုင်စီးချင်တယ်။ တခြားသူတွေရဲ့ သဘောထားကို လုံးလုံး ထည့်သွင်းစဉ်းစားပေးခြင်း မပြုဘူး။ သူ့ဆန္ဒကိုသာ အမြဲရှေ့တန်းတင်လေ့ ရှိကြတာ လူတိုင်းသိပါတယ်။
ဗိုလ်ချုပ်ကြီးနေ၀င်း မြေစမ်းခရမ်းပျိုးခဲ့တဲ့ ဒီအာဏာရှင် ဗိုင်းရပ်စ်ပိုးဟာ တပ်မတော်သားတွေ သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ ရှိရှိသမျှ နယ်စုံပယ်စုံမှာသာမက အငယ်ဆုံး လူ့အဖွဲ့စည်းဖြစ်တဲ့ မိသားစုတွေထဲမှာတောင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ရင်း အခုဆို ထုံးတမ်းအစဉ်အလာသဘော၊ သူတို့ရဲ့ မူလရပိုင်ခွင့်လို့တောင် ထင်မှတ်မှားတဲ့အဆင့် ရောက်နေပါပြီ။ တနည်းအားဖြင့်ပြောရရင် ဗိုင်းရပ်စ်ပိုးဟာ အသွေးထဲ အသားထဲထိ စိမ့်ဝင်ပြီး နှလုံးအိမ်မှာလွှမ်း၊ ရောဂါတော်တော်ကျွမ်းနေတဲ့ အဆင့်ကို ရောက်နေပြီဆိုတဲ့ သဘောပါပဲ။
(၂) အကျင့်ပျက်ခြစားဗိုင်းရပ်စ်
ဒီနေ့ မြန်မာနိုင်ငံမှာ အကျင့်ပျက်ခြစားတယ်ဆိုတာ နေ့ခင်းကြောင်တောင် ဗြောင်လုပ်ဆောင်ရဲတဲ့အဆင့် ရောက်သွားပြီ။ ဟီရိသြတ္တပ္ပတရားတွေ ပျောက်ဆုံးစေတဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေဟာ နေ့စဉ် လူမှုဘ၀တွေထဲမှာ သမားရိုးကျကိစ္စတရပ်လို ပျော်ဝင်ဖြစ်တည်နေခဲ့ပြီလေ။
ဒီအကျင့်ပျက်ပိုးဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေထဲမှာသာမက ကိုယ်ကျင့်တရားတွေ ကောင်းမွန်အောင် ထိန်းကြောင်း တည့်မတ်ပေးရမယ့် အာစရိယဂိုဏ်းဝင် မိဘဆရာသမား၊ ဘာသာရေးခေါင်းဆောင်၊ ရဟန်းသံဃာတချို့ထိတိုင်အောင
အဆိပ်ပြင်းလွန်းလှတဲ့ အဂတိတရားလေးပါးကို အခြေခံလာတာမို့ အကျင့်ပျက် ခြစား ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံနဲ့ချီပြီး စာရိတ္တသီလ၊ ၀ါရိတ္တသီလတွေ ကျိုးပြတ်ချွတ်ခြုံကျစေအောင
(၃) အခွင့်ထူးခံဗိုင်းရပ်စ်ပိုး
မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်ဆဲ လူမှုအနိဌာရုံ အစုစုရဲ့ မြစ်ဖျားခံရာ အရင်းခံ အကြောင်းတရားဟာ တရားဥပဒေ မစိုးမိုးခြင်းပါဘဲ။ အဲ့ဒီလို တရားဥပဒေစိုးမိုးမှု မရှိစေတဲ့ လက်သည်တရားခံတွေကတော့ အခွင့်ထူးခံ ဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ ဥပဒေအထက် နေလိုသူတွေဆိုတာ မြင်သာပါတယ်။
လူအများ ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်မှာ မတော်မတရားတဲ့ နည်းလမ်းတွေနဲ့ သူများထက်ရူး အခွင့်ထူးခံချင်စိတ်ဆိုတာ အသိဉာဏ်ပညာ မဖွံ့ဖြိုးမှု၊ ကိုယ်ကျင့်တရား မရင့်ကျက်မှုကို ညွှန်ပြနေတာပါပဲ။ လက်နက်ကိုင်ပြီး အခွင့်ထူးခံသူတွေကို စစ်ဂျပိုး၊ စီးပွားရေးမှာ အခွင့်ထူးခံသူတွေကို ခရိုနီ၊ ရာထူးဌာနန္တရမှာ အခွင့်ထူးခံသူတွေကိုတော့ မိုးကျရွှေကိုယ်လို့ ပြည်သူတွေရဲ့ တံထွေးခွက်မှာ ပက်လက်မျောလို့ ကဲ့ရဲ့မုန်းတီးမှုကို ခံကြရတာ မဟုတ်လား။
အထက်မှာဖော်ပြပခဲ့တဲ့ ပြည်ဖျက်ဗိုင်းရပ်စ်ပိုး (၃) မျိုး နှိပ်စက်လို့ ညှိးခြုံးပိန်ခြောက် နိုင်ငံရုပ်ပျောက်နေတဲ့ မြန်မာပြည်ကို ရောဂါကင်းစင်အောင်ကုသဖို့ ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ မကြာခင်မှာ လုပ်ပိုင်ခွင့် အကန့်အသတ် ဘောင်ခတ်မှုတွေနဲ့အတူ တရားဝင်ကုသခွင့်လိုင်စင်ကို
ဆေးပီးနေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကင်းစင်အောင် ကုသဖို့ဆိုတာ အချိန်အတိုင်းအတာတခု ယူရမှာဖြစ်သလို ရှင်းရှင်းလင်းလင်း ပျောက်ကင်းဖို့ဆိုတာ သမားတော်ရဲ့ အရည်အသွေးပေါ်မှာ သာမက လူနာတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ရောဂါပျောက်ချင်တဲ့ဆန္ဒ ပြင်းထန်မှုတွေပေါ်မှာလည်း တည်မှီနေပါတယ်။
ဘုရားမကြိုက်၊ နတ်မကြိုက်တဲ့ အကျင့်ပျက် စရိုက်ဆိုး အထက်ပါ ဗိုင်းရပ်စ်ပိုးတွေကို အမြစ်ဖြတ် ရှင်းလင်းသုတ်သင်နိုင်အောင်
ဒုတိယအဆင့်အနေနဲ့ မိမိဝန်းကျင်မှာရှိတဲ့ လူပုဂ္ဂိုလ်တွေမှာ အနည်းနဲ့အများဆိုသလို ကူးဆက်ပြန့်ပွားနေတဲ့ အထက်ပါ အဖျက်စွမ်းအားကြီးတဲ့ ဗိုင်းရပ်စ်ပိုးတွေ ပျောက်ကင်းအောင် ကုသရေးမှာ အမျိုးသားရေးတာဝန်တရပ် အနေနဲ့ မိမိစွမ်းသလောက်၊ နိုင်သလောက် လက်တွဲဖေးကူ ကုသိုလ်ယူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
မင်းကောင်းချစ်
ဖေဖော်ဝါရီလ ၃ ရက်နေ့ ၂၀၁၆ ခုနှစ်
EmoticonEmoticon