ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ကတော့ ပြီးဆုံးခဲ့ပါပြီ။ ဒီညီလာခံမှာ မတူကွဲပြားလှတဲ့ အမြင်တွေကို တင်ပြခဲ့ကြတာဖြစ်ပြီး အထစ်အငေါ့ အလွဲအချော်တချို့နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ လေ့လာသူ အများစုရဲ့ အကောင်းမြင်ကိုတော့ ရရှိခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ပြဿနာ ရှိတာက စိုးရိမ်စရာ မဟုတ်ဘဲ ပြဿနာ မရှိချင်ယောင် ဆောင်တာက စိုးရိမ်စရာဖြစ်ကြောင်း ပြောပြီး သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖြေရှင်းကြဖို့လိုေ
ဒီလိုတောင်းဆိုလာမှုတွေအပေါ် အဆိုးမြင်နဲ့ သုံးသပ်လို့တော့ မရပါဘူး။ ဒါဟာ ၂၀ ရာစုနဲ့ ၂၁ ရာစုကြား ကွာဟလာတဲ့ အခြေအနေတွေလို့ ဆိုရမှာပါ။ လူမျိုးငယ် အများအပြားဟာ ၁၉၄၇ ကာလနဲ့ ယနေ့ကာလကြား နှစ်ပေါင်း ၇၀ လောက်အတွင်း နိုင်ငံရေးအရ နိုးကြားလာကြတာ ဖြစ်သလို လူမှုရေး၊ စီးပွားရေးနဲ့ အခြားအသိအမြင်ဆိုင်ရာတွေ အားလုံးလောက်မှာ တိုးတက်ဖွံ့ဖြိုးလာကြတာ ဖြစ်ပါတယ်။ ဒါကို အသိအမှတ်ပြုကြရမှာ ဖြစ်တယ်။
ဥပမာ- ‘ဝ’ လူမျိုးများဟာ ၁၉၆၈ ခု မတိုင်မီ ကာလက ခေါင်းဖြတ်ယဇ်ပူဇော်တဲ့ ဓလေ့တောင် ရှိနေခဲ့သေးတာ ဖြစ်တယ်။ အဲဒီအချိန်မှာ တရုတ်ပြည်ဘက်က ‘ဝ’ တွေကတော့ အလယ်တန်း၊ အထက်တန်းအဆင့်အထိ စာသင်နေနိုင်ကြပြီ ဖြစ်ပါတယ်။ ဗကပအင်အားများ အဲဒီဒေသတွေမှာ အခြေခံစခန်း ထူထောင်လာတဲ့ နောက်ပိုင်းမှာ သူတို့ဟာ နိုင်ငံရေး၊ လူမှုရေး အဆင့်မြင့်လာကြတာ ဖြစ်တယ်။ နဂိုက အင်္ကျီတောင်မရှိတဲ့ အနေအထားကနေ အခုလို အဆင့်ကို ရောက်လာတာပါ။ အခုချိန်မှာတော့ သူတို့ဟာ ‘ဝ’ လူမျိုး သမိုင်းကြောင်းတွေကို ပြန်လည်ဖော်ထုတ်ပြီး ရှေးခေတ်က ဘယ်လိုအခြေခံရှိခဲ့တဲ့ လူမျိုးဆိုတာမျိုး ပြောဆိုလာကြတာပါ။ အခု ‘ဝ’ ပြည်နယ်တောင်းရာမှာ လက်ရှိ ‘ဝ’ မြို့နယ် ခြောက်မြို့နယ်သာမက ကျိုင်းတုံနဲ့ အောက်ပိုင်းက ၁၀ မြို့နယ်ပါ ‘ဝ’ ပြည်နယ်ထဲမှာ ထည့်သွင်းဖို့ တောင်းဆိုလာတာ ဖြစ်တယ်။
ရှမ်းနီလူမျိုးကတော့ ၄၇ ခုနှစ်ကာလက ယဉ်ကျေးမှု နိမ့်နေသေးလို့ အခွင့်အရေး ဆုံးရှုံးခဲ့တာ မဟုတ်ဘဲ မြင့်နေခဲ့တဲ့ အတွက်ကြောင့် ဆုံးရှုံးတယ်လို့ ဆိုရမှာပါ။ ကချင်ပြည်နယ် ဖွဲ့စည်းထူထောင်ရေးမှာ မြစ်ကြီးနားနဲ့ ဗန်းမော်ခရိုင်တွေထဲက ရှမ်းလူမျိုးတွေ နေထိုင်တဲ့ မြေပြန့်ဒေသတွေ မပါရင် ဘယ်လိုမှဖြစ်မှာ မဟုတ်တဲ့အတွက် သူတို့ကို ကချင်ပြည်နယ်ထဲ ထည့်သွင်းခဲ့တာပါ။ အဲဒီအချိန်က ရှမ်းနီဒေသမှာ ဖဆပလ အမတ်တွေ ရှိနေခဲ့ပါပြီ။ သူတို့က ‘ရီးစ်ဝီလျံ’ ကော်မရှင်အထိ တက်ပြီး ကန့်ကွက်ခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖဆပလမူကို နာခံပြီး ဒီကိစ္စကို လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစိတ်ဓာတ်က ကောင်းပင်ကောင်သော်ငြားလည်း
အခု တိုင်းရင်းသား လက်နက်ကိုင်များဘက်က တင်ပြချက်တွေကို ကြည့်ရင် UNFC တင်ပြချက်နဲ့ ‘ဝ’ အဖွဲ့ တင်ပြချက်ကြားမှာ ကွဲလွဲမှုတွေ ရှိတာ တွေ့ရပါတယ်။ UNFC တင်ပြချက်မှာ လူများစုကို ပြန်လည်ကန့်သတ်လိုတဲ့ သဘောတွေ တွေ့ရပြီး ‘ဝ’ တင်ပြချက်မှာတော့ ‘ဝ’ အပါအဝင် အခြားသော လူမျိုးငယ်များရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ်ထူထောင်ခွင့်တွေကိုပ
‘ဝ’ အဖွဲ့ တင်ပြချက်တွေထဲက အရေးကြီးတဲ့ အချက်တွေကို အချုပ်သဘော တင်ပြရရင် (၁) ပြည်ထောင်စု အသစ်တစ်ခု တည်ထောင်ရေး၊ (၂) တူညီသောစာချုပ် တစ်ခုတည်းနဲ့ တိုင်းရင်းသား အသီးသီးရဲ့ တောင်းဆိုမှုများကို တရားမျှတစွာ ပြည့်ဝမည်ဟု မယူဆနိုင်ကြောင်း၊ အဖွဲ့လိုက်ဖြစ်ဖြစ်၊ နှစ်ဖက်သဘောတူညီချက်ဖြစ်ဖြစ
ခြုံပြောရရင်တော့ လက်နက်ကိုင်များရဲ့ တင်ပြချက်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရေးနဲ့ လက်နက်ကိုင်တပ်များကိုလည်း ဒီအတိုင်း ဆက်ထားရေးပဲ ဖြစ်ပါတယ်။ UNFC ဘက်က ဒါထက်ပိုတာကတော့ ပြည်နယ်များကို ဗမာပြည်နယ်၊ တိုင်းရင်းသားများပြည်နယ် စသဖြင့် ဖွဲ့စည်းဖို့ ဆိုတာတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ရေချုပ်၊ လေချုပ်တွေကို လူမျိုးတစ်မျိုးစီ ဖြစ်ရမယ် စတာမျိုးတွေပါပဲ။ ပြောရရင်တော့ ကွန်ဖက်ဒရေးရှင်း ပုံစံလို အကြာကြီးသွားပြီး တန်းတူမှ တပ်မတော်တစ်ခုတည်း လုပ်မယ်၊ တန်းမတူရင် မလုပ်သေးဘူးဆိုတဲ့ သဘော ဖြစ်တယ်။ တန်းတူမတူ ဆိုတာကို ဘာနဲ့သတ်မှတ်သလဲ ဆိုတာကလည်း ကွဲလွဲနိုင်သေးတာပဲ ဖြစ်တယ်။
ဒီအချက်တွေကတော့ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား၊ တောင်းချင်တာကို တောင်းတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒါတွေကို ကြိုတွက်မိလို့ တောင်းချင်တာကို တောင်းနိုင်ပေမယ့် ရမယ်လို့တော့ အာမမခံနိုင်ကြောင်း ပြောခဲ့တာဖြစ်တယ်။ နောက် ကိုယ့်ဘက်က ဘာရယူလိုတယ် ဆိုတာထက် ဘာကိုပေးမလဲဆိုတာ စဉ်းစားဖို့ လိုကြောင်း၊ အသက်အရွယ်ကြီးလှပြီ ဖြစ်တဲ့ ခေါင်းဆောင်တွေ အနေနဲ့ အနာဂတ်မျိုးဆက်များ အတွက် ဘာတွေချန်ပေးခဲ့မလဲ ဆိုတာ စဉ်းစားဖို့ လိုကြောင်း၊ ညီလာခံ ကာလမှာလည်း အခုဆွေးနွေးပွဲများဟာ ဒီညီလာခံ တက်ရောက်နေသူတွေအတွက် မဟုတ်ဘဲ အနာဂတ် မျိုးဆက်များအတွက် ဖြစ်ကြောင်း အာပေါက်အောင် ပြောခဲ့၊ ဟောခဲ့ပါတယ်။ ဒါပေမဲ့ နားမဝင်ကြဘူးဆိုတာ တွေ့ရတဲ့အတွက် ရင်လေးမိတာ အမှန်ပါပဲ။
ဒီလိုတစ်ဖက်က တောင်းဆိုမှုများ သိပ်မြင့်လာတဲ့အတွက် တပ်မတော်ဘက်ကလည်း မူခြောက်ချက်ကို ပြန်တင်လာတာပါပဲ။ ဖက်ဒရယ် ဆိုတာတောင် ထည့်မပြောတော့တာ တွေ့ရပါတယ်။ ဒီညီလာခံဟာ အစိုးရသစ် လက်ထက်မှာ ပထမဆုံး ဖြစ်တာကြောင့် အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာကိုတော့ ပြောဖို့ အလွန်စောနေပါသေးတယ်။ ကြားကာလ အမျိုးသားအဆင့် ဆွေးနွေးပွဲများမှာ လွယ်ကူတဲ့ ဘုံသဘောတူညီချက် တချို့ ရရှိအောင် ဆွေးနွေးနိုင်ရင်တော့ နောက်ထပ် ညီလာခံတစ်ခုမှာ တစ်ခါ ထပ်မံတွေ့ဆုံကြရစရာ ရှိပါတယ်။ ဒီလိုညီလာခံ ကျင်းပလိုက်၊ အောက်ခြေဖြန့်ပြီး ဆွေးနွေးပွဲများ လုပ်လိုက်နဲ့ လွယ်ကူတဲ့သဘော တူညီချက်များမှ တစ်ဆင့် ခက်ခဲသော အဆင့်များကို တက်လှမ်းလာနိုင်မလား ဆိုတာကတော့ နှစ်ဖက်ပုဂ္ဂိုလ်များရဲ့ အမြော်အမြင်များနဲ့ပဲ သက်ဆိုင်နေပါတယ်။
ဒီနေရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သြဇာရှိမှု၊ စိတ်ဓာတ်ခွန်အား ကြံ့ခိုင်မှုတို့ကို အားကိုးမိပေမယ့် ‘ပြည်တွင်းစစ် ဆိုသည်မှာ စမိလျှင် ပြီးဆုံးရန် အလွန်ခက်ခဲကြောင်း၊ တစ်ဖက်က တကယ်သဘောပေါက်လာလို့ စစ်ရပ်စဲချင်လျှင်တောင် တစ်ဖက်က အင်အားနည်းလို့ ပရိယာယ် သုံးတာလို့ ထင်တတ်ကြောင်း၊ ဒါကြောင့် အလျှော့မပေးရာကနေ စစ်ပွဲပြန်ဖြစ်ပြီး သံသရာ ပြန်လည်သွားတတ်ကြောင်း’ စသဖြင့်ရေး သားထားတဲ့ ကစ်ဆင်းဂျားရဲ့ ‘ကသောင်းကနင်းနှစ်များ’ (Years of Upheaval) စာအုပ်ထဲက စာပိုဒ်ကိုလည်း တစ်ဖက်က သတိရမိနေပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ရပါတယ်။
ဘမောင်ညို
EmoticonEmoticon