AA စစ်ဦးစီးချုပ်နှင့် ရန်ကုန် ရခိုင်ကျောင်းသားများတွေ့ဆုံ
*****************************
RiA ၊ ဩဂုတ် ၁၄ ရက်
ရန်ကုန်။ ရခိုင်ပြည်တပ်မတော် Arakan Army စစ်ဦးစီးချုပ်၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး AASYC သဘာပတိ ဗိုလ်မှူးကြီး မင်းထွန်း (ခ) မင်းဇံဝေ နှင့် ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) တို့သည် ယနေ့ ဩဂုတ် ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ရခိုင်ကျောင်းသားလူငယ်စင်တာတွင် တွေ့ဆုံခဲ့သည်။
တွေ့ဆုံမှုတွင် လတ်တလော ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ ပညာရေးနှင့် ပတ်သက်ပြီး သမဂ္ဂ၏ ပြောကြားချက်များ၊ ရခိုင်ပြည်တပ်မတော်၏ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေမှု၊ ကျောင်းသားလူငယ်တို့၏ အရေးနှင့် အနာဂတ် လိုလားချက်များတို့ကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်တပ်မတော်သည် UNFC ၏ အဖွဲ့ဝင် ဖြစ်ပြီး ယခု ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှူများတွင် ပါဝင်သည့် ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ နိုင်ငံရေးဩဇာခံ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တခုလည်း ဖြစ်သည်။
Photo - RiA
Mizzima - News in Burmese >>>>> https://www.facebook.com/MizzimaDaily/photos/…
EmoticonEmoticon