|| လှမျိုးထွန်း |
နိုင်ငံရေးသမားကောင်းမှန်ရင
ကိုလံဘီယာမှာ အစိုးရနဲ့ FARC တော်လှန်ရေး ပျောက်ကြားအဖွဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးတဲ့ပွဲမှာ သူပုန်ခေါင်းဆောင်ဖြစ်တဲ့ တီမိုချန်ကို (တကယ်တော့သူ့အမည်ရင်းက ရိုဒရီကို လန်ဒန် ဖြစ်ပါတယ်) က "ဒီစစ်ပွဲကြီးအတွင်းမှာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေ အားလုံးအတွက် ခွင့်လွှတ်ပေး ကြဖို့ ကျွန်တော် တောင်းပန်ပါတယ်" လို့သူ့ နိုင်ငံသားအားလုံးကို ဝန်ခံ ပြောဆိုခဲ့ပါတယ်။
ဒီစစ်ပွဲကြီးဆိုတာ ကွန်မြူနစ်ဩဇာခံ လက်နက်ကိုင် FARC ကိုလံဘီယာ တော်လှန်ရေး တပ်မတော်နဲ့ အစိုးရတပ်ဖွဲ့အကြားမှာဖြစ်ပ
သူပုန်တပ်ဖွဲ့ (တော်လှန်ရေးပျောက်ကြား) ခေါင်းဆောင်ရဲ့စကားအဆုံးမှာ
မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြည်သူ့အစိုးရ လက်ထက်မှာ ဆက်လက် အကောင်အထည် ဖော်နေတာကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ပြည်သူအပေါင်းက မျှော်လင့်ချက် ကြီးကြီးမားမား ထားနေပါတယ်။ ကိုလံဘီယာ လက်နက်ကိုင်အဖွဲ့ FARC နဲ့ သမ္မတဆန်းတို့စ် အစိုးရလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ ပြည်ထောင်စုအစိုးရ ကိုယ်တိုင် သဘောထားကြီးဖို့ လိုနေတာ အမှန်ပါပဲ။
ယုံကြည်ချက် တစ်ခုကြောင့် လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ သူတွေအတွက် ကာလအတိုင်းအတာ တစ်ခုမှာ ကိုယ့်လုပ်ရပ်ဟာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်မရောက် မှန်မှန်ကန်ကန် သုံးသပ်ဖို့ အချိန်ကျပါပြီ။ ကာလအတိုင်းအတာ ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံက လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ အတွက်ကတော့ ဆယ်စုနှစ်ပေါင်းများစွာတောင
မြန်မာနိုင်ငံရဲ့ပြည်တွင်းစ
"ဒီလို- သားသေ၊ လင်ဆုံးနဲ့ ကျေးရွာတွေ၊ မီးလောင်မြေ ဖြစ်စေခဲ့တဲ့ တရားခံကြီး ငစိုးလာပါပြီဗျ။ ထွက်ကြည့်ကြပါ။ ကျွန်တော်နဲ့ ထိုက်တန်တဲ့ အပြစ်ပေးကြပါ။ ကျွန်တော် ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်" လို့ လှိုက်လှိုက်လှဲလှဲ ဟစ်အော်မိခဲ့တယ်လို့ ဆိုပါတယ်။
သူဒီလိုအော်ဟစ်ခဲ့တယ် ဆိုတဲ့အကြောင်းကို ကွင်းကောက် သုံးပါတီအစည်းအဝေးမှာ ပြောခဲ့တာဖြစ်တယ်။ သူက ဆက်ပြောပါသေးတယ် "ကျွန်တော် ဟန်ဆောင်ပန်ဆောင် အော်ခဲ့တာ မဟုတ်ပါ ဘူး။ ကျွန်တော် ကျူးလွန်ခဲ့မိတဲ့အမှားကို တကယ်မြင်လို့ ပြုပြင်ချင်လို့ အော်ခဲ့မိတာပါ” လို့ သုံးပါတီ ကိုယ်စားလှယ်တွေရှေ့မှာ ပြောခဲ့တယ်။
ဒီအဖြစ်အပျက်ဟာ ကာယကံရှင်ကိုယ်တိုင် ပြောတာကို မြင်ခဲ့ကြားခဲ့ ရတဲ့သူက စာပေအဖြစ်နဲ့ ရေးသား မှတ်တမ်းတင်ခဲ့လို့သာ နောက်လူများ သိရှိရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းသောင်း ကျန်းမှုကို စတင်ခဲ့တဲ့ ကွန်မြူနစ်ဘိုးအေကြီး သခင်စိုးကတော့ မဆလအစိုးရ လက်ထက်မှာ အဖမ်းခံရ (တိုက်ပွဲမှာ ဖမ်းမိတာဖြစ်ပေမည့် သူကတော့ အလင်းဝင်ဖို့ လာရင်းနဲ့ အဖမ်းခံရတယ်လို့ တရားရုံးမှာထွက် ပါတယ်) သေဒဏ်အပေး ခံရ၊ နောက်တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကပြန်လွတ်၊ လွတ်လပ်တဲ့ လူတစ်ယောက်အဖြစ် သေသည်အထိ နေသွားခဲ့ရပေမည့် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် တရားဝင် တစ်ခါမှ ဝန်မခံသွားခဲ့ပါဘူး။
ရှေ့က နိုင်ငံရေးသမား ကိုယ်တိုင် ဝန်ခံရဲတဲ့ သတ္တိမရှိခဲ့လေတော့ နောက် တက်လာတဲ့ ခေါင်းဆောင်တွေ (အတင်းလုပြီး တက်လာသူတွေရော၊ သူများဆွဲတင်လို့ စင်ပေါ်ရောက်နေတဲ့ သူတွေကပါ) လုပ်သင့်လုပ် ထိုက်တာတွေ မလုပ်ရုံမကဘဲ ဒီထက်တစ်ဆင့်တိုးပြီး ငါလုပ်ခဲ့တာမှန်သမျှ တိုင်းပြည်အတွက် လုပ်ခဲ့တာတွေချည်းပဲ၊ အထက်က ခိုင်းတာကို တာဝန်ကျေအောင် လုပ်ခဲ့တာပဲ၊ ငါဟာ အမြဲတန်းမှန်တယ်လို့ ‘ထင်’ တစ်လုံး ဖြစ်နေကြတာတွေက အဆိုးဝါးဆုံး နိုင်ငံရေးစာရိတ္တ ပျက်စီးခြင်းပါ။
တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အအုံ မိုင်းခွဲဖျက်ဆီး ပစ်လိုက်တာ ကို ဘယ်သူ့မှာ တာဝန်ရှိမှန်း မသိအောင် နိုင်ငံတော်အဆင့် ခေါင်းဆောင်ကြီး ဦးနေဝင်းက အရေးပေါ် ပါတီညီလာခံနဲ့ လွှတ်တော်မှာ ဒေါသတကြီး ပြော ဆိုခဲ့တာဟာလည်း မြန်မာ့သမိုင်းရဲ့ရုပ်အဆိုး
ပြည်တွင်းငြိမ်းချမ်းရေးအတွ
ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ အကျိုးအမြတ် ရရှိဆောင် အပေးအယူ လုပ်ကြရတာမဟုတ်ပါဘူး။ စစ်ဒဏ်ခံစားနေရတဲ့ တိုင်းသူပြည်သားတွေ အားလုံး လုံခြုံဘေးကင်းစွာ အသက်ရှင်နေထိုင်ဖို့အတွက် ခေါင်းဆောင်တွေ က လုပ်သင့်လုပ်ထိုက်တာတွေ နောက်ဆံမတင်းဘဲ လုပ်ကိုင်ဆောင်ရွက်ကြ ရမှာ ဖြစ်တယ်။
ယုံကြည်ချက်ကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်သူတွေအတွက် ဒီမိုကရေစီနည်းကျကျ ပြည်သူ့အဆုံးအဖြတ် ခံယူဖို့ ဘာမှ အခက်အခဲရှိနိုင်မှာ မဟုတ်ပါဘူးဆိုတာကို ကိုလံဘီယာနိုင်ငံက FARC လက်နက်ကိုင်အဖွဲ့က ၂၆ စက်တင်ဘာ ၂၀၁၆ မှာ သက်သေပြသွားခဲ့ပါပြီ။ လက်ဝဲဝါဒီ FARC တော်လှန်သော ပျောက်ကြား တပ်မတော်အတွက် နှစ်ပေါင်း ၅၀ အတွင်း ခက်ခဲတဲ့ အဆုံးအဖြတ်ကို နောက်လာ နောင်သားတွေအတွက် ချမှတ်ပေးခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။
သူတို့က လက်နက်အားလုံးကို စွန့်လွှတ်ဖို့ သဘောတူခဲ့တယ်။ အစိုးရကလည်း သူတို့ လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်ပါ အချက်အလက်တွေကို လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီး တိုင်းပြည်ရဲ့ သဘောတူညီချက်ကို ရယူပေးမယ်လို့ သဘောတူညီခဲ့တယ်။ နှစ်ဖက်စလုံးက ဘယ်လောက်တောင် ဒီမိုကရေစီ ပီသလိုက်ပါသလဲ။
ပြည်သူ့ဆန္ဒခံယူပွဲက ငြိမ်းချမ်းရေးစာချုပ်ကို လက်ခံတယ်ဆိုရင် လွှတ်တော် ကနေ ထပ်ဆင့်အတည်ပြုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးမယ်။ ပြီးရင်တော့ တစ်ချိန်က လက်နက်ကိုင် တော်လှန်ခဲ့ကြတဲ့ FARC အဖွဲ့လည်း ရွေးကောက်ပွဲမှာဝင်ပြိုင်ပြ
ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ကြတာ ဖြစ်ပါတယ်။ အဲဒီယုံကြည်ချက် ကလည်း ပြည်သူ တွေရဲ့ အဆုံးအဖြတ်ကို ခံယူနိုင်မှသာ နိုင်ငံကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကိုလံဘီယာ သူပုန်တွေ ကတော့ ပြည်တွင်း စစ်မှာ သုံးမည့်ကျည်ဆံတွေကို ဆန္ဒမဲအဖြစ် အသွင်ပြောင်းလိုက်ပါပြီ။ ဒါဟာ ရာစုနှစ်ထက်ဝက်ကျော် လက်နက်ကိုင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ သူတို့ဟာ ပြည်သူ လူထုကို ယုံကြည်တယ်။
ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပေမည့် အနာဂတ်မျိုးဆက်အတွက် ကောင်းသော အစဉ်အလာတွေ ပေးနိုင်ဖို့အတွက် တည်တည်ငြိမ်ငြိမ်ပဲ ဆုံးဖြတ်နိုင်ခဲ့ တယ်။ နှစ်ဖက်ညီမှ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာနိုင် တာမို့ အစိုးရခေါင်းဆောင် သမ္မတကြီးဆန်းတို့စ်ရဲ့ သက်တမ်း ခြောက်နှစ်အတွင်းမှာ အကြီးမားဆုံး အောင်မြင်မှုလည်း ဖြစ်ပါတယ်။
ကမ္ဘာသားအားလုံးအတွက် ကိုလံဘီယာနိုင်ငံက FARC ခေါင်းဆောင် တီမိုချန်ကိုအဖြစ် လူသိများတဲ့ ရိုဒရီကိုလန်ဒန်ကတော့ နှစ်ပေါင်း ငါးဆယ် ပြည်တွင်းစစ်အတွင်းက အဖြစ်အပျက်အားလုံးအတွက် ခွင့်လွှတ်ပေးဖို့ ဝန်ခံပြီး တောင်းပန်စကား ဆိုသွားခဲ့ပါပြီ။ ပြည်တွင်းစစ် ကာလအတွင်း ကိုလံဘီယာမှာ လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းကြတယ်။ သူ့ကို ကမ္ဘာ့ခေါင်းဆောင် အများအပြားက ဩဘာပေးခဲ့ကြပါတယ်။
အားလုံး အဖြူရောင်အင်္ကျီတွေ ဝတ်ဆင်ထားတဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးပွဲမှာ သူမိန့်ခွန်းပြောနေတုန်း ကိုလံဘီယာလေတပ်က ဂျက်လေယာဉ်တွေ ခေါင်းပေါ်ကနေ ဖြတ်ကျော်ပျံသန်း သွားပါတယ်။ အရင်ကလို သူ့ကို သုတ်သင်ဖို့လာတဲ့ ဂျက်လေယာဉ်တွေ မဟုတ်လို့ ရိုဒရီကိုတစ်ယောက် ပုန်းစရာနေရာ ရှာစရာ မလိုတော့ပါဘူး။ ကိုလံဘီယာ တပ်မတော်က ငြိမ်းချမ်းရေးအတွက် ဂုဏ်ပြုပျံသန်းခြင်းသာ ဖြစ်ပါတော့တယ်။ သူ့ရဲ့ ဝန်ခံရဲတဲ့ သတ္တိအတွက်ကတော့ လေးစားအတုယူစရာပါ။
လှမျိုးထွန်း
The Ladies News
EmoticonEmoticon