ပါတီဗဟိုနှင့် ဗဟိုခေါင်းဆောင်များကို ဒီမို ကရေစီကျုံးသွင်းကြ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီဝင်တွေပါတဲ့ ပါတီဗဟိုဟာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲရဲ့
ဗဟိုချက်မလည်း ဖြစ်ပါတယ်။ ပါတီဗဟိုအားကောင်းမှ ဒီမိုကရေစီအပြောင်းအလဲလည်း
အားကောင်းမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအပြောင်းအလဲကို ဦးဆောင်မယ့်
ဗဟိုခေါင်းဆောင်တွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်ရင် ခေါင်းဆောင်မှုအားကောင်းဖွယ်ရာရှိပါတယ်။ ပါတီဗဟိုကို ဒီမိုကရေစီနည်းကျ မပြင်ဆင်၊ မဖွဲ့စည်းနိုင်သရွေ့ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲဟာ နွံထဲ၌ လှည်းဘီးကျွံနေဦးမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီညီလာခံကို ၂၀၁၃ ခုနှစ်မတ်လ ၈ ရက်နေ့မှ
မတ်လ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလလယ် မှာ
ပါတီညီလာခံသက်တမ်းဟာ သုံးနှစ်နဲ့ ခြောက်လကျော်လာပါ ပြီ။ ပါတီညီလာခံရဲ့
သုံးနှစ်ခွဲသက်တမ်းမှာ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ရဲ့ ပါတီတည်ဆောက်ရေး
ဟာ ဖရိုဖရဲ၊ ကစဥ့်ကလျားဖြစ်နေဆဲလို့ သုံးသပ်ရမှာပါ။ ဒီချုပ်ပါတီကို
စနစ်တကျတည်ဆောက်နိုင်ဖို့ အလှမ်းဝေးနေဆဲဖြစ်တဲ့အပြင်
ပါတီခေါင်းဆောင်တွေကိုလည်း ဒီမိုကရေစီနှုန်းစံတွေနဲ့
ရွေးကောက်တင်မြှောက်နိုင်ဖို့ ခဲယဉ်းနေဆဲပါ။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒီ ချုပ်ပါတီဟာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာ။
အဲဒီတုန်းက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကြောင့် အဓိကလို့ ဆိုရမှာပါ။
ရွေးကောက်ပွဲအလွန် ပါတီတည် ဆောက်ရေး အားမကောင်းတာ ကြောင့်
အစိုးရတွေဖွဲ့စည်းတဲ့အ ခါ အားကောင်းသင့်သလောက် အားမကောင်းခဲ့တာကတော့
ငြင်းမရတဲ့အချက်ပါ။
အစိုးရတွေ အားမကောင်း ရင်၊ အားနည်းချက်တွေများရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ
နေနဲ့ တာဝန်ယူရမှာပါ။ ပြည်သူ တွေက ယုံကြည်မှုအပြည့်နဲ့ အ ပြောင်းအလဲအတွက်
မျက်စိမှိတ် မဲပေးခဲ့ကြတယ်ဆိုတာ အားလုံး အသိပါ။ ပြည်သူတွေက တာဝန် ကျေပါတယ်။
ဒီချုပ်ပါတီအနေနဲ့ ပြည်သူတွေကို တာဝန်ကျေနိုင်ဖို့၊ ပြည်သူကို
မျက်နှာမူနိုင်ဖို့ ရှေးရှုရ မှာပါ။ ဘာလိုလိုနဲ့ အစိုးရတွေရဲ့
သက်တမ်းခြောက်လပြည့်ခါနီးပါ
ပြီ။ အစိုးရသက်တမ်းခြောက်လ မှာ စွမ်းဆောင်ရည်အကဲဖြတ်တာ မျိုးကို
လွတ်လွတ်လပ်လပ်လုပ် နိုင်ဖို့ လိုမယ်ထင်ပါတယ်။ အစိုးရ အဖွဲ့တွေရဲ့
အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ စိန်ခေါ်ချက်တွေ ကို အစွဲကင်းကင်း၊ ဘက်ကင်း
ကင်းဆန်းစစ်ကာ ထုတ်သင့်တဲ့သူ တွေကိုထုတ်၊ ဖယ်သင့်တဲ့သူတွေ ကိုဖယ်ကာ
အစိုးရတွေကို ပြုပြင် ပြောင်းလဲဖွဲ့စည်းနိုင်မှ ဖြစ်မယ် လို့ မြင်ပါတယ်။
လက်ရှိဝန်ကြီး တွေနဲ့ အစိုးရတွေကို မပြုမပြင် တောင့်ခံနေမယ်ဆိုရင်တော့
လက်ကျန်အစိုးရသက်တမ်းမှာ အခက် အခဲတွေ၊ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေ
ပိုများလာမလားဆို တာ စိုးရိမ်စရာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့
အပြောင်းအ လဲအားကောင်းဖို့ဆိုရင် နိုင်ငံရေး ပါတီ (ဒါမှမဟုတ်)
နိုင်ငံရေးအင် စတီကျူးရှင်းတွေ အားကောင်းဖို့ လိုပါတယ်။ နိုင်ငံရေးအင်စတီ
ကျူးရှင်းတွေ အားကောင်းလာ တာနဲ့အမျှ စီးပွားရေးအင်စတီ ကျူးရှင်းတွေလည်း
အားကောင်း လာမှာ ဖြစ်ပါတယ်။ စီးပွားရေး အင်စတီကျူးရှင်းတွေ အား
ကောင်းဖို့ဆိုတာ နိုင်ငံရေးအင် စတီကျူးရှင်းတွေအပေါ်မှာ မူ တည်နိုင်ပါတယ်။
နိုင်ငံရေးအင် စတီကျူးရှင်းတွေမှာတော့ အစိုး ရ၊ လွှတ်တော်နဲ့
နိုင်ငံရေးပါတီ တွေက ဒေါက်တိုင်တွေပါ။ ပါတီစုံဒီမိုကရေစီနိုင်ငံရေးမှာ
နိုင်ငံရေး ပါတီတွေကတော့ ပိုသော့ချက် ကျပါတယ်။ ပါတီအားမကောင်း ရင်တော့
အစိုးရတွေ၊ လွှတ်တော် တွေဟာလည်း အားမကောင်းနိုင် ပါ။ အဲဒါကြောင့်
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေနဲ့ အား ကောင်းတဲ့ အစိုးရတွေ၊ လွှတ်
တော်တွေကို နိုင်ငံရေးအသက် သွင်းချင်တယ်ဆိုရင်တော့ ပါတီ တည်ဆောက်ရေးကို
ဇောင်းပေး ရမှာပါ။ ပါတီဟာ လူထုနဲ့ တစ် သားတည်းရပ်တည်ရမှာပါ။
ပါတီကော်မတီတွေဟာ လူထုကိုကိုယ် စားပြုကာ အစိုးရတွေနဲ့ လွှတ် တော်တွေကို
တည့်မတ်ပေးရမှာ ပါ။ ပါတီကိုအပြောင်းအလဲရဲ့ ဒေါက်တိုင်အဖြစ်
တည်ဆောက်နိုင်ရမှာပါ။
ဒီချုပ်ပါတီရဲ့ နိုင်ငံရေး
ဦးဆောင်လမ်းညွှန်မှုဟာ အစိုးရ တွေ၊ လွှတ်တော်တွေကို ထိန်း ကျောင်းတဲ့နေရာမှာ
အခရာကျပါ တယ်။ ပါတီရဲ့ ခေါင်းဆောင်မှုကို ကြည့်ရင် နိုင်ငံလုံးဆိုင်ရာ ညီလာ
ခံကြီး၊ ဗဟိုကော်မတီနဲ့ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့တွေ ပါဝင် တာကို
ပါတီစည်းမျဉ်းနဲ့ ဖွဲ့စည်း ပုံအရ သိရပါတယ်။ ဗဟိုကော် မတီက တင်မြှောက်တဲ့
ဗဟိုအ လုပ်အမှုဆောင်အဖွဲ့လို့ ဖော်ပြ ထားတာ တွေ့ရပါတယ်။ ပါတီရဲ့
အထက်အောက်ကော်မတီတွေ ကို ဖွဲ့စည်းတဲ့နေရာမှာ ဒီမိုကရေ စီနည်းအရ
ရွေးကောက်တင် မြှောက်ရမယ်၊ အရေးပေါ်ဖွဲ့စည်း ဖို့လိုအပ်ရင်တောင် ဒီမိုကရေစီ
နည်းကျကျ ညှိနှိုင်းမှုနဲ့ ဖွဲ့စည်းရ မယ်ဆိုတာ ပါတီစည်းမျဉ်းနဲ့ ဖွဲ့
စည်းပုံစာအုပ်နီမှာ လူသိရှင်ကြား ပါပြီးသားပါ။ ညီလာခံသက်တမ်း
သုံးနှစ်ခွဲမှာ ပါတီအထက်အောက် ဖွဲ့စည်းတဲ့အခါ ဒီမိုကရေစီကို
ကျင့်သုံးခဲ့ရဲ့လား မေးခွန်းထုတ် စရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ခွဲက
ဗဟိုကော်မတီအစည်းအဝေး မှာ အဲဒီတုန်းက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခန့်
အပ်တာဝန်ပေးခဲ့တဲ့ ဗဟိုအလုပ် အမှုဆောင်တွေကို အခုထက်ထိ ဒီမိုကရေစီအထိုင်ပေါ်
မပြောင်း လဲနိုင်သေးတာကတော့ ရုပ်ဆိုး လွန်းပါတယ်။ သုံးနှစ်ခွဲညီလာခံ
သက်တမ်းအတွင်း ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ရဲ့ ခေါင်းဆောင်မှု၊
လုပ်ငန်းဆောင်ရွက်မှုတွေကို ပွင့် လင်းမြင်သာ သုံးသပ်နိုင်ဖို့လိုပါ တယ်။
ပါတီကို နိုင်ငံရေး၊ စည်း ရုံးရေး၊ စည်းကမ်းထိန်းသိမ်းရေး ရှုထောင့်တွေကနေ
ပေမီဒေါက်မီ တည်ဆောက်နိုင်စွမ်းမရှိရင် ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ပြင်
ဆင်ဖွဲ့စည်းရမှာပါ။
တုန်လှုပ်အံ့ဩမိတာက တော့ နိုင်ငံရေးစာခြောက်ရုပ်နဲ့တူ
နေတဲ့ ပါတီဗဟိုကော်မတီပါ။ တကယ်တော့ ဗဟိုကော်မတီဟာ ပါတီရဲ့
ကျောရိုးဖြစ်သလို ပါတီ ရဲ့ဦးနှောက်ဖြစ်ရမှာပါ။ ပါတီရဲ့ မူဝါဒ၊ လမ်းစဉ်၊
လုပ်ငန်းစဉ်နဲ့ ဗျူဟာတွေကို ဦးဆောင်နေတဲ့ ပါတီယန္တရားလည်း ဖြစ်ပါတယ်။
ပါတီဗဟိုကော်မတီက အား ကောင်းမှသာ ပါတီနဲ့ ပါတီခေါင်း ဆောင်တွေ
အားကောင်းနိုင်မှာ ပါ။ ဗဟိုကော်မတီသာ ပါတီရဲ့ဗျူဟာမြောက်အဆုံးအဖြတ်တွေ၊
မူဝါဒလမ်းညွှန်မှုတွေကို ချမှတ်ရ မှာ ဖြစ်ပါတယ်။ လတ်တလော အခင်းအကျင်းအရတော့
ဒီချုပ် ပါတီမှာ ဗဟိုကော်မတီရှိကောရှိ သေးရဲ့လားလို့ ထင်ရလောက် အောင်
ဗဟိုကော်မတီဟာ အား နည်းချိနဲ့နေတာပါ။ အားနည်းချည့် နဲ့ အောင်လုပ်ထားတာပါ။
ဗဟို ကော်မတီကို ချည့်နဲ့အောင်လုပ်တာဟာ ပါတီကို သတ်တာပါ။ပါတီကို
နောက်ကျောဓားနဲ့ထိုးတာပါ။ ဗဟိုကော်မတီအစည်းအ ဝေး မကျင်းပနိုင်တဲ့ ကာလရှည်
ကြာလေလေ၊ ပါတီတွင်း ဗဟိုချုပ် ကိုင်တာ ပိုများလေလေ ဖြစ်နိုင်ပါတယ်။
ဗဟိုကော်မတီကို ချည့်နဲ့ အောင် ပါတီတွင်း ဗဟိုချုပ်ကိုင် မှုကြီးမားအောင်၊
ပါတီတွင်းဒီမို ကရေစီမရှိသလောက်နည်းပါး အောင် လုပ်နေတဲ့သူတွေဟာ ဒီ
ချုပ်ပါတီကို ဖျက်ဆီးမယ့် ပူးသတ်သူတွေပါ။ အဆိပ်အတောက်တွေ ပါ။
နိုင်ငံရေးဗိုင်းရပ်စ်တွေပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ဗဟိုကော်မတီအစည်းအ ဝေးတွေကို ပါတီညီလာခံနောက် ပိုင်း လေးကြိမ်သာကျင်းပနိုင်ခဲ့ပါ
တယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၃ရက် ၁၄ ရက်နေ့တွေမှာ ဒီချုပ်ပါတီ
ဗဟိုကော်မတီအစည်းအဝေးကို နောက်ဆုံးကျင်းပခဲ့တာပါ။ ဗဟို ကော်မတီ
အစည်းအဝေးကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင် ခင်၊ ၂၀၁၆ ခုနှစ် ဒုတိယအကြိမ်
လွှတ်တော်အစည်းအဝေးတွေ မတိုင်ခင်၂၀၁၆ ခုနှစ် အစိုးရမဖွဲ့ စည်းခင်
ခေါ်ယူကျင်းပသင့်တာ ပါ။ ပါတီဗဟိုကော်မတီအစည်း အဝေးကို မြန်မြန်ခေါ်နိုင်လေ
ကောင်းလေဖြစ်ပါတယ်။ ဗဟိုကော်မတီအစည်းအဝေးကို လ ပေါင်းနှစ်ဆယ်ကျော်
(ရက်ပေါင်း ခြောက်ရာကျော်) မကျင်းပတာ ကတော့ အတော့်ကို ကစဥ့်က လျားနိုင်တဲ့
အခင်းအကျင်းလို့ ဆိုရမှာပါ။ ပါတီစည်းမျဉ်းထဲမှာ ပါတီညီလာခံသက်တမ်း၊ ဗဟို
ကော်မတီနဲ့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ ပုံမှန်အစည်းအဝေး တွေ ကျင်းပဖို့
သတ်မှတ်ချက်တွေ ကို တိတိကျကျဖော်ပြမထားတာ ကလည်း သိသာတဲ့အားနည်းချက်
ဖြစ်ပါတယ်။ ဗဟိုကော်မတီက လုပ်ပိုင်ခွင့်အပ်နှင်းထားတဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ဗဟိုကော်မတီ ပုံမှန်အစည်းအဝေးတွေ ခေါ်ယူကျင်းပသင့်တာပါ။
ဒီချုပ်ပါတီ ဗဟိုကော်မတီ ဝင်တွေဟာ နိုင်ငံရေးအရ ဗိုင်း
ကောင်းကျောက်ဖိဖြစ်လွန်းနေ တာ စိုးရိမ်စရာဖြစ်ပါတယ်။ ပါတီ စည်းကမ်းကို
လိုက်နာတာနဲ့ မျက် စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်နေ တာက မတူခြားနားပါတယ်။
ဗဟိုကော်မတီဝင်တွေဆိုတာ မျက်စိ ဖွင့်၊ နားစွင့်၊ ပါးစပ်ဖွင့်နေနိုင်မှ
တော်ရုံကျမှာပါ။ ဒီချုပ်ပါတီဟာ အချိုးအကွေ့တစ်ခု အနားကို ရောက်နေတယ်လို့
ဆိုနိုင်ပါ တယ်။ နိုင်ငံရေးပါတီရဲ့ ကံကြမ္မာ ကို ထိန်းကျောင်းနိုင်တာကတော့
ပါတီဝင်တွေနဲ့ ခေါင်းဆောင်တွေ ပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီရဲ့ ကောင်းမွေ၊
ဆိုးမွေဟာ ပါတီ တွင်းမှာပဲ ရှိပါတယ်။ အဲဒါကြောင့်နိုင်ငံရေးပါတီကို ထိန်းကျောင်းတဲ့ နေရာမှာ ပါတီတွင်းအင်အားက အခရာကျပါတယ်။ အဲဒီအင်အား နဲ့ ပါတီကိုပြောင်းလဲနိုင်အောင် မောင်းနှင်ရတာပါ။ တကယ်တော့ပါတီဗဟိုကော်မတီဝင်တွေဟာ
ပါတီရဲ့ ကျောရိုးတွေ၊ ပါတီရဲ့ ဒေါက်တိုင်တွေ၊ ပါတီရဲ့ ဝင်ရိုး တွေပါ။
ဗဟိုကော်မတီဝင်တွေ အားကောင်းမောင်းသန်မှ ပါတီ ကလည်း ရုပ်လုံးကြွလာမှာပါ။
ကျွန်တော် အကြံပြုချင်တာ တစ်ခုရှိပါတယ်။ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်
ပါတီဗဟိုကော် မတီဝင်တွေအနေနဲ့ ဗဟိုကော် မတီဝင်အစည်းအဝေး အမြန်ဆုံး
ခေါ်ယူကျင်းပပေးဖို့၊ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ကို
ပါတီစည်းမျဉ်းပါအတိုင်း ဗဟို ကော်မတီက ဒီမိုကရေစီနည်းကျ
ဆန္ဒမဲပေးရွေးချယ်နိုင်ဖို့၊
ပါတီအ နေနဲ့ အစိုးရတွေ၊ လွှတ်တော်တွေ ကို ပြည်သူကို မျက်နှာမူလို့ ထိန်း
ကျောင်းနိုင်ဖို့အပါအဝင် ရေးကြီး သုတ်ပျာဆောင်ရွက်ဖွယ်ရာတွေ ကို
လက်မှတ်ရေးထိုး၊ တောင်းဆို မယ်ဆိုရင်၊ အဲဒီလက်မှတ်အရေ အတွက်ဟာ
ဗဟိုကော်မတီဝင် ဦးရေ ထက်ဝက်ကျော်မယ်ဆိုရင် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေ
အရ အတွင်းရေးမှူးအဖွဲ့နဲ့ ဗဟို အလုပ်အမှုဆောင်တွေအနေနဲ့ မသိဟန်ဆောင်
မျက်ကွယ်ပြုဖို့ ခဲယဉ်းမှာ ဖြစ်ပါတယ်။ အဲဒါဟာ လက်ငင်းနိုင်ငံရေးစီးကြောင်းမှာ နိုင်ငံရေးအရ လှမ်းသင့်လှမ်းထိုက်တဲ့ခြေလှမ်းပါ။
ပါတီတွင်း ဝေဖန် ရေးဟာ ပါတီတည်ဆောက်ရေး ကို အားပေးတယ်ဆိုတာနဲ့အညီ
အပြောမဟုတ် အလုပ်နဲ့သက် သေပြနိုင်ဖို့ လိုပါတယ်။ ဗဟို ကော်မတီနဲ့
ဗဟိုအလုပ်အမှု ဆောင်တွေအနေနဲ့ ပါတီတွင်း အုပ်စုဖွဲ့တာ၊ ဆရာမွေးတပည့်
မွေးတာတွေကို ပြတ်ပြတ်သား သား စည်းကမ်းကိုင်ဆောင်ရွက် နိုင်ဖို့လိုပါတယ်။
ဒီချုပ်ပါတီဟာ ပါတီဖွဲ့စည်း ပုံစည်းမျဉ်းကို မဖြစ်မနေပြန်ရေး ဆွဲရမှာပါ။
ပါတီဥက္ကဋ္ဌကစလို့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တွေ၊ ဗဟိုကော်မတီဝင်တွေအပါ အဝင်
ရပ်ကျေးပါတီကော်မတီအ ထိ တာဝန်တွေနဲ့လုပ်ပိုင်ခွင့်တွေ ကို ပါတီဖွဲ့စည်းပုံစည်းမျဉ်းထဲ
မှာ တိတိကျကျဖော်ပြထားသင့် တာပါ။ ပါတီစည်းမျဉ်းစည်းကမ်း နဲ့ပတ်သက်တဲ့
အခြေခံမူတွေ၊ သဘောထားတွေကိုလည်း ထည့် သွင်းရေးဆွဲထားသင့်တာပါ။ ပါတီရဲ့
ရေးရာကော်မတီတွေနဲ့ ပတ်သက်ရင်လည်း ဖွဲ့စည်းပုံ စည်းမျဉ်းမှာ
ခရေစေ့တွင်းကျဖော် ပြထားသင့်ပါတယ်။ ပါတီဖွဲ့စည်း ပုံစည်းမျဉ်းကို မပြင်ဆင်
မဖြည့် စွက်နိုင်သရွေ့ ပါတီတည်ဆောက် ရေးဟာလည်း အားလျော့နေဦး မှာပါ။
ပါတီဟာလည်း အင်စတီ ကျူးရှင်းကောင်းကောင်းဖြစ်လာ ဖို့ အလှမ်းဝေးဦးမှာပါ။ အင်စတီ ကျူးရှင်းပုံစံမဝင်တဲ့ ပါတီထဲမှာ ဗဟိုချုပ်ကိုင်မှုများလွန်းတာ၊ ပါတီတွင်းပုဂ္ဂိုလ်ရေးကိုးကွယ် တာ၊ ဂိုဏ်းဂဏသဘောများနေ တာတွေကို ကျော်လွှားနိုင်ဖို့ ခက် ခဲဦးမှာ ဖြစ်ပါတယ်။
အစိုးရဖွဲ့ပြီးတဲ့နောက်ပိုင်း
ဒီချုပ်ပါတီကို ဦးဆောင်မောင်းနှင် မယ့် အတွင်းရေးမှူးအဖွဲ့ကလည်း
စုပေါင်းခေါင်းဆောင်တဲ့ ပုံစံမဝင်ဘဲ တစ်ဦးတစ်ယောက်က ခြယ် လှယ်နေတဲ့
သဘောဆောင်နေ မယ်ဆိုရင် နိုင်ငံရေးအရ မှန်းချက်နဲ့ နှမ်းထွက်လွဲနိုင်ပါတယ်။
ပါတီ ရဲ့တပ်ဦး၊ ကျောရိုးဖြစ်ရမယ့် ပါတီဗဟိုကော်မတီကို
ရက်ပေါင်းခြောက်ရာကျော် ဘေးထုတ်ထား တာဟာ နိုင်ငံရေးအရ အင်မတန်အရုပ်ဆိုး
အကျည်းတန်ပါတယ်။ ဗဟိုကော်မတီကို ဒီမိုကရေစီစံချိန် စံညွှန်းတွေနဲ့အညီ
ပြန်အသက်သွင်းလာနိုင်မယ်ဆိုရင် ပါတီတွင်းမှာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တစ်ဂိုဏ်းရဲ့ အာဏာရှင်ဆန်ဆန် အပြုအမူတွေကိုလည်း ထိန်းချုပ်ပြီးသားဖြစ်နိုင်မယ်လို့ သုံးသပ်မိ ပါတယ်။
အချုပ်အနေနဲ့ပြောရရင် နိုင်ငံရေးအင်စတီကျူးရှင်းတွေ၊
နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် အာဏာရအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့
ဒီမိုကရေစီစံနှုန်း တွေနဲ့အညီ ဖွဲ့စည်းနိုင်ဖို့ ရှေးရှု ကြရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ ဘက်ယိမ်းမှ ဗဟိုချုပ်ကိုင်တာကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။
ဗဟိုချုပ် ကိုင်တာကို ထိန်းနိုင်မှာ အာဏာ ရှင်ဘက်ကို မတိမ်းမယိမ်းနိုင်မှာ
ပါ။ ခေါင်းခေါက်ရွေးထားတာ မဟုတ်တဲ့၊ လက်တို့ရွေးထားတာ မဟုတ်တဲ့၊
ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ဒီချုပ်ခေါင်း ဆောင်တွေကသာ
ဒီမိုကရေစီခရီး ရှည်ကို ဦးစီးဦးဆောင်ပြုသင့်တာ ပါ။ အဲဒါကြောင့်
ပါတီဗဟိုကော် မတီနဲ့ ကော်မတီအဆင့်ဆင့်တွေ အနေနဲ့ ပါတီဗဟိုနဲ့ ဗဟိုခေါင်း
ဆောင်တွေကို ဒီမိုကရေစီကျုံး သွင်းနိုင်ဖို့ ဗျူဟာမြောက်ပြင်ဆင်
ဖော်ဆောင်သင့်တဲ့အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
EmoticonEmoticon