တော်လှန်ရေး
ဟု ဆိုလိုသည်မှာ မတရားအုပ်ချုပ်သူတို့ကို တရားသောစစ်ဖြင့် တော်လှန်ခုခံခြင်းကို တော်လှန်ရေးစစ်ဟု
လူတိုင်းသဘောထားမှတ်ယူလေ့ ရှိကြသည်။ တော်လှန်ရေးစစ်ဟူသည် အုပ်ချုပ်ခံ လူတန်းစားထဲက
ပေါက်ဖွားလာမှုကို ဆိုလိုသည်။ သို့သော် စစ်ဟူသည် အမြင့်ဆုံး အဆိုးဆုံး အချိန်၌သာ ရှိတတ်ပေသည်။
နောက်ဆုံးအချိန်သည် စစ်ကို ဖျက်သိမ်းခြင်းနှင့် နိုင်ငံရေးစစ်သဘောတရားကို အသုံးပြုရလေ့
ရှိသည်။
လက်ရှိ ရခိုင်တို့သည်လည်း
ရခိုင်တော်လှန်ရေး ကို ဆင်နွှဲ ခြင်းဖြစ်သည်။ တော်လှန်သော စစ်သာ ဖြစ်သည်။ အဖိနှိပ်ခံ
လူတန်းစားထဲ၌ ပါဝင်သည်။ လက်ရှိ မြန်မာနိုင်ငံ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်သူအစိုးရတရပ်၏
လုပ်ရပ် အုပ်ချုပ်မှု စနစ်ကို မကြိုက်၊ မနှိပ်သက်၍ တော်လှန်သော စစ်ဖြစ်သည်။ တော်လှန်သော
စစ်တွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုက်ရိုက် ထင်ဟက်စေသည်။
တော်လှန်သော
စစ်ဆိုသည်မှာ ပုဂ္ဂလိကပိုင်၊ ဥစ္စာ၊ ဓနရှင်များနှင့်
လူတန်းစားများ ပေါ်ပေါက်လာစဉ် ကတည်းက ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လူတန်းစား၊ အမျိုးသား၊
နိုင်ငံ၊ နိုင်ငံရေး အုပ်စုချင်း ဖြစ်ပွားကြသည့် ပဋိပက္ခများ တစ်စုံတစ်ခုသော အဆင့်ထိ
ထိုးပွားလာသောအခါ အမြင့်ဆုံး တိုက်ပွဲကို တော်လှန်သော စစ်နဲ့ ဖြေရှင်းခြင်းသာ ဖြစ်၏။
တော်လှန်သော စစ်၏ အခြေအနေနှင့် တော်လှန်သော စစ်၏ လက္ခဏာကို တော်လှန်သောစစ်နှင့် အခြားကိစ္စများ
ဆက်စပ်နေပုံကို နားမလည်ပါက တော်လှန်သော စစ်ပုံသဏ္ဍာန်၊ တော်လှန်သော စစ်၏ တရားများကို
နားလည်နိုင်မည် မဟုတ်ပါ။
တော်လှန်သော
တော်လှန်ရေးစစ်သည် လူမျိုးတစ်မျိုးကို အခြေခံခြင်း မဟုတ်ပါ။ လူမျိုးတစ်မျိုး၏ တော်လှန်ခြင်း
တော်လှန်ရေးဆိုသည့် အယူအဆ အစွဲများကို ချေဖျက်ရမည် ဖြစ်သည်။ လုံဝ လက်ခံထားရှိခြင်း
မရှိစေရ။ ထိုအယူအဆကို ကိုင်စွဲလျှင် ဖောက်ပြန်သော တော်လှန်ရေး၊ ဖောက်ပြန်သော လူမျိုးတစ်မျိုးသာ
ဖြစ်မည်။ လူ့အသိုင်းအ၀ိုင်း တိုးတက်ပြောင်းလဲ လာခဲ့သည်နှင့် အမျှ တော်လှန်သောစစ်သည်လည်း
ပြောင်းလာရသည်။
တော်လှန်သောစစ်သည်
တရားသော စစ်ဖြစ်သည် တရားသော စစ်ဖြစ်နိုင်ဖို့အတွက် ခေတ်ရေစီကြောင်း အတိုင်း တရားသော
တော်လှန်သောစစ်ကို ဆင်နွှဲရသည်။ လူမျိုးရေး တိုက်ခိုက်မှု၊ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးတိုက်ခိုက်မှု၊
စော်ကားမှု စစ်များအား ရှောင်ဖယ် ပစ်ရမည်။ တရားသော တော်လှန်ရေး ဆင်နွှဲရာတွင် တော်လှန်သော
စစ်သည် တရားသော စစ်ဖြစ်ကြောင်း သက်သေပြသရမည်။
လက်ရှိစစ်ကြောင်း
ပြောင်းလဲလာမှုကို ကြည့်ရှုပြီး တော်လှန်သောစစ်ကြောင်း ပြောင်းလဲလာမှု တရားသောစစ်ကြောင်း
ခေတ်ရေစီးကြောင်းတစ်ခုနှင့် လူဘုံ လူအသိုင်းအ၀ိုင်းကို တိုးတက်ပြောင်းလဲ စေခဲ့လျှင်
လူမျိုးရေး တိုက်ခိုက်မှု၊ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးတိုက်ခိုက်မှု၊ စော်ကားမှု စစ်များအားများကို
အသုံးပြု လုပ်ဆောင်လျှင်လည်း အရာရောက်တော့မည် မဟုတ်ပေ။ ထို့ကြောင်း လူမျိုးရေး မုန်းတီးမှု၊
တိုက်ခိုက်မှုတွေကို လူ့ဘောင် ပြောင်းလဲမှုနဲ့ ချေဖျက် တိုက်ထုတ်သင့်သည်။
ရခိုင်တော်လှန်ရေး
နိုင်ငံရေးသည်ပင် လက်ရှိအချိန်၌ လူမျိုးရေးတိုက်ခိုက်မှု၊ လူမျိုးရေးတော်လှန် မုန်းတီးမှုတွေ
အောက်မှာ ရုန်းမထွက်နိုင်ပဲ ရှိပေသည်။ လက်ရှိတော်လှန်ရေး၊ နိုင်ငံရေးအခင်းအကျင်းတွင်
လူမျိုးရေးမုန်းတီးမှု၊ တိုက်ခိုက်ရေးကို ဦးတည်နေသည်။ သို့သော် အကျိုးအမြတ် တိုင်းတာကြည့်လျှင်
လက်ရှိနိုင်ငံရေး၊ စစ်ရေး အောင်မြင်မှုအခြေအနေကို သုံးသပ်ကြည့်လျှင် အောင်မြင်မှု မည်သို့ပြောရမည်ကို
တိုင်းတာသင့်ပေသည်။
ရခိုင်တော်လှန်ရေးသည်
ခေတ်ရေစီကြောင်းအတိုင်း တိုင်းရင်းသားများနှင့် လက်တွဲတိုက်ပွဲဝင်လာ ခဲ့ကြသည်။ လက်ရှိရခိုင့်နိုင်ငံရေး၊
စစ်ရေးကို တိုင်းတာကြည့်လျှင် လူမျိုးရေးတိုက်ခိုက်မှုအောက်မှ ရုန်းကန်နေရဆဲပင် ဖြစ်သည်။
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရှေ့မတိုးနိုင်ပဲ ဖြစ်နေသည် ဟု သုံးသပ်ပြောရလျှင်
မှားလိမ့်မဟုတ်ပါ။
တော်လှန်ရေးဆိုသည့်
အဓိပ္ပာယ်နှင့် ကွဲလွဲမှု သဘောတရားကို သက်သေပြသမှု ပုံစံ တော်လှန်ရေးဟူသည် အရင်းရှင် လူတန်းစား၊
ဓနရှင် လူတန်းစား၊ စစ်တော်ဝင် လူတန်းစား၊ ပွဲစားလူတန်းစား၊ ပညာတက် လူတန်းစား၊ အလုပ်သမား
လူတန်းစား၊ လယ်သမား လူတန်းစား၊ ပစ္စည်းမဲ့ ဆင်းရဲသား လူတန်းစား၊ ကျောမွဲ လူတန်းစား၊
အုပ်ချုပ်ခံ လူတန်းစား၊ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုမှု လူတန်းစား ထဲက ပေါက်ဖွားမှုကို
တော်လှန်ရေး တော်လှန်သော ဆိုလိုသည်။
တော်လှန်သော
တော်လှန်ရေး အမျိုးအစားကို ခွဲခြားနိုင်ပေသည်။ အလွှာအသီးသီး ဒေသအသီး၌ ဖြစ်ပေါ်စေတတ်သည်။
လက်ရှိ မြန်မာနိုင်ငံ တိုင်းရင်းသားအများစုသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို
တောင်းဆိုသော တော်လှန်ရေးစစ်ကို ဆင်နွှဲနေခြင်း
ဖြစ်သည်။ အဲဒီအထဲတွင် ရခိုင်တော်လှန်ရေးသည် မည်သည့် တော်လှန်ရေးတွင် ပါဝင်ပါသနည်း ဟု
မေးခွန်းထုတ်လျှင် စာဖတ်သူများ ဝေဖန်ပိုင်းခြားနိုင်ပါသည်။
တော်လှန်ရေး
ဟူသည် ကျွန်လူတန်းစားသည် သခင်ဆိုသော သုံးနှုန်းမှု လူတန်းစားကို တော်လှန်သည်။ မြေကျွန်
လူတန်းစားသည် မြေရှင်ခံ လူတန်းစားသုံးနှုန်းမှုကို တော်လှန်သည်။ ပစ္စည်းမဲ့ လူတန်းစားသည်
ဓနရှင်ခံ သုံးနှုန်းမှု လူတန်းစားကို တော်လှန်သည်။ အာဏာမဲ့ လူတန်းစားသည် အာဏာသုံးနှုန်းမှု
လူတန်းစားကို တော်လှန်သည်။ အာဏာရူး အစိုးရကို တရားမျှတသော လူ့အသိုင်းအ၀ိုင်းက တော်လှန်သည်။
ဆိုလိုသည်မှာ ရခိုင်တော်လှန်ရေးသည် ရခိုင်ပြည် ရခိုင်တစ်မျိုးသားလုံး လွတ်မြောက်ရေး
ရခိုင်နိုင်ငံထူထောင်ရေး ဆိုတဲ့ ဆောင်ပုဒ်နှင့် အညီ တိုက်ရိုက် သက် ဆိုင်နေပါ သလားလို့တောင်
မေးခွန်းထုတ် အဖြေရှာရမည် ဖြစ်သည်။
ရခိုင်တော်လှန်ရေးသည်
ရခိုင်ပြည် လူမျိုး လွတ်လပ်ရေး၊ ရခိုင်နိုင်ငံထူထောင်ရေး ဆိုလိုလျှင် အမြင့်ဆုံးအဆင့်ကို
ရောက်စေသည်။ အမြင့်ဆုံးအဆင့်ကို ဖြေရှင်းနည်းက တနည်းသာရှိသည် စစ်ကို စစ်နှင့် တိုက်ခိုက်ဖြေရှင်းမှု၊နိုင်ငံရေးကို
နိုင်ငံရေးနဲ့ ဖြေရှင်းမှု၊ လူမျိုးရေးကို လူမျိုးရေးနဲ့ ဖြေရှင်းမှု၊ ဘာသာရေးကို ဘာသာရေးနဲ့
ဖြေရှင်းမှုသာ ဖြစ်သည်။ လက်ရှိရခိုင်တော်လှန်ရေးသည် တိုင်းရင်းသားဒေသ အသီးသီးတွင်သာရှိသည်။
တိုင်းရင်းသားနယ်မြေ အသီးသီးသည်သာလျှင် ရခိုင်နိုင်ငံကို ထူထောင်ပေးမည် မဟုတ်ပါ။ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နှင့်
အမျိုးသားတန်းတူရေးကိုသာ အလေးပေးလုပ်ဆောင်မှုကို မြင်တွေ့ရပါမည်။
ရခိုင်တော်လှန်ရေး၊
နိုင်ငံရေးသည် ရခိုင်လူမျိုးလွတ်လပ်ရေး၊ ရခိုင်နိုင်ငံ ထူထောင်လိုလျှင် စစ်ကို စစ်နဲ့
ဖြေရှင်းနိုင်စွမ်း ရှိနေပြီးလား၊ နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်စွမ်း
ရှိနေပြီးလား။ လက်ရှိ တိုင်းရင်းသား ဒေသ အသီးသီးက လက်ခံနိုင်ရဲ့လား။ အမျိုးသားအကျိုးစီးပွားအတွက်
လုပ်ဆောင်နေခြင်းသာ တွေ့မြင်ရပါမည်။ စစ်ကို စစ်နှင့် ဖြေရှင်းနိုင်လျှင် ကောင်းမည်
နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်လျှင် ကောင်းမည်။ သို့သော် လူ့အဖွဲ့အစည်း
တိုးတက်ထွန်းကားလာမှုကို သတိမူရပါလိမ့်မည် လူသားအချင်းချင်း ရက်ရက်စက်စက် သတ်ပြတ်နေမှုကို
တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့် သုတ်သင်ရှင်းလင်း ပစ်လျှင် စစ်ဟူသည် မကောင်းဆိုးဝါး
ကိုယ့်ကျိုးအတ္တကို တိုက်ရိုက် ထင်ဟက်စေသည်။
လက်ရှိ ရခိုင်လူ့ဘောင်အသိုင်းအ၀ိုင်းသည်လည်း
တိုးတက်ပြောင်းလဲ လာသည်နှင့် အမျှ စစ်ကျွန်၊ စစ်ဘေးဒဏ်၊ လူသားချင်း သတ်ပြတ်မှုတို့ကို
ရခိုင်လူ့အသိုင်းအ၀ိုင်းက လက်ခံနိုင်မည် မဟုတ်ချေမှာ မြေကြီးလက်ခမောင်ခတ် မလွဲသည်မှာ
အမှန်ပင် ဖြစ်သည်။ ဆိုလိုသည်မှာ ရခိုင်တော်လှန်ရေးသည် ရခိုင်ပြည်လွတ်လပ်ရေး၊ ရခိုင်နိုင်ငံ
ထူထောင်ရေးနဲ့ တိုက်ရိုက် ထင်ဟက်စေပါလားဟု မေးခွန်းထုတ်ရပါလိမ့်မည်။
ရခိုင်တော်လှန်ရေးသည်
ရခိုင်ပြည်လွတ်လပ်ရေး ရခိုင်နိုင်ငံထူထောင်ရေး ဆိုသော အသုံးအနှုန်းများကို မဝေးလှသော
အနာဂါတ် လူငယ်မျိုးဆက်သစ်တွေအတွက် စူးခလုပ်တစ်ခု ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သည်။ ခေတ်လူငယ်
အနာဂါတ်အတွက် တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုကြီးတွေ အနေနဲ့ ခေတ်ရေးစီးကြောင်းအတိုင်း
ခေတ်ရေစီးကြောင်းနှင့် အညီ အမျိုးသားအကျိုးစီးပွား၊ လူငယ်တွေ အနာဂါတ်အတွက် သနားငဲ့ညှာပြီး
အမှန်ကန်ဆုံးလုပ်ရက်နဲ့ အမှန်ကန်ဆုံးစကားလုံးကို ပြောဆို ရပါမည်။ တော်လှန်ရေးခြေလှမ်း၊
နိုင်ငံရေးခြေလှမ်း လျှောက်လှမ်းနေသော ပန်းတိုင်သည် အမျိုးသားအကျိုးစီးပွားနဲ့ လူငယ်တွေအနာဂါတ်အတွက်
သက်သေပြသရန်လိုသည်။ ဆိုလိုသည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာဖန်တီးခွင့်နဲ့
တိုက်ရိုက်သက်ဆိုင်ခြင်းသာ ဖြစ်သည်။
ကျွန်တော်တို့
ရခိုင်လူ့ဘောင်အသိုင်းအ၀ိုင်းကြီးတိုးတက်ပြောင်းလဲပစ်ဖို့ ရခိုင်ကံကြမ္မာကို ရခိုင်ပိုင်ဆိုင်ဆိုင်နိုင်ဖို့
ရခိုင်တို့၏ ဘ၀လုံခြုံဖို့ ရခိုင်တော်လှန်ရေး၊ နိုင်ငံရေး အသိုင်းအ၀ိုင်းတွေအနေနဲ့
မှန်ကန်ပြတ်သားစွာ ပြောဆိုမှုကလည်း အဓိက ကျသောနေရာတွင် ရှိပါကြောင်း လူမျိုးရေး တိုက်ခိုက်မှု၊
လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးတိုက်ခိုက်မှု၊ စော်ကားမှု စစ်များအား ရှောင်ဖယ် ပစ်ရမည်မှာ
အမှန်ပင် ဖြစ်သည်။ ရခိုင်တော်လှန်ရေးသည် ရခိုင်တစ်မျိုးသားလုံး လွတ်မြောက်ရေး ရခိုင်နိုင်ငံထူထောင်ရေးတဲ့လား
ဆိုသော အသုံးအနှုန်းနဲ့ လက်တွေ့ဖြစ်နိုင်ပါမည်လား အတွေးစကို သုံးသပ် တင်ပြလိုက်ပါကြောင်း။
ထက်မြတ်ခိုင်(ဘူးသီးတောင်)
ဆက်လက်ရေးသားပါမည်။
(အပိုင်း ၄)
EmoticonEmoticon