မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာအနီး မီးရှို့ထားကြောင်းတွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် ငြှိမ်းသတ်ခဲ့ရ






မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာအနီး မီးရှို့ထားကြောင်းတွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် ငြှိမ်းသတ်ခဲ့ရ

နေပြည်တော် နိုဝင်ဘာ ၂၃
မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာအတွင်း လူနေအိမ်အချို့ မီးလောင်ကျွမ်းနေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မ တီမှ သတင်းထုတ်ပြန်ထားသည်။

နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့်နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲက မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကျေးရွာ အနီးတစ်ဝိုက်၌ မီးခိုးများထွက်နေသည်ကို တွေ့ရှိ၍သွားရောက် စစ်ဆေးရာ ကျေးရွာအတွင်း လူနေအိမ် အချို့ မီးလောင်ကျွမ်းနေကြောင်းတွေ့ရှိရသဖြင့် မီးငြှိမ်းသတ်ခဲ့ရာမွန်းလွဲ ၁၂ နာရီခွဲတွင် မီးငြိမ်း သွားခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ခုနစ်လုံးပျက်စီးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလာမှု နှင့်အချိန်ကိုက်၍ ရွာတွင်းရှိသူအချို့မှ မီးရှို့ခဲ့ခြင်းဖြစ်နိုင်ဖွယ်ရာရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

မြ၀တီ


EmoticonEmoticon

Comments system

Flag Counter