ဒီကေဘီအေ စစ်ဦးစီးချုပ် စောလားဘွယ် ကွယ်လွန်


13 March 2016


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီကျော်လောက်က  ပဲခူးဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။
ပဲခူးမြို့ရှိနေအိမ်မှာ ဒီကနေ့မနက်က သွေးအန်လို့ ဆေးရုံကို တင်ပို့ခဲ့ပြီးနောက် ကွယ်လွန်သွားတာလို့ ပဲခူးမြို့နေ မိသားစုဝင် တဦးဖြစ်တဲ့ ဦးဇော်လတ်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီမနက် အကောင်းကြီးပဲ ရေးချိုးခန်းထဲဝင်တော့ ချောင်းဆိုးတော့ ချောင်းဆိုးရင်းနဲ့ သူ့ရဲ့ လည်ချောင်းက သွေးတွေကထွက်လာတော့ ပဲခူးဆေးရုံသွားပြလိုက်တယ်။ ပြတော့ သွေးက ခဲသွားလားမသိဘူး၊ အသက်ရှူလမ်းကြောင်းပိတ်သွားတယ်။ ဆရာဝန်ကုနေရင်းနဲ့၊ ရန်ကုန်မှာဆိုရင်တော့ မဖြစ်လောက်ဘူး။ ရန်ကုန်မှာက သူ့ကို ကုနေကျဆိုတော့ ခါတိုင်းလည်း အဲလိုဖြစ်ဖူးတယ်။ ဒီမှာကျတော့ ပိုက်ကို ထည့်ရင်းထည့်ရင်းနဲ့ ကြာသွားတာ။ ကြာပြီးတော့ အဲဒီမှာ သွေးကခဲပြီး အသက်ရှူလမ်းကြောင်းပိတ်သွားတာ။”
မိသားစုနဲ့အတူ ချောင်းသာဘက် အလည်သွားပြီအပြန် နောက်တစ်နေ့မှာ ကွယ်လွန်သွားတာလည်းဖြစ်ပါတယ်။
လက်ရှိ စောလားဘွယ်ရဲ့ ရုပ်ကလပ်ကို ဆုံဆည်းမြိုင်ကို သယ်ဆောင်သွားနေတယ်လို့ သိရပါတယ်။
ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ လည်ချောင်းဝေဒနာခံစားရ တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာက ရန်ကုန် မြောက်ဒဂုံမှာရှိတဲ့ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့သလို ၂၀၁၄ ဇန်န၀ါရီလကလည်း စင်ကာပူမှာ သွားရောက်ကုသခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ  ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ် သူ နော်ဖောဝါး  ကျန်ရစ်ခဲ့ပါတယ်။



 http://burmese.dvb.no/archives/139328

Related Posts


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv

Comments system

Flag Counter