သဘောထားထုတ်ပြန်ချက်



သဘောထားထုတ်ပြန်ချက်
================
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်
၁။ UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် ( တိုးချဲ့ ) အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်မှ(၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်၍ ၂၁-ရာစုပင်လုံညီလာခံပထမအစည်းအဝေးပြီးနောက် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအ၀င် နိုင်ငံရေးအခြေအနေအရပ်ရပ်တို့အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါသည်။
၂။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့မှ စက်တင်ဘာလ(၃)ရက်နေ့ထိ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ၂၁-ရာစုပင်လုံညီလာခံမှာ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လူထုသို့သက်သေထူ၍တင်ပြခဲ့သည့် သမိုင်းဝင် အစည်းအဝေး ကြီးတစ်ခုအဖြစ် မှတ်ယူပါသည်။
၃။ ဤသို့ကျင်းပနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည့် သမ္မတဦးထင်ကျော်ဦးဆောင်သောအစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
၎။ သို့ရာတွင် အစိုးရအနေဖြင့် အားလုံးပါဝင်ရေးကို ဆက်လက်ဖော်ဆောင်ရန်လိုအပ်နေသေးပြီး၊ မြေပြင်တွင် ဖြစ်ရှိနေသည့် မြန်မာ့တပ်မတော်၏ထိုးစစ်ဆင်မှုများအားလုံး အမြန်ဆုံးရပ်တန့်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့်အဖြေရှာရေး နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို လက်တွေ့ ကျင့်သုံး၍ အဖြေရှာရန် လိုအပ်ပါသည်။
၅။ UNFC အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘော ထား ထုတ်ပြန်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
ဆက်သွယ်ရန်
နိုင်ဟံသာ - ဒုတိယဥက္ကဋ္ဌ ဖုန်း - +66(0)80-503-0849
ခူဦးရယ် - အထွေထွေအတွင်းရေးမှူး ဖုန်း - +66(0)84-805-1344
PDF File Download Link >>> https://www.docdroid.net/…/unfc-stmt-after-21-cpc-1st-mtg11…
UNFC - Burma Page မှ ကူးယူဖေါ်ပြသည်။


EmoticonEmoticon

Comments system

Flag Counter