ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) သတင်းထုတ်ပြန်ချက်









ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) သတင်းထုတ်ပြန်ချက်
၎/၂၀၁၆
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်။
UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အစပျိုးခဲ့သော တိုင်းသူပြည်သားများမှ အလွန်မျှော်လင့်နေကြသည့် ၂၁ ရာစု ပင်လုံညီလာခံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပူးပေါင်းပါဝင်နိုင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်ရေး
အတွက် လက်တွေ့စဉ်းစားချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြောက်ပိုင်းဒေသများတွင် တပ်မတော်မှ တိုင်းရင်းသားလူမျိုးများအား ဆက်လက်ထိုးစစ်ဆင်နေခြင်းကို ရပ်တန့်ပေးရန် အထူးပြောဆိုဆွေးနွေးခဲ့ကြသည်။ စစ်ပဋိပက္ခတွင်ပါဝင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးမှ စစ်မှန်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တပြိုင်တည်း ကြေညာ
နိုင်မည်ဟု မျှော်လင့်ကြောင်း UNFC ခေါင်းဆောင်များမှပြောကြားခဲ့သည်။
အစိုးရ၏ NCA အပါအဝင် ၂၁ ရာစု ပင်လုံညီလာခံနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အားလုံးပူးပေါင်း ပါဝင်မှုဆိုင်ရာ ချဉ်းကပ်ပုံချဉ်းကပ်နည်းများနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် နှစ်ဘက်သဘော
တူခဲ့ကြသည်။
NLD အနေဖြင့် ဖက်ဒရယ်တည်ဆောက်ရေးကို သန္နိဌာန်ချပြီးသားဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ထပ်လောင်းပြောဆိုခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဥပဒေစိုးမိုးရေးအခြေခံဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဟုလည်း ဆက် လက်ပြောဆိုခဲ့သည်။
အားလုံးပါဝင်မှုရှိသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖေါ်နိုင်ရန် နှစ်ဘက်စလုံးမှ ဆက်လက်ညှိနှိုင်း သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ယနေ့အစည်းအဝေးသို့ အောက်ပါပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။
အစိုးရဘက်မှ-
(၁) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
(၂) ဒေါက်တာ တင်မျိုးဝင်း
(၃) ဦးကျော်တင့်ဆွေ
(၄) ဦးမိုးဇော်ဦး နှင့်
UNFC ဘက်မှ
(၁) ဗိုလ်ချုပ်ကြီး အင်ဘန်လ
(၂) နိုင်ထောမွန်
(၃) ခွန်းအေဘယ်တွိဒ်
(၄) ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်
(၅) ခူဦးရယ် နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဝင်များ။
UNFC ကိုယ်စားလှယ်အဖွဲ့မှ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀း၃၀ မှ ၁၁း၀၀ ထိ Chatrium Hotel၊ အမှတ်
၄၀၊ နတ်မောက်လမ်း၊ ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
သတင်းမီဒီယာများမှ ဆက်သွယ်မေးမြန်းရန်-
ခူဦးရယ်၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် (DPN)
(၉၅) ၀၉၃၁-၄၃၀-၃၀၀ နှင့် (၆၆) ၀၈၄၈-၀၅၁-၃၄၄


EmoticonEmoticon

Comments system

Flag Counter