လက်ရှိဖြစ်ပွားနေသောတိုက်ပွဲအခြေအနေအပေါ် သဘောထားထုတ်ပြန်ချက်
=======================================
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်
၁။ ကချင်ပြည်၊ ရှမ်းပြည်နှင့် ကရင်ပြည်တို့တွင် လက်ရှိဖြစ်ပွားနေသော
တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့အနေဖြင့်
ထိခိုက်ဒဏ်ရာရရှိခြင်း၊ အိုးအိမ်နှင့်နေရပ်စွန့်ခွာ
ထွက်ပြေးတိမ်းရှောင်နေရခြင်း တို့အပြင် တချို့နေရာများတွင်
အပြစ်မဲ့ရွာသူရွာသားများ ကလေးသူငယ်များပါမကျန် အသက်ဆုံးရှုံးမှုတို့နှင့်
ရင်ဆိုင်ကြုံတွေ့နေရသည်။
၂။ ယခုဖြစ်ပွားနေသောတိုက်ပွဲများသည် အဓိကအားဖြင့် မြန်မာ့တပ်မတော်၏ တိုင်းရင်းသားနယ်များအတွင်း နယ်မြေကျူးကျော်၍ ထိုးစစ်ဆင်မှုများကြောင့် ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
၃။ မိမိတို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်၏အခြေခံနိုင်ငံရေး ပြဿနာ ကို နိုင်ငံရေးနည်းအရဖြေရှင်းရန် ခေတ်အဆက်ဆက် အုပ်စိုးသူနှင့် အစိုးရတို့ကို လိုလားတောင်းဆိုခဲ့သည်၊ တောင်းဆိုနေသည်။ သို့ရာတွင် တိုင်းပြည်အာဏာကို ရယူထားသည့် အာဏာရှင်အဆက်ဆက်က စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ယနေ့ထိတိုင် မဖော်ဆောင်သေးပေ။
၎။ မိမိတို့ UNFC အနေဖြင့် ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံရေးမူဘောင် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၂-၂၀၁၃ ခုနှစ်ကာလတွင်လည်းကောင်း၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို NCCT အနေဖြင့် ၂၀၁၃-၂၀၁၅ ခုနှစ်ကာလအတွင်းလည်းကောင်း အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်၍ နှစ်ပေါင်း(၇၀)နီးပါးကြာ ပြည်တွင်းစစ်ကို အပြီးတိုင်ရပ်စဲနိုင်ရန် ကြိုးပမ်းခဲ့သည်။
၅။ သို့သော်လည်း ဦးသိန်းအစိုးရအနေဖြင့် NCCT အဖွဲ့ဝင်များအားလုံးကို NCA တွင် အတူတကွ ပါဝင်လက်မှတ် ရေးထိုးရန် လက်မခံခဲ့သဖြင့် ယနေ့ထိတိုင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို မဖော်ဆောင်နိုင်ပဲ စစ်ပွဲ၏ အနိဌာရုံများကို တိုင်းပြည်အနေဖြင့် ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေရသည်။
၆။ မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်များ အမြန်ဆုံးရပ်တန့်၍ တိုင်းပြည်၏အခြေခံနိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် အဖြေမရှာပဲ စစ်အင်အားသုံး ဖြေရှင်းနေမည်ဆိုပါက ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း အလှမ်းဝေး နေဦးမည်သာ ဖြစ်သည်။ သို့ဖြစ်၍ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုကို အလေးထားခြင်းနှင့် အပြန်အလှန် ယုံကြည်မှုရှိစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ရန်အတွက် စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ရပ်တန့်ပေးရန် လိုအပ်သည်။
၇။ ထို့ကြောင့် မြန်မာ့တပ်မတော်၏ အကြောင်းအမျိုးမျိုးပြပြီး တိုင်းရင်းသားနယ်မြေများအတွင်း ထိုးစစ်ဆင်နေသော တိုက်ပွဲများနှင့် အပြစ်မဲ့ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအပေါ် UNFC အနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
ဆက်သွယ်ရန်
---------------
နိုင်ဟံသာ - ဒုတိယဥက္ကဋ္ဌ ဖုန်း - +66(0)80-503-0849
ခူဦးရယ် - အထွေထွေအတွင်းရေးမှူး ဖုန်း - +66(0)84-805-1344
PDF Download Link >>> https://www.docdroid.net/…/unfc-stmt-on-current-fighting8oc…

EmoticonEmoticon