ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံပထမအစည်းအဝေးနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံပထမအစည်းအဝေးနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
============================================
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်
၁။ UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် (တိုးချဲ့)အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်မှ(၂၅)ရက်နေ့အထိကျင်းပပြုလုပ်၍ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပါအ၀င် နိုင်ငံရေးအခြေအနေအရပ်ရပ် တို့အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။
၂။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် အစိုးရကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးခဲ့ကြသည့်ရလဒ်အပေါ်တွင်လည်းကောင်း၊ သြဂုတ်လ(၂၁-၂၂)ရက်နေ့များတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်အစည်းအဝေးနှင့် ၂၁-ရာစုပင်လုံ ကျင်းပရေးပူးတွဲကော်မတီ ပထမအကြိမ်အစည်းအဝေးရလဒ်တို့အပေါ်တွင်လည်းကောင်း အစီရင်ခံတင်ပြခြင်း၊ အပြန်အလှန်မေးမြန်းဆွေးနွေး သုံးသပ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
၃။ အဆိုပါဆွေးနွေးညှိနှိုင်းသုံးသပ်ချက်များအပေါ်အခြေခံ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန်ရည်ရွယ်လျှက် လာမည့် ၂၁-ရာစုပင်လုံညီလာခံသို့ UNFC အဖွဲ့ဝင်အဖွဲ့အစည်းများအနေဖြင့် အားလုံးနှင့်အတူတကွ ပါဝင်တက်ရောက်သွားကြမည်ဖြစ်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
ဆက်သွယ်ရန်
နိုင်ဟံသာ - ဒုတိယဥက္ကဋ္ဌ ဖုန်း - +66(0)80-503-0849
ခူဦးရယ် - အထွေထွေအတွင်းရေးမှူး ဖုန်း - +66(0)84-805-1344


EmoticonEmoticon

Comments system

Flag Counter