ရှမ်းမြောက်နယ်မြေရှင်းရာတွင် တပ်တွင် အကန့်အသတ်ရှိဟု ဗိုလ်ချုပ်မှူးကြီး ပြော






ရှမ်းမြောက်နယ်မြေရှင်းရာတွင် တပ်တွင် အကန့်အသတ်ရှိဟု ဗိုလ်ချုပ်မှူးကြီး ပြော

တပ်က ရှမ်းမြောက်ဒေသတွင်း နယ်မြေရှင်းရာမှာ တရုတ်နိုင်ငံနဲ့ နီးလွန်းတာနဲ့ ပြည်သူတွေသွားလာနေတဲ့နေရာတွေဖြစ်နေလို့ အကန့်အသတ် ရှိနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ စတာဗရို လန်ဘရီနီဒီ တို့ နေပြည်တော် တွေ့ဆုံဆွေးနွေးမှုအတွင်း သူက ပြောခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားရာတွင် ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း KIA၊ TNLA နှင့် MNDAA အကြမ်းဖက်သောင်းကျန်းသူများ၏ နောက်ခံ သမိုင်းကြောင်းနှင့် လက်ရှိ လုပ်ဆောင်နေသည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းပေါ်တွင် တံတားများအား ဖောက်ခွဲဖျက်ဆီးမှု၊ လမ်းကြောင်း ပိတ်ဆို့မှု၊ အများ ပြည်သူသွားလာလှုပ်ရှားသည့်နေရာများ၊ ရဲကင်းစခန်းများအား ၀င်ရောက် ပစ်ခတ် တိုက်ခိုက်မှု၊ အပြစ်မဲ့ပြည်သူများနှင့်ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်သတ်ဖြတ်မှုများ၊ တပ်မတော်စခန်းများအား အင်အားသုံး၍အလစ်အငိုက်တိုက်ခိုက်မှုအခြေအနေများနှင့် တဖက်နိုင်ငံနှင့် လွန်စွာနီးကပ်ခြင်း၊ ပြည်သူလူထုသွားလာလှုပ်ရှားသည့်နေရာများတွင် တိုက်ခိုက်မှု ဖြစ်ခြင်းတို့ကြောင့် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းလုပ်ဆောင်ရာတွင် ကန့်သတ်ချက်များရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။”


သူတို့နှစ်ဦး တွေ့ဆုံမှုအတွင်း ရှမ်းပြည်နယ်အရှေ့မြောက် ဒေသမှာ တိုက်ပွဲများဖြစ်ပွားနေမှု၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ထိခိုက်နိုင်မှုအခြေအနေများ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့ရာမှာ တွေ့ကြုံရတဲ့ အခြေအနေ များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တပ်မတော်အနေနဲ့ အရေးယူ ဆောင်ရွက်မှု အခြေအနေများ၊ မိုင်းရှင်းလင်းရေးကိစ္စ ရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်များနှင့် ပတ်သက်လို့ တပ်မတော်အနေနဲ့ လုံးဝခွင့်လွှတ်မှုမရှိဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိ တယ်လို့ လည်း ဥရောပလူ့အခွင့်အရေးကိုယ်စားလှယ်ကို ပြောခဲ့ပါတယ်။






http://burmese.dvb.no/archives/177324


EmoticonEmoticon

Comments system

Flag Counter