နေပြည်တော်တွင် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် ပထမဆုံး ငြိမ်းချမ်းရေးညီလာခံအပေါ် ရခိုင်အမျိုးသားပါတီ (Arakan National Party - ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ အမြင်


(9-3-2016)

“ လာမယ့်ကာလမှာ ဦးဆောင်မယ့် အစိုးရတစ်ရပ်ရဲ့ ရပ်တည် ချက်ကလည်း အရေးကြီးပါတယ်။ သူ့ရဲ့ရပ်တည်ချက်သည် အပြောနဲ့ ဆောင်ရွက်ခဲ့ရတဲ့ ရပ်တည်ချက် ဟုတ်၊ မဟုတ်၊ လက် တွေ့အကောင်အထည်ဖော်နိုင်တဲ့ ရပ်တည်ချက် ဟုတ်၊ မဟုတ် အပြန်အလှန် သုံးသပ်ဖို့ လိုပါလိမ့်မယ်။

လက်ရှိအစိုးရဟာ အပြောနဲ့ Reform (အပြောင်းအလဲ) ကို ချဉ်းကပ်တယ်။ အဲဒါအတွက်ကို အကောင်အထည်ဖော်တဲ့ နေ ရာမှာ အားနည်းချက်တွေရှိပါတယ်။ ပြည်တွင်း ငြိမ်းချမ်းမှု၊ အမျိုးသားပြန်လည်ရင်ကြားစေ့မှုဆိုတဲ့ ယဉ်ကျေးမှု စာမျက်နှာအသစ်ကို စကားလုံးတွေနဲ့ စပြီး ဖွင့်ပါတယ်။ သို့သော်လည်း အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ညီလာခံတစ်ခုကို ပီပီပြင်ပြင် သူတို့(အစိုးရ) အကောင်အထည် မဖော်နိုင်ခဲ့ဘူး။

ပြည်ထောင်စုတပ်မတော်ဖွဲ့မယ်ဆိုလို့ရှိရင် လက်ရှိ ကျွန်တော်တို့ မြန်မာ့တပ်မတော်ပေါ့။ အဲဒီဟာက နေရာ အများစုကို သူတို့ပဲ ယူထားကြမယ်ဆိုတာမျိုးတွေကို ပြုပြင်သွားဖို့ လို ပါတယ်။ နိုင်ငံရေးမှာလည်း သူတို့က (တပ်မတော်) ဦးဆောင် မယ်၊ ကျန်တာတွေလည်း သူတို့ပဲဦးဆောင်မယ်ဆိုတာမျိုး တော့ မဖြစ်သင့်တော့ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အညီ သယံ ဇာတခွဲဝေမှုတွေလည်း ပေးကြရမှာပေါ့။

တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အဆင့်တစ်ခုကို သွားနိုင်တာကိုက အောင်မြင်မှုလို့မြင်ပါတယ်။ သို့သော်လည်းပဲ အားလုံး ပါဝင် ရေးမူကို အခြေခံကြည့်မယ်ဆိုရင်တော့ အဲဒီလိုပါဝင် မလာခြင်းက အားနည်းချက်တစ်ခုလို့ မြင်ပါတယ် “

Photo: Than Htike


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv

Comments system

Flag Counter