ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)




(၄၉) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်
ယနေ့သည် (၁၉၆၇) ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့က ရခိုင်ပြည်၊ စစ်တွေမြို့၌ ရခိုင်ပြည်သူများ ဆန်ပြတ်လပ်သွားသဖြင့် အစိုးရထံမှ ဆန်ရောင်းချပေးပါရန် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့် ပြည်သူများအား မဆလအစိုးရက အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သော ကြောင့် လူပေါင်း (၂၀၀) ကျော် သွေးမြေကျသေဆုံးခဲ့ရသည့် (၄၉) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ ဖြစ်ပါသည်။
အုပ်စိုးသူအဆက်ဆက်သည် ရခိုင်ပြည်သူများအား ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆောင်ရွက်ခဲ့မှုများကို မသိကျိုးကျွံပြု ကာ ဤဖြစ်ရပ်အပေါ် ဆူပူအကြမ်းဖက် ခိုးဆိုးလုယက်မှုအနေအထားအဆင့်သာသာ သတ်မှတ်ခဲ့ကြပြီး ဒေသခံလူထု၏ နစ်နာချက်နှင့် ဒဏ်ရာဒဏ်ချက်များကို ယနေ့ထိမျက်ကွယ်ပြုထားကြဆဲဖြစ်သည်။ လူထု၏ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုများကိုလည်း နည်းလမ်းပေါင်းစုံ ဖြင့် ကန့်သတ်နှိပ်ကွပ်ထားကြဆဲဖြစ်သည်။ သို့ရာတွင် သွေးစွန်းသောစစ်တွေဆန်ပြဿနာဖြစ်ရပ်ဆိုးမှာ ရခိုင်ပြည်သူလူထု၏ နှလုံးသားထဲ တွင် မည်သို့မျှပျောက်ကွယ်မသွားသည့်အပြင် အုပ်စိုးသူလူတန်းစားအဆက်ဆက်အား အရိပ်မည်းကြီးအဖြစ် ခြောက်လှန့်နေဆဲပင်ဖြစ် သည်။
ရခိုင်ပြည် လက်ရှိအခြေအနေတွင်လည်း သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ဆင်းရဲမွှဲတေမှု၊ သဘာဝသယံဇာတများအား အတိုင်းအဆမရှိထုတ်ယူနေမှုတို့ကြောင့် ရခိုင်ပြည်သူများသည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့် ကဏ္ဍာတိုင်းတွင် ဒုက္ခမျိုးစုံအား နေ့စဉ်နှင့်အမျှ ခံစားနေကြရဆဲဖြစ်သည်။ ထိုပြဿနာများအား ကိုင်တွယ်ဖြေရှင်းရန် လက်ရှိအစိုးရသစ်နှင့် ပြည်နယ်အစိုးရအနေဖြင့် ထိ ရောက်ကောင်းမွန်သော ရေတို၊ ရေရှည် စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်နေသည်ဟု ယူဆသည်။ ခေတ်အဆက် ဆက် အစိုးရတို့၏ ရခိုင်ပြည်သူလူထုအပေါ် မျက်ကွယ်ပြုမှု၊ ဥပက္ခာပြုမှုများအား အဆုံးသတ်နိုင်ရန်အတွက် အစိုးရသစ်အနေဖြင့် သက် သေပြရမည့် အချိန်ကောင်းဟု မှတ်ယူပါသည်။
ထိုကြောင့် တိုင်းပြည်တွင် လက်ရှိကြုံတွေ့နေရသည့် အထွေထွေချွတ်ခြုံကျမှုအား ကျော်လွှားလွန်မြောက်လိုလျှင် တိုင်းပြည်၏ နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲပြီး တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အပေါ် အာမခံ ချက်အပြည့်အဝရှိသည့် စစ်မှန်သောဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကိုဖော်ဆောင်ရန်၊ အလုံးစုံပါဝင်သော တနိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးအား အစိုးရအနေဖြင့်ကြေညာရန် အထူးလိုအပ်ပါသည်။ တိုင်းပြည်၏ ပြဿနာအရပ်ရပ်အား ညှိနှိုင်းအဖြေရှာတွင်လည်း တိုင်းရင်းသားများအားလုံး ပါဝင်ဆွေးနွေးခွင့်ရရှိရေးတို့အတွက်လည်း (၄၉) နှစ်မြောက် သွေးစွန်းသောစစ်တွေဆန်ပြဿနာနေ့တွင် မိမိတို့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) မှ အလေးအနက် တိုက်တွန်းလိုက်ပါသည်။
“ စစ်တွေ ဆန်ပြဿနာအရေးတော်ပုံ ” တွင် သွေးမြေကျပေးဆပ်သွား ခဲ့ကြသော လုပ်သားပြည်သူအပေါင်းအား အစဉ်ဂါရဝပြုလေးစားလျက် ။



ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)



EmoticonEmoticon

Comments system

Flag Counter