အစည်းအဝေး၏ဒုတိယနေ့သတင်းထုတ်ပြန်ချက်





အစည်းအဝေး၏ဒုတိယနေ့သတင်းထုတ်ပြန်ချက်

ရက်စွဲ ။ ။၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်
နေရာ ။ ။ မိုင်ဂျာယန်မြို့ ၊ ကချင်ပြည်နယ်
မိုင်ဂျာယန် - ဇူလိုင်လ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့အထိပြုလုပ်လျှက်ရှိသည့် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့ကို အောင်မြင်စွာ ကျင်းပခဲ့သည်။
အစည်းအဝေး၏ ဒုတိယနေ့တွင် အဓိကအားဖြင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအခြေခံမူများ၊ ဘုံသဘောထားများချမှတ်နိုင်ရန် ဖက်ဒရယ်အခြေခံမူနှင့် ဝိသေဿလက္ခဏာများ ဆိုင်ရာစာတမ်းတင်သွင်းခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံမူများဆိုင်ရာ စုစည်းတင်ပြချက်များတင်သွင်းခြင်းများပြုလုပ်၍ ခေါင်းဆောင်ကိုယ်စားလှယ်များမှ အပြန်အလှန်အမေး အဖြေ များ၊ အမြင် သဘောထားဖလှယ်ခြင်းများပြုလုပ်ခဲ့ကြပြီးစာတမ်းများကိုမှတ်တမ်းတင်ခဲ့သည်။
ထို့အပြင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါမဖြစ်ပါဝင်ရမည့် အခြေခံမူများ အဖြစ် အချက် (၈) ချက်ဖြစ်သည့် အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒ ရယ်ပြည်ထောင်စု၊ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေး များကို ကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာ တန်းတူညီမျှမှု၊ ပါတီစုံဒီမိုကရေစီနှင့် ဘာသာရေးကိုအခြေမခံသော နိုင်ငံ စသည်တို့ကို အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကိုယ်စားလှယ်များက ဆွေးနွေးပြီး အသေးစိတ်ကို ကျန်သည့်အစည်းအဝေးရက်များအတွင်ဆက်လက်ဆွေးနွေးသွားရန် သဘောထားချမှတ်ခဲ့သည်။
ထိုနည်းတူစွာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရာတွင် အခြေခံရမည့်မူများကိုလည်း ဆွေးနွေးပြီးအ သေးစိတ်ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် အလုပ်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့ စည်းလိုက်သည်။
(၄) ရက်ကြာပြုလုပ်မည့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာ စုံည်ီအစည်းအ ဝေးတွင် အဓိကရည်ရွယ်ချက်နှစ်ခုဖြစ်သည့် (၂၁) ရာစုပင်လုံညီလာခံ ကျင်းပ ရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထားတို့ကိုအပေါ် အခြေခံပြီး ခေါင်းစဉ်ကြီး လေးခုဖြစ်သည့် ပင်လုံလက်စွဲစာတမ်းဆွေးနွေးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည် ဆောက်ခြင်းဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေများအတွက် အခြေခံမူများ၊ လုံခြုံရေးနှင့် ကာကွယ် ရေးဆိုင်ရာအခြေခံမူများနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြန်လည်ပြင်ဆင်ရေးတို့ကို ဆွေးနွေးသွား မည်ဖြစ်သည်။
ဒုတိယနေ့အစည်းအဝေး၏ ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(မျက်နှာစုံညီအစည်းအဝေး သတင်းထုတ်ပြန်ရေးအဖွဲ့)



EmoticonEmoticon

Comments system

Flag Counter