ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC)










 






ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC) ၏ အဖွဲ့ဝင်အဖွဲ့အစည်းများ ဖြစ်ကြသော ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ၀ အမျိုးသားအဖွဲ့ချုပ် (WNO) တို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) တို့ (၂၀၁၆) ဇူလိုင်လ (၂၁) ရက်နေ့ နံနက် (၈) နာရီတွင် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ Khumphucome Hotel ၌ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် အားလုံးပါဝင်ရေးနှင့်ပတ်သက်၍ အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည့် ခေါင်းဆောင်ကိုယ်စားလှယ်များ -
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)
၁။ ဦးခက်ထိန်နန်
၂။ ဦးမိုးဇော်ဦး
၃။ ဒေါ်ဒွဲဘူ
၎။ ဦးကျော်လင်းဦး
UNFC (လက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့မှ ခေါင်းဆောင်များ)
၁။ ခူဦးရယ် (အထွေထွေအတွင်းရေးမှူး - UNFC)
၂။ ဦးထွန်းဇော် (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ - UNFC / အထွေထွေအတွင်းရေးမှူး - ရခိုင်ပြည်အမျိုးသားကောင်စီ ANC)
၃။ ဒေါက်တာခင်မောင် (ဥက္ကဋ္ဌ - ရခိုင်ပြည်အမျိုးသားကောင်စီ ANC)
၎။ ဗိုလ်မှူးကြီး မင်းထွန်း (စစ်ဦးစီးချုပ် - ရခိုင်ပြည်အမျိုးသားကောင်စီ ANC / ရခိုင်ပြည်တပ်မတော် AA)
၅။ ဗိုလ်မှူးကြီး ဆော်လမွန် (ဒုတိယဥက္ကဋ္ဌ - လားဟူဒီမိုကရက်တစ်သမဂ္ဂ LDU)
၆။ တာ့ညီလူ (တွဲဖက်အတွင်းရေးမှူး - ၀ အမျိုးသားအဖွဲ့ချုပ် WNO)


သတင်းနှင့်ပြန်ကြားရေးဋ္ဌာန
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)


EmoticonEmoticon

Comments system

Flag Counter