မျက်မှောက် ကမ္ဘာ့ ဆိုရှယ်လစ်စနစ်





မျက်မှောက် ကမ္ဘာ့ ဆိုရှယ်လစ်စနစ်
=====================
( ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းအာထုတ်နေတဲ့ ကာလသို့ လှမ်းဝင်နေခြင်း)
အေးမြမွန်သိန်း (အရေးတော်ပုံ ဂျာနယ်- အတွဲ ၂- အမှတ် ၇)
၂၁ ရာစု ကနဦးမှာ ကမ္ဘာ့ဆိုရှယ်လစ်စနစ်ဟာ ထွန်းလင်းတောက်ပတဲ့အလင်းရောင်တွေ ပေါ်ထွက်ခဲ့သလို ထူးခြားချက်တွေ လည်း အများအပြား ပေါ်ထွက်ခဲ့တယ်။ တိုးတက်မှု အများအပြားလည်း ရရှိပါတယ်။ အရင်းရှင်စနစ် အကျပ်အတည်းသစ်တချီ ကြုံနေ ရတဲ့ ပတ်ဝန်းကျင်အခြေအနေအောက်မှာ ကမ္ဘာ့ဆိုရှယ်လစ်စနစ်ဟာ ဒီရေနိမ့်ကာလမှ ရုန်းထွက်ရင်း အသစ်တဖန် ဖွံ့ဖြိုးတိုးတက်စေ တဲ့ အခွင့်အရေးတွေ ရရှိနေတယ်။ တချိန်တည်းမှာ ကမ္ဘာ့အရင်းရှင်စနစ်ရဲ့ ပိုမိုပြင်းထန်ရှုပ်ထွေးတဲ့ အားပြိုင်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ လည်း ရင်ဆိုင်နေရပါတယ်။ တခုလုံးအရကြည့်ရရင် ၂၁ ရာစု ဆိုရှယ်လစ်စနစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဆိုဗီယက်နဲ့ အရှေ့ဥရောပနိုင် ငံတွေ ပြိုကွဲသွားပြီးနောက် “အရင်းရှင်စနစ်ဟာ ကမ္ဘာနဲ့အဝန်း တပေါင်းတစည်းတည်းဖြစ်လာနေပြီ” ဆိုတဲ့ လေလုံးထွားပြောဆိုမှုတွေ နဲ့ မာနထောင်လွှားတဲ့ ကောက်ချက်တွေကို ချိုးဖျက်ပစ်လိုက်တယ်။ ဒီတကယ့်ဖြစ်ရပ်ဟာ အရင်းရှင်စနစ် သေနင်္ဂဗျူဟာသမားတွေ ထူးထူးခြားခြား ကြိုးပမ်းလုပ်ဆောင်နေတဲ့ ရေရှည် အကျယ်အပြန့် ကျင့်သုံးခဲ့တဲ့ “မတိုက်လိုက်ရဘဲနဲ့ အောင်ပွဲရတယ်”ဆိုတဲ့ ငြိမ်းချမ်းစွာ တစတစကူးပြောင်းရေး အကြံအစည်ကိုလည်း ချေမှုန်းပစ်လိုက်တာဖြစ်တယ်။ “အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီ စနစ်ဟာ လူသားလူ့အဖွဲ့အစည်းရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တယ်” “သမိုင်းနိဂုံးချုပ်သွားပြီ” ဆိုတဲ့ ယုံတမ်း စကားတွေကိုလည်း အဆုံး သတ်ပစ်လိုက်ပါတယ်။ ကွန်မြူနစ်စနစ်ဟာ အရင်းရှင်စနစ်ကို မုချအစားထိုးလိမ့်မယ်ဆိုတဲ့ ပကတိဘာဝ သမိုင်းရဲ့တရားဥပဒေသတွေ မှန်ကန်ကြောင်း၊ မာ့က်စ်ဝါဒအမှန်တရားရဲ့အင်အားတွေ အသစ်တဖန် ရှင်သန်လာကြောင်း တကမ္ဘာလုံး အတိုင်းအတာအတွင်း အားရှိ ရှိနဲ့ ကြံ့ကြံ့ခိုင်ခိုင် သက်သေပြလိုက်တာလည်း ဖြစ်တယ်။ ဒါကြောင့် ၂၁ ရာစုဟာ ကမ္ဘာ့ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက် စေတဲ့ရာစု ဖြစ်ပါလိမ့်မယ်။
မျက်မှောက် ကမ္ဘာ့ဆိုရှယ်လစ်စနစ်ဟာ ဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲမှုအတွင်း ဖွံ့ဖြိုးတိုးတက်စေရေးကို ကြိုးပမ်းအား ထုတ်နေတဲ့ ကာလသို့ လှမ်းဝင်နေခြင်း
၂၀ ရာစု ၈၀-၉၀ ခုနှစ်တွေအတွင်း ဆိုဗီယက်နဲ့ အရှေ့ဥရောပနိုင်ငံတွေ အပြောင်းအလဲဖြစ်သွာပြီးနောက် ကမ္ဘာ့ဆိုရှယ်လစ် စနစ် ဖွံ့ဖြိုးတိုးတက်မှုဟာ ဆိုးဝါးပြင်းထန်တဲ့ ဒီရေနိမ့်ကာလသို့ ကျဆင်းသွားတယ်။ ဒါပေမဲ့ အနှစ် ၂၀ ကျော်ကာလဆိုတဲ့ တိုတောင်း လှတဲ့ အချိန်အတွင်း ၂၁ ရာစု ကနဦးမှာပဲ ကမ္ဘာ့အရင်းရှင်စနစ်ဟာ နက်ရှိုင်းလှတဲ့ အကျပ်အတည်းအတွင်း ကျရောက်သွားခဲ့ရာ ကနေ့ အထိ နက်ရှိုင်းလှတဲ့ ရွှံ့ညွန်အိုင်ထဲက မတက်နိုင်သေးဘူး။ ကိုယ်တိုင်လည်း ရုန်းထွက်နိုင်ဖို့ အလားအလာ မရှိဘူး။ အချိန်ကြာမြင့်စွာ ဆုပ်ကိုင်ထားကြတဲ့ “ကွန်မြူနစ်ဝါဒ ရှုံးနိမ့်သွားပြီဆိုတဲ့ သဘောတရား” “ဆိုရှယ်လစ်စနစ် ခေတ်မမီတော့ဘူးဆိုတဲ့ သဘောတရား” “ကွန်မြူနစ်ပါတီတွေ မှေးမှိန်ပျောက်ကွယ်သွားပြီဆိုတဲ့ သဘောတရား” “သံပြိုင်တေး” တွေဟာ ရုတ်တရက် အသံတိတ်သွားရုံမက သူ တို့ရဲ့ ခိုင်မာလှတဲ့ အခြေခံစိတ်ဓာတ်ဆိုတာကလည်း ဆုံးရှုံးသွားတာကြောင့် “ဓာတ်ပြားဟောင်း ကြီးပြန်ဖွင့်”ဖို့ ခက်သွားကြပြီ။ ဒါကို အခြေခံကျကျပြောရရင် အရင်းရှင်စနစ်ဟာ တောင်ဆင်းလမ်းကို စတင်သွားနေပါပြီ။ ဆိုရှယ်လစ်စနစ်ဟာလည်း ဒီရေနိမ့်ကာလထဲက နေ စတင်ထွက်လာနေပါပြီ။
ဆိုဗီယက်နဲ့ အရှေ့ဥရောပနိုင်ငံတွေ အပြောင်းအလဲ ဖြစ်သွားတဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်နဲ့ နှိုင်းစာရင် ဒီကမ္ဘာကြီးဟာ အမှန်တကယ်ပဲ အပြောင်းအလဲတွေ ပြင်းပြင်းထန်ထန် ဖြစ်သွားခဲ့ပြီ။ လူတွေဟာ ဒီကမ္ဘာကြီးကို လုံးဝသစ်လွင်တဲ့ အမြင်နဲ့ အကဲခတ်ကြည့်မြင်တာ မလုပ်လို့ မဖြစ်တော့ဘူး။ ကမ္ဘာ့အသွင်အပြင်၊ ဖွံ့ဖြိုးတိုးတက် ပြောင်းလဲမှုတွေ၊ အရေးကြီးတဲ့ အဖြစ် အပျက်တွေ၊ လူ့အဖွဲ့အစည်းစနစ်တွေကို အသစ်တဖန် အကဲခတ် ဝေဖန်သုံးသပ်သွားကြရလိမ့်မယ်။ ဒီလို အခြေအနေမျိုးအောက် မှာ ဆိုရှယ်လစ်စနစ်ရဲ့ကံကြမ္မာနဲ့ အရင်းရှင်စနစ်ရဲ့ကံကြမ္မာကို တက်တက်ကြွကြွ လေးလေးနက်နက် စူးစမ်းလေ့လာသွားရေးဟာ အဓိက ပြဿနာ ဖြစ်လာနေပါပြီ။
ဆိုဗီယက်နဲ့ အရှေ့ဥရောပ အပြောင်းအလဲမှနေ ကနေ့အထိ နှစ် ၂၀ ကျော်အတွင်း ကမ္ဘာပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ခဲ့ ကြတဲ့ ကွန်မြူနစ်ပါတီတွေဟာ အကျပ်အတည်းတွေကို ရင်ဆိုင်ရင်း ပြန်လည်ဖွဲ့စည်းမှု၊ ပြန်လည်ရှင်သန်မှုနဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ကို ကျော်ဖြတ်ခဲ့ရတယ်။ ဆိုဗီယက်နဲ့အရှေ့ဥရောပ အပြောင်းအလဲဖြစ်လိုက်တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ကွန်မြူနစ်ပါတီ အဖွဲ့ အစည်းတွေနဲ့ အင်အားစုတွေဟာ ကမ္ဘာ့အဝန်းအဝိုင်းအတွင်း ယခင် မရှိခဲ့ဖူးတဲ့ ထိခိုက်နစ်နာမှုမျိုး ဖြစ်ပေါ်ခဲ့ဖူးတယ်။ တဖက်မှာ ကွန် မြူနစ်ပါတီ အဖွဲ့အစည်းတွေဟာ ပြင်းထန်တဲ့ ထိုးနှက်တိုက်ခိုက်မှုတွေခံရပြီး တချို့ဟာ ဖျက်သိမ်းကွယ်ပျောက်သွားခဲ့ရတယ်။ တချို့ ဟာ အလံပြောင်း သို့မဟုတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အမျိုးအစားအဖြစ် အမည်ပြောင်းလဲခဲ့ကြတယ်။ ဒါမှမဟုတ် ပြည်တွင်း နိုင်ငံ ရေးဇာတ်ခုံဘေးမှာ ဘာမှမမှုလောက်တဲ့ အစွန်းရောက် ရေဒီကယ်ဂိုဏ်းအုပ်စုအဖြစ် ပြောင်းလဲသွားခြင်းတို့ဖြစ်တယ်။ အခြားတဖက်မှာ ကွန်မြူနစ်ပါတီ အဖွဲ့အစည်းအများအပြားဟာ ဘေးကျပ်နံကျပ် အခြေအနေအတွင်း အင်အားရှိရှိ ကြံ့ကြံ့ခိုင်ခိုင် တိုက်ပွဲဝင်ခဲ့ကြ တယ်။ ဆိုရှယ်လစ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒ တိုက်ပွဲပန်းတိုင်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခဲ့ကြတယ်။ မိမိနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ကိုက် ညီတဲ့ သဘောတရား သေနင်္ဂဗျူဟာနဲ့ လှုပ်ရှားမှုပုံစံကို စူးစမ်းလေ့လာကြတယ်။ ဒါကြောင့် မတူတဲ့အတိုင်းအတာအရ အောင်မြင်မှု တွေ ရရှိခဲ့ကြတယ်။ နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှုအတွက် အခြေခံအုတ်မြစ်ကို ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့တယ်။
ဒီနေ့ မလျှော့ တဲ့ ဇွဲလုံ့လနဲ့ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ခဲ့ကြတဲ့ ဒီလိုကွန်မြူနစ်ပါတီ အဖွဲ့အစည်းတွေဟာ တချို့လူတွေ ကြိုတင်နိမိတ်ဖတ် ပြောဆိုခဲ့ သလို တိမ်မြုပ်ပျောက်ကွယ်သွားခြင်း မရှိဘဲ၊ ၎င်းတို့ဟာ အသက်ရှင်တည်ရှိရေး ကာကွယ်ထိန်းသိမ်းခြင်းမှ အောင်မြင်ချက်အသစ် တွေ ရရှိအောင် ကြိုးပမ်းအားထုတ်ရင်း နိုင်ငံတကာကွန်မြူနစ်ဝါဒလှုပ်ရှားမှု ၂၁ ရာစုမှာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းဆော်ပေးခဲ့တယ်။
သက်ဆိုင်ရာ စာရင်းဇယားတွေအရ မျက်မှောက်ကမ္ဘာပေါ်ရှိ နိုင်ငံ ၁၀၀ ကျော်လောက်မှာ ကွန်မြူနစ်ပါတီအမည်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်းထားတဲ့ ဒါမှမဟုတ် မာ့က်စ်ဝါဒ လက္ခဏာရှိတဲ့ နိုင်ငံရေးပါတီ ၁၃၀ ကျော်ရှိတယ်။ ယခုအခါ ဆိုရှယ်လစ်နိုင်ငံတွေရှိ ကွန်မြူ နစ်ပါတီ အသီးသီးရဲ့ ပါတီဝင်အရေအတွက်မှာ ၉၇ သန်း ၅ သိန်း ရှိတယ်။ ၎င်းတို့အနက် တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ပါတီဝင် အရေ အတွက်မှာ ၈၈ သန်းကျော် ရှိတယ်။ တခြားကွန်မြူနစ်ပါတီတွေဖြစ်တဲ့ အာဏာရဆိုရှယ်လစ်နိုင်ငံတွေအနက် ဗီယက်နမ် ကွန်မြူနစ် ပါတီမှာ ပါတီဝင် ၄ သန်း ၅ သိန်း၊ မြောက်ကိုးရီးယား အလုပ်သမားပါတီမှာ ပါတီဝင် ၄ သန်းကျော်၊ ကျူးဘားကွန်မြူနစ်ပါတီမှာ ပါတီ ဝင် ၁ သန်းကျော်၊ လာအို ပြည်သူ့တော်လှန်ရေးပါတီမှာ ပါတီဝင် ၁ သိန်းကျော် ရှိနေပါပြီ။ ဆိုရှယ်လစ်နိုင်ငံတွေအပြင် ကမ္ဘာပေါ်မှ တခြားနိုင်ငံတွေရှိ၊ ကွန်မြူနစ်ပါတီအဖွဲ့အစည်း ၁၂၀ ကျော်မှာ ပါတီဝင် စုစုပေါင်း ၈ သန်း ၅ သိန်းအထိ ရှိနေပါပြီ။ ၎င်း တို့အနက် ပါ တီဝင် ၁ သောင်းကျော် ရှိတဲ့ ပါတီ ၃၀ ကျော်ရှိတယ်။
အာဏာရပြီး တိုင်းရေးပြည်ရာ ကိစ္စတွေကို ဆောင်ရွက်နေတဲ့ (ဒါမှ မဟုတ် ယခုတလောကာလမှာ အာဏာရပြီး တိုင်းရေးပြည်ရာကိစ္စတွေကို ဆောင်ရွက်ခဲ့ဖူးတဲ့) ကွန်မြူနစ်ပါတီ ၃၀ နီးပါး ရှိတယ်။ နိုင်ငံ အသီး သီးမှ ကွန်မြူနစ်ပါတီတွေဟာ မတူတဲ့လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်၊ မတူတဲ့တိုင်းပြည်ရဲ့ ပကတိအခြေအနေအကြောင်းအချက်နဲ့ မတူတဲ့ လူ့အဖွဲ့အစည်းစနစ်အောက်မှာ ရှိနေကြတာမို့ တော်လှန်ရေး၊ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတို့ကို စူး စမ်းလေ့လာတဲ့အခါ မတူတဲ့ထူးခြားချက် အသီးသီးရှိနေတယ်။ ရရှိချက် အောင်မြင်ချက်အသီးသီးဟာလည်း နှစ်အသင်္ချေ အဓွန့်ရှည် စွာ တည်တံ့နေတယ်။ ဒါပေမဲ့ နည်းနည်းမှ သံသယရှိစရာ မလိုတာကတော့ ဒီကွန်မြူနစ်ပါတီတွေဟာ မျက်မှောက် ကမ္ဘာ့နိုင်ငံရေး ပါ တီတွေအနက် အရေးပါအရာရောက်တဲ့အင်အားစု ဖြစ်နေမြဲဖြစ်တယ်။ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးစနစ်နဲ့ ဦးတည်ချီ တက်နေတဲ့ ပန်းတိုင်တို့နဲ့ ပတ်သက်ရင် အရေးကြီးတဲ့ရိုက်ခတ်မှု ရှိပါတယ်။ ၂၁ ရာစု ကမ္ဘာ့ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုး တက်မှု အသစ် ရရှိစေတဲ့ အဓိကအင်အားစု တပ်ဖွဲ့လည်း ဖြစ်တယ်။
ကမ္ဘာ့ကွန်မြူနစ်ပါတီ အဖွဲ့အစည်း အမျိုးအစားနဲ့ ပျံ့နှံ့တည်ရှိနေမှု
ကွန်မြူနစ်ပါတီ အဖွဲ့အစည်းတွေရဲ့ အမျိုးအစားနဲ့ ပျံ့နှံ့တည်ရှိနေပုံကိုကြည့်ရင် အဓိက အားဖြင့် -
(၁) ဆိုရှယ်လစ်စနစ် အကောင်အထည်ဖော်ဆောင်ရေး နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ထားတဲ့ ကွန်မြူနစ်ပါတီများ။ တရုတ်၊ ဗီယက်နမ်၊ ကျူးဘား၊ လာအိုနဲ့ မြောက်ကိုးရီးယားစတဲ့ ကွန်မြူနစ်ပါတီ အဖွဲ့အစည်းတွေဖြစ်တယ်။ ၎င်းတို့ဟာ ရေရှည် အာ ဏာဆုပ်ကိုင်ထားတဲ့ ပါတီတွေဖြစ်ကြပြီး မိမိနိုင်ငံရဲ့လက်တွေ့အခြေအနေနဲ့ ဆီလျော်တဲ့ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး၊ ပြုပြင် ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတို့ကို စူးစမ်းလေ့လာခဲ့လို့ စီးပွားရေး၊ လူမှုရေးဘက်တို့မှာ ကမ္ဘာ့ပြည်သူတွေက အာရုံ စူးစိုက်ကြည့်နေရတဲ့ အောင်မြင်ချက်တွေ ရရှိခဲ့ကြတယ်။ လက်တွေ့အောင်မြင်ချက်တွေက ဆိုရှယ်လစ်စနစ်ရဲ့ သာလွန်ချက်တွေကို လက်တွေ့ဖြင့် သက်သေပြနေတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မာ့က်စ်ဝါဒ အာဏာရ နိုင်ငံရေးပါတီ ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ပါတီဝင်အများဆုံး နိုင်ငံရေးပါတီလည်း ဖြစ်သလို ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်ပြည် ထူးခြား ချက်ပါတဲ့ ဆိုရှယ်လစ်စနစ်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ အရှေ့တိုင်းနိုင်ငံကြီး ဖြစ်တယ်။ မျက်မှောက်ကာလမှာ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်တယ်။
(၂) ဖွံ့ဖြိုးတိုးတက်ပြီး အရင်းရှင်နိုင်ငံမှ ကွန်မြူနစ်ပါတီများ။ အဓိကအားဖြင့် အနောက်ဥရောပမှ ကွန်မြူနစ်ပါတီတွေ၊ အမေ ရိကတိုက်မှ အမေရိကန်ကွန်မြူနစ်ပါတီ၊ ကနေဒါကွန်မြူနစ်ပါတီနဲ့ အာရှတိုက်မှ ဂျပန်ကွန်မြူနစ်ပါတီတို့ ဖြစ်တယ်။ ဒီပါတီတွေဟာ သမိုင်းအခြေအနေ အကြောင်းအချက်အသစ်အောက်မှာ “ဖွံ့ဖြိုးပြီး အရင်းရှင်စနစ်နိုင်ငံတွေဟာ ဆိုရှယ်လစ်စနစ်ကို ဘယ်လိုကူး ပြောင်းမလဲ” ဆိုတာကို ဆက်လက် စူးစမ်းလေ့လာနေကြတယ်။ ဒါဟာ မျက်မှောက်ကွန်မြူနစ်လှုပ်ရှားမှုအတွင်းမှ သမိုင်းပုစ္ဆာတခု ဖြစ် တယ်။ ယေဘုယျအားဖြင့် ပါလီမန်ဒီမိုကရေစီဖြင့် ငြိမ်းချမ်းစွာကူးပြောင်းရေး လမ်းကြောင်းကို ဆုပ်ကိုင်ထားကြတာ ဖြစ်တယ်။ အရင်း ရှင်စနစ်ရဲ့ နှလုံးအိမ်ဒေသတွေမှာတော့ မလျှော့တဲ့ဇွဲလုံ့လဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။ ဒီလိုနဲ့ တချို့လည်း တိုင်းရေးပြည် ရာ ကိစ္စတွေကို ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်လာပြီး အစိုးရရဲ့ ပေါ်လစီဆုံးဖြတ်ချက်အပေါ် အရေးကြီးတဲ့ ဩဇာ သက်ရောက်မှုရှိပါတယ်။
ဥပမာ-ဂျပန်ကွန်မြူနစ်ပါတီဟာ ဖွံ့ဖြိုးပြီး အရင်းရှင်စနစ်နိုင်ငံတော်မှာ “ခုန်ပျံကျော်လွား တိုးတက်ရေးကို ကြိုးပမ်း အားထုတ်နေပါတယ်”။ ဒီပါတီဟာ ယခုအခါ လွှတ်တော်အတွင်း အမတ် ၂၁ နေရာ ရှိနေပြီး လွှတ်တော်အတွင်း တတိယ အင်အားအကြီးဆုံး ပါတီဖြစ်ပါတယ်။ ယခုအခါ ဖွံ့ဖြိုးပြီး အရင်းရှင်နိုင်ငံတွေအတွင်း ပါတီဝင်ဦးရေ အများဆုံးလည်း ဖြစ်ပြီး ဖြစ်ထွန်း တိုးတက်မှု အကောင်းဆုံး ပါတီအဖွဲ့အစည်းတခု ဖြစ်တယ်။ ပါတီဝင် ၄ သိန်းရှိပြီး ဂျပန်ပြည်တွင်း နိုင်ငံရေးလောကမှာ အရေးပါ အရာ ရောက်တဲ့ အင်အားစုတရပ်ဖြစ်တယ်။
အနောက်ဥရောပမှ ပြင်သစ်ကွန်မြူနစ်ပါတီ၊ အီတလီ ပြန်လည်တည်ဆောက်ရေး ကွန်မြူနစ် ပါတီ၊ ဂရိကွန်မြူနစ်ပါတီစတဲ့ ကွန်မြူနစ်ပါတီတို့ဟာ သဘောတရားရေးနဲ့ လက်တွေ့ဘက်မှာ တစုံတရာ အောင်မြင်မှုတွေ ရရှိနေကြ တယ်။ အထူးသဖြင့် ၂၁ ရာစု ကနဦးကာလ အရင်းရှင်စနစ်စီးပွားရေးကပ် ဖြစ်ပေလာပြီးနောက် အရင်းရှင်နိုင်ငံရှိ ကွန်မြူနစ်ပါတီ အဖွဲ့ အစည်းတွေဟာ ပေါ်လစီနဲ့သေနင်္ဂဗျူဟာကို တဆင့်တက်ထိန်းညှိခဲ့ကြတယ်။ လက်ယာဂိုဏ်း အရင်းရှင်လူတန်းစား နိုင်ငံရေးပါတီ တွေ အကျယ်အပြန့် ကျင့်သုံးနေကြတဲ့ လစ်ဘရယ်ဝါဒသစ် စီးပွားရေး၊ လူမှုရေးပေါ်လစီကို နက်နက်နဲနဲ ဝေဖန်ခဲ့တယ်။ လူ့အဖွဲ့ အစည်းအတွင်းရှိ အောက်ခြေလူထုကို ပိုမို ဂရုစိုက်လာတယ်။ လွှတ်တော်ပတိုက်ပွဲနဲ့ လူ့အဖွဲ့အစည်း လှုပ်ရှားမှုတွေကို ပိုမိုအာရုံစိုက် လာတယ်။ ဒါကြောင့် လူထုရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု တဆင့်တက် ရှင်သန်မှု ရရှိလာပါတယ်။
(၃) ယခင် ဆိုဗီယက်နဲ့ အရှေ့ဥရောပဒေသရှိ ကွန်မြူနစ်ပါတီအဖွဲ့အစည်းများ။ ရုရှား၊ ယူကရိန်း၊ ဘီလာရုစတဲ့ နိုင်ငံတွေမှ ကွန်မြူနစ်ပါတီတွေဟာ မျက်မှောက်ကာလမှာ နှိုင်းယှဉ်ချက်အားဖြင့် ဖြစ်ထွန်းတိုးတက်မှု ကောင်းပါတယ်။ ဆိုဗီယက်နဲ့ အရှေ့ဥရောပ အပြောင်းအလဲ ပေါ်ပေါက်ပြီးနောက် ပြင်းထန်တဲ့ စမ်းသပ်စစ်ဆေးမှုကို ခံကြရပြီး ရပ်တည်ချက် ခိုင်ခိုင်မာမာဖြင့် ဖြစ်ထွန်းတိုးတက်မှု အသစ်ကို ကြိုးပမ်းအားထုတ်ခဲ့ကြတယ်။
ရုရှားကွန်မြူနစ်ပါတီဟာ လွှတ်တော်အတွင်း နံပါတ်တစ် အင်အားအကြီးဆုံးပါတီ ဖြစ်ခဲ့ဖူး တယ်။ လောလောဆယ်ဆယ် နှစ်တချို့အတွင်း ဩဇာကျဆင်းသွာပြီး ပါတီဝင် အရေအတွက်လည်း ကျဆင်းသွားခဲ့တယ်။ ၎င်းပါတီ က “ဆိုရှယ်လစ်စနစ် တီထွင်ဆန်းသစ်ရေး”ကို တင်ပြပြီး လက ယာဂိုဏ်း အာဏာရ နိုင်ငံရေးပါတီကို ဆန့်ကျင်တဲ့ တိုက်ပွဲအမျိုးမျိုးကို တက်တက်ကြွကြွ ဆင်နွှဲနေပါတယ်။ ပြည်တွင်းနိုင်ငံရေးဇာတ်ခုံမှာလည်း ရုရှား ကွန်မြူနစ်ပါတီဟာ အရေးပါတဲ့ အင်အားစုတရပ် ဖြစ်မြဲ ဖြစ်နေဆဲပါပဲ။
(၄) ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်းရှိ ကွန်မြူနစ်ပါတီအဖွဲ့အစည်းများ။ ဆိုဗီယက်နဲ့ အရှေ့ဥရောပ အသွေးအရောင် ပြောင်းလဲမှု ဖြစ်ပေါ်ပြီးနောက် ကွန်မြူနစ်ပါတီအမည်ကို ကြံ့ကြံ့ခိုင်ခိုင် ဆုပ်ကိုင်ထိန်းသိမ်းထားပြီး လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီ တချို့ရှိတယ်။ အ ခြေအနေသစ်အောက်မှာ အမျိုးသားထူးခြားချက်ပါရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လက်တွေ့နဲ့ကိုက်ညီတဲ့ လမ်းကြောင်းနဲ့ တိုက်ပွဲသေနင်္ဂ ဗျူဟာကို ဆက်လက် စူးစမ်းလေ့လာခဲ့ကြတယ်။ တချို့ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်။
ဥပမာ-အိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒ) ဟာ ပါတီဝင် ၈ သိန်းကျော်ရှိပြီး လွှတ်တော်တွင်းမှာ တတိယအင်အားကြီးပါတီ ဖြစ်နေတယ်။ မျက်မှောက်ကာလမှာ ဆို ရှယ်လစ်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေအတွင်းမှ အင်အားအကြီးဆုံး လက်ဝဲဂိုဏ်းနိုင်ငံရေးပါတီဖြစ်တယ်။ ဒီပါတီဟာ အနောက်ဘင်္ဂလား ပြည်နယ်မှာ နှစ်ပေါင်း ၃၀ နီးပါး ဆက်တိုက် အာဏာဆုပ်ကိုင်ခဲ့ဖူးတယ်။
တောင်အာဖရိက ကွန်မြူနစ်ပါတီဟာ လူမျိုးခွဲခြားရေးဝါဒ အဆုံးသတ်သွားပြီးနောက်မှ အာဖရိက အမျိုးသားကွန်ဂရက်ပါတီ၊ တောင်အဖရိက အလုပ်သမားသမဂ္ဂမှ အလုပ်သမားသမဂ္ဂ ကွန်ဂ ရက်တို့နဲ့ ၃ ပွင့်ဆိုင် အာဏာဆုပ်ကိုင်ရေး မဟာမိတ်ဖွဲ့လိုက်ပြီးနောက် တောင်အာဖရိကရဲ့ အာဏာဆုပ်ကိုင်ထားတဲ့ နိုင်ငံရေးပါတီ တရပ် ဖြစ်လာလို့ မိမိနိုင်ငံရဲ့နိုင်ငံရေးလောကမှာ အရေးပါတဲ့အဆင့်နေရာနဲ့ ဩဇာသက်ရောက်မှု ရှိလာတယ်။ ယခုအခါ တောင်အာ ဖရိက ကွန်မြူနစ်ပါတီမှာ ပါတီဝင်အင်အား ၂ သိန်း ၂ သောင်းကျော် ရှိပြီး အာဖရိကတိုက်မှာ အကြီးဆုံး ကွန်မြူနစ်ပါတီဖြစ်တယ်။
ဒါ့ အပြင် နီပေါကွန်မြူနစ်ပါတီရဲ့ လောလောဆယ်ဆယ် ဖြစ်ထွန်းတိုးတက်မှုတို့ဟာ လူတွေအာရုံစိုက်စရာ ဖြစ်လာပါတယ်။ နီပေါကွန်မြူ နစ်ပါတီ (ညီညွတ်သော မာ့က်စ်၊ လီနင်ဝါဒ- UML ) ဒုဥက္ကဋ္ဌ ဘဟန်ဒရီ(Bhandary) ဟာ ၂၀၁၅ နီပေါ သမ္မတရွေးကောက်ပွဲမှ ကမ္ဘာ ပေါ်မှာ ပထမဆုံး ကွန်မြူနစ် အမျိုးသမီးသမ္မတ ဖြစ်လာတယ်။ အဲဒီပါတီရဲ့ဥက္ကဋ္ဌ အိုလီ(Ollie)ဟာ ဝန်ကြီးချုပ်အဖြစ် အရွေးခံရတယ်။ နီပေါ ညီညွတ်သောကွန်မြူနစ်ပါတီ (မော်ဝါဒီ) ရဲ့ခေါင်းဆောင် အန်ဆာရီ - ကတ်လ်တိဟာ လွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ပါ တယ်၊ ယခုမျက်မှောက်ကာလမှာ နီပေါကွန်မြူနစ်ပါတီ (UML)၊ နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ)တို့ဟာ တခြားနိုင်ငံရေးပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့ကြတယ်။ ၎င်းတို့အတွင်း ပါဝင်တဲ့ ပါတီအများစုဟာ ဆိုရှယ်လစ်ဝါဒပါတီတွေ ဖြစ်ကြတယ်။
အထက်ဖော်ပြခဲ့တဲ့ ကွန်မြူနစ်ပါတီတွေအပြင် တခြားလက်ဝဲဂိုဏ်း နိုင်ငံရေးပါတီတွေ အများအပြား ရှိသေးတယ်။ သူတို့ဟာ မာ့က်စ်ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒတို့ကို အတွေးအခေါ်လမ်းညွှန်အဖြစ် မထားကြပေမယ့် အားလုံးဟာ အရင်းရှင်စနစ်ကို ဆန့်ကျင်တယ်။ လစ်ဘရယ်ဝါဒသစ်ကို ဆန့်ကျင်တယ်။ အရင်းရှင်လူတန်းစား လက်ယာနိုင်ငံရေးပါတီတွေကို ဆန့်ကျင်တယ်။ ဗိုလ်ကျစိုးမိုးရေးဝါဒကို ဆန့်ကျင်တယ်။ ကိုလိုနီဝါဒ စတာတွေကို ဆန့်ကျင်တယ်။ တချို့က တစုံတခုသော ဆိုရှယ်လစ်စနစ်ပုံစံ ထူထောင်ရေးကို ဆုပ်ကိုင် ထားကြသေးတယ်။
ဥပမာ-၂၁ ရာစု ကနဦးကာလ လက်တင်အမေရိက လက်ဝဲဂိုဏ်း နိုင်ငံရေးပါတီတွေရဲ့ ဆိုရှယ်လစ်သဘော တရားနဲ့ လှုပ်ရှားမှု။ ဒီလှုပ်ရှားမှုဟာ ကမ္ဘာ့ပြည်သူတွေက အာရုံစိုက်ကြည့်ရှုခဲ့ရတဲ့ လှုပ်ရှားမှု ဖြစ်တယ်။ ၎င်းတို့အနက် ဗင်နီဇွဲလားရဲ့ “၂၁ ရာစု ဆိုရှယ်လစ်စနစ်”ဟာ သဘောတရားအရရော လက်တွေ့အရပါ နှိုင်းယှဉ်ခြင်းအရ ဂယက်ရိုက်ခတ်မှုကြီးပါတယ်။ သမ္မတ ဟူဂိုဗာချက် ကွယ်လွန်သွားပြီးနောက်မှာ အလွန်ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပေမယ့် အရေးပါတဲ့ သဘောတရားနဲ့ လက် တွေ့ဖော်ဆောင်မှုရဲ့ ဂယက်ရိုက်ခတ်မှု ရှိပါတယ်။
တချို့နိုင်ငံရေးပါတီတွေထက် ကျော်လွန်နေတဲ့ အတွေးအခေါ်ရေစီး ကြောင်းတွေ လည်း ရှိပါသေးတယ်။ ဥပမာ-ဈေးကွက်ဆိုရှယ်လစ်စနစ်၊ ဇီဝလက္ခဏာ ဆိုရှယ်လစ်စနစ်(The ecological socialism)၊ စီးပွားရေး ဒီမို ကရေစီ ဆိုရှယ်လစ်စနစ်၊ လစ်ဘရယ် ဆိုရှယ်လစ်စနစ် စသည်။
ချုပ်လိုက်ရင်-၂၁ ရာစုကနဦး ကမ္ဘာ့ဆိုရှယ်လစ်စနစ်ဟာ ဆိုဗီယက်နဲ့ အရှေ့ဥရောပ ပြောင်းလဲသွားပြီးနောက် ကျရောက် ခဲ့တဲ့ ဒီရေနိမ့်ကာလမှ ပြန်ထွက်လာခဲ့ပြီ။ ပြင်းထန်ဆိုးဝါးလှတဲ့ ရှုံးနိမ့်မှုနဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးနောက် အားမာန်အပြည့်ဖြင့် စစ်စခန်းကို ကာကွယ်ထိန်းသိမ်းတဲ့ အခြေခံပေါ်မှာ မိမိကိုယ်ကိုယ် သံခဲတင်ပြီး ရှေ့ချီတက်ခဲ့တယ်။ ခေတ်ကာလရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွင်း ပြုပြင်ပြောင်းလဲရေး၊ ဆန်းသစ်တီထွင်ရေးတို့နဲ့ လိုက်လျောညီစွာ အရင်းရှင်စနစ်ရဲ့ အကျပ်အတည်းသစ်အတွင်းမှာ အခွင့် အရေးတွေကို မျှော်လင့်ကြိုဆိုခဲ့တယ်။ ဒီရေနိမ့်ကနေ တဖြည်းဖြည်း ရုန်းထွက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲရေးအတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ်နေတဲ့ ကာလသို့ စတင် လှမ်းဝင်နေပြီ လို့ ပြောနိုင်ပါပြီ။
၂၁ရာစု ကနဦး ကမ္ဘာ့ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်မှု ရင်ဆိုင်နေရတဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှု
၂၁ ရာစု ကနဦး ကမ္ဘာ့ဆိုရှယ်လစ်စနစ် ဖြစ်ထွန်းတိုးတက်မှုဟာ ကြုံတောင့်ကြုံခဲ့ အခွင့်အလမ်းတွေနဲ့ ကြုံရပေမယ့်လည်း ဆိုးဝါးပြင်းထန်တဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ရပါတယ်။ အခွင့်အလမ်းသစ်တွေနဲ့ အကျိုးရှိတဲ့ အကြောင်းအချက်တွေကနေ ကြည့် ရင် အဓိကအားဖြင့်-
(၁) အရင်းရှင်စနစ် အကျပ်အတည်းဖြစ်ထွန်းနေတာနဲ့အတူ လစ်ဘရယ်ဝါဒသစ် အင်အားတွေက ရှေ့ဆောင်မှုယူလိုက်ပြီး လက်ယာဂိုဏ်း နိုင်ငံရေးပါတီတွေက နိုင်ငံ ရေးဇာတ်ခုံကို အခိုင်အမာ သိမ်းပိုက်လိုက်တဲ့ အခြေအနေဟာ အလှည့်အပြောင်းကို စတင် လိုက်ခြင်းပါပဲ။ ဒါနဲ့ပတ်သက်လို့ ကွန်မြူနစ်ပါတီတွေ အပါအဝင်ဖြစ်တဲ့ လက်ဝဲဂိုဏ်းတွေအဖို့ ပြောရရင်၊ ကမ္ဘာ့ဆိုရှယ်လစ် လှုပ်ရှားမှု အဖို့ပြောရရင် အသက်ရှင်တည်ရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပတ်ဝန်းကျင်ရဲ့ အကျိုးရှိတဲ့ အပြောင်းအလဲဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။
(၂) အရင်းရှင်စနစ်အကျပ်အတည်း ပေါ်ပေါက်လာခြင်းနဲ့ ပြင်းထန်လာခြင်းဟာ ကမ္ဘာပေါ်မှာ ဆိုရှယ်လစ်စနစ်နဲ့ တိုးတက် တဲ့ အင်အားစုတွေက အရင်းရှင်စနစ်ကို ဝေဖန်တဲ့အမြင်တွေနဲ့ ရပ်ခံချက်တွေဟာ လက်တွေ့ရဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ထောက်ခံမှုကို ရ ရှိစေလိုက်ခြင်းပါပဲ။ အချိန်ရှည်ကြာစွာ လျစ်လျူရှုခဲ့ကြတဲ့ နိုင်ငံရေးအယူအဆတွေနဲ့ အသံတွေ၊ ဖုံးကွယ်ထား ခြင်းခံနေရတဲ့ ကွန်မြူနစ် ပါတီစတဲ့ ဆိုရှယ်လစ်အင်အားစုတွေကို အလွန်ကြီးမားတဲ့ အားပေးမှုတွေ ရရှိစေလိုက်ပါတယ်။ ဒါ့ကြောင့် ဆိုရှယ်လစ်ဝါဒ သဘောတ ရား အသစ်တဖန် စိုက်ထူရေးနဲ့ စနစ်တကျဖြစ်အောင် ပြန်လည်ပြုပြင်ရေး အလှည့်အပြောင်းဖြစ်စေတဲ့ အခြေအနေ အကြောင်းအချက် ကောင်းတွေ ရရှိပါတယ်။ အကျပ်အတည်းဖြစ်ပေါ်လာပြီးနောက် အနောက်တိုင်းနဲ့ကမ္ဘာ့အဝန်းအဝိုင်းအတွင်း ပေါ်ထွက်ခဲ့တဲ့ “မာ့က်စ် ကို လူကြိုက်များလာခြင်း”ဟာ အဲဒီဘက်ရဲ့ ထင်ဟပ်ချက်တခုဖြစ်တယ်။
(၃) ဆိုဗီယက်နဲ့ အရှေ့ဥရောပ အပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက် နှစ်ပေါင်း ၂၀ ကျော် ခုခံငြင်းခုန်မှု၊ ထိန်းညှိမှုနဲ့ ထုသား ပေသားရအောင် လေ့ကျင့်မှုတွေကို ကျော်ဖြတ်ရင်း ကွန်မြူနစ်ပါတီအပါဝင်ဖြစ်တဲ့ ကမ္ဘာဆိုရှယ်လစ်အင်အားစု အများအပြားဟာ နိုင်ငံ အသီးသီးရဲ့ ဇာတ်ခုံပေါ်မှာ ခိုင်ခိုင်မြဲမြဲရပ်တည်တဲ့ အခြေခံအပေါ်မှာ အင်အားစုတွေဟာ ပြန်လည်အသက်ဝင်လာတယ်။ အရင်းရှင်စ နစ် ဆန့်ကျင်ရေးတိုက်ပွဲနဲ့လှုပ်ရှားမှု အမြောက်အမြား ဆင်နွှဲခဲ့ကြတယ်။ ၎င်းတို့ဟာ သဘောတရားအရ ပြန်လည်စဉ်းစားခြင်းနဲ့ လက် တွေ့ အကောင်အထည်ဖော်ဆောင်မှုကို ထုသားပေသားရအောင် လေ့ကျင့်ခဲ့ကြတယ်။ ၎င်းတို့ဟာ တခုလုံးအရ အရေးနိမ့်သွားမှု ဖြစ် သွားရခြင်းမှ ပြောင်းလဲနေတဲ့ ပြည်တွင်းပြည်ပ အခြေအနေနဲ့ တစတစ လိုက်လျောညီထွေ ရှိရေး၊ အားအင်ပြည့်ဖြိုး တက်တက်ကြွကြွ ဖြစ်လာရေးအတွက်၊ လက်ဦးမှုမဲ့ရာမှ အပြောင်းအလဲကို ရင်ဆိုင်ရင်း နိုးကြားမှုမြှင့်တင်ရေးအတွက် ရင့်မှည့်မှုသစ်ဆီသို့ တစတစနဲ့ ချီ တက်လာခဲ့ကြတယ်။ ဒါဟာ ကမ္ဘာ့ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစုံတရာ စည်းရုံးရေးအခြေခံအုတ်မြစ်နဲ့ အင်အား ရေ သောက်မြစ်ကို အုတ်မြစ်ချပေးလိုက်တာဖြစ်တယ်။
(၄) နိုင်ငံတကာအဝန်းအဝိုင်းအတွင်း အင်အားတောင့်တင်းလှတဲ့ လက်ယာဂိုဏ်းအင်အားစုတွေရဲ့ မဟာမိတ်ဖွဲ့ ထိုးစစ်ဆင် မှုကို ရင်ဆိုင်ရင်း ကွန်မြူနစ်ပါတီနဲ့ လက်ဝဲဂိုဏ်းအင်အားစုတွေကလည်း မိမိတို့အချင်းချင်းအကြား ဆက်ဆံမှုနဲ့ပူးပေါင်းဆောင်ရွက်မှု တို့ကို အားဖြည့်ခဲ့ကြတယ်။ ဆိုဗီယက်နဲ့အရှေ့ဥရောပ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် တကွဲတပြားစီ အသီးသီး ခုခံပြိုင်ဆိုင်နေရာ မှ လက်ဝဲဂိုဏ်းအင်အားစုတွေရဲ့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးအဖြစ် ပြောင်းလဲရေးကို ကြိုးပမ်းအားထုတ်ခဲ့လို့ ကမ္ဘာ့ ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်မှုဟာ တစုံတရာ အတိုင်းအတာအထိ အားသာမှု ဖြစ်တည်လာခဲ့တယ်။
(၅) ဆိုဗီယက်နဲ့ အရှေ့ဥရောပ အပြောင်းအလဲဟာ နှစ်ပေါင်း ၂၀ ကျော် ရှိခဲ့ပါပြီ။ အချိန်ကာလရဲ့ အနယ်ထိုင်မှု၊ လက်တွေ့ ရဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ သမိုင်းရဲ့စိစစ်မှုတို့ကို ကျော်ဖြတ်ခဲ့ရတယ်။ ဒီနေ့ သမိုင်းဖြစ်ရပ်မှန်တွေရဲ့ ရောင်ပြန်ဟပ်ချက်တွေဟာ အဆက် မပြတ်ဖြစ်တည် ပေါ်လွင်ထင်ရှားလာပြီး ပကတိဘာဝကျတဲ့၊ ကျိုးကြောင်းဆီလျော်တဲ့ ဆင်ခြင်မှုတွေ ဖြစ်လာကာ နက်နဲလှတဲ့ တရား တွေရဲ့ အတွေ့အကြုံသင်ခန်းစာ နိဂုံးချုပ်မှုတွေကို ဖော်ထုတ်တင်ပြလိုက်ခြင်းဖြစ်တယ်။ ဒါဟာ အဓိပ္ပာယ်အရ လေးနက်ကျယ်ပြန့်ပြီး. ၂၁ ရာစု ကမ္ဘာ့ဆိုရှယ်လစ်စနစ်ရဲ့ ဖြစ်ထွန်းတိုးတက်မှုသစ်နဲ့ ဖွံ့ဖြိုးတိုးတက်စေမှုဆီသို့ ဦးတည်ရေးအတွက် တန်ဖိုးရှိလှတဲ့ သမိုင်း မှီငြမ်းကိုးကားစရာအဖြစ် အထောက်အကူ ရရှိလိုက်ပါတယ်။
(၆) တရုတ်ပြည်ထူးခြားချက်ပါရှိတဲ့ ဆိုရှယ်လစ်စနစ်ဟာ ၂၁ ရာစု ကနဦးကာလမှာ ဧရာမအောင်မြင်ချက်တွေ ရရှိခဲ့တယ်။ ဒါဟာ ကမ္ဘာ့ဆိုရှယ်လစ်လှုပ်ရှားမှု တခုလုံး ဒီရေနိမ့်ကာလအတွင်းမှ တစိတ်တပိုင်း ဒီရေမြင့်မှုပဲ ဖြစ်တယ်။ ဒါဟာ ကမ္ဘာပေါ်ရှိ ကွန်မြူ နစ်ပါတီတွေနဲ့ တိုးတက်တဲ့အင်အားစု အမျိုးမျိုးအတွက် အားပေးမှုကြီး ဖြစ်တယ်။ ၂၁ ရာစု ကမ္ဘာ့ ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက်ကို မြင်တွေ့စေပါတယ်။ ဒါဟာ ၂၁ ရာစု ကမ္ဘာ့ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အတိအကျ အသေချာဆုံး၊ အခိုင်မာ ဆုံး၊ အထောက်အကူဖြစ်နိုင်ဆုံး”အခြေခံဒေသ” နဲ့ “စစ်စခန်း” ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဓမ္မတာအတိုင်းပဲပေါ့။
၂၁ ရာစု ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်မှုဟာ ပြဿနာသစ်တွေ၊ စိန်ခေါ်မှုသစ်တွေနဲ့လည်း ရင်ဆိုင် နေရပါတယ်။ အဓိက အားဖြင့်-
(၁) ကမ္ဘာ့အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ်ရဲ့ အင်အားကို နှိုင်းယှဉ်ပြီး တခုလုံးအခြေအနေရကြည့်ရင် “အရင်းရှင်စနစ်က အင်အား တောင့်တင်းပြီး ဆိုရှယ်လစ်စနစ်က အင်အားချည့်နဲ့နေဆဲ” အခြေအနေဟာ အရင်းခံအားဖြင့် မပြောင်းလဲသေးဘူး။ အရင်း ရှင်စနစ်ရဲ့ တခုလုံးအခြေအနေအရ ထိုးစစ်အရှိန်အဟုန်ဟာ အားကောင်းပြီးရင်း အားကောင်းနေဆဲ အချိန်ကာလမှာပဲ ရှိနေဆဲဖြစ် တယ်။ ဆိုရှယ်လစ်စနစ်မဟုတ်တဲ့ နိုင်ငံတွေ၊ ဆိုရှယ်လစ်ပါတီတွေနဲ့ အင်အားစုတွေကတော့ ပြန့်ကြဲနေပြီး အင်အားသေးငယ် ချည့်နဲ့ နေဆဲ အခြေအနေဖြစ်တယ်။
(၂) နိုင်ငံအသီးသီးမှ (ဆိုရှယ်လစ်နိုင်ငံတွေမှအပ) ကွန်မြူနစ်ပါတီစတဲ့ ဆိုရှယ်လစ်စနစ် အင်အားစုတွေဟာ နိုင်ငံရေး ဩ ဇာ သက်ရောက်မှုအရကြည့်ရင် အထူးသဖြင့် အကျပ်အတည်းပေါ်ပေါက်ခဲ့တဲ့ အနောက်တိုင်းနိုင်ငံတွေမှ ကွန်မြူနစ်ပါတီစတဲ့ ဆိုရှယ် လစ်ဝါဒ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေဟာ နိုင်ငံအသီးသီးရဲ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဝိုင်းပယ်ထားခြင်းခံနေရရုံမက ချောင်ထိုးထား ခြင်း ခံနေရဆဲဖြစ်တယ်။ ၎င်းတို့ရဲ့ အမြင်အယူအဆ ပေါ်လစီတွေဟာ မိမိနိုင်ငံအစိုးရရဲ့ ပေါ်လစီဆုံးဖြတ်ချက်တွေအပေါ် ဩဇာသက် ရောက်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ်။
(၃) နိုင်ငံတကာမှာ အနောက်တိုင်းနိုင်ငံအများစုရှိ ဆိုရှယ်လစ် နိုင်ငံရေးပါတီတွေနဲ့ အင်အားစုတွေဟာ လူ့အဖွဲ့အစည်း လှုပ်ရှားမှုတွေအပေါ် ခေါင်းဆောင်မှုစွမ်းအားနဲ့ ဩဇာသက်ရောက်မှု စွမ်းပကားမှာ နှိုင်းယှဉ်ခြင်းအားဖြင့် ချည့်နဲနေတယ်။ ၎င်းတို့ဟာ အရင်းရှင်စနစ် အကျပ်အတည်းရဲ့ စွမ်းအားတွေကို အသုံးချမှု မလုံလောက်ဘူး။ အတွေ့အကြုံလည်း မကြွယ်ဘူး။ အကျပ်အတည်း ကို ကျော်လွှားရေးမှာ အကျိုးသက်ရောက်မှုရှိတဲ့ သေနင်္ဂဗျူဟာ နည်းပရိယာယ်တွေ တင်ပြဖို့ အခက်ကြုံနေတယ်။ အကျပ်အတည်းကို မကျေမနပ်ဖြစ်နေတဲ့၊ အရင်းရှင်စနစ်ရဲ့စိုးမိုးအုပ်ချုပ်မှုကို ဆန့်ကျင်နေတဲ့ လူထုလှုပ်ရှားမှုကို အကျိုးသက်ရောက်တဲ့ ရှေ့ဆောင်ညွှန် ပြမှု ပေးဖို့ အခက်ကြုံနေကြတယ်။
(၄) ကမ္ဘာ့ဆိုရှယ်လစ်စနစ်လှုပ်ရှားမှုရဲ့ အဓိကမဏ္ဍိုင်ကနေ တနည်း အလုပ်သမားလူတန်းစားဘက်ကနေကြည့်ရင် အတိုင်း အတာ အလွန်ကြီးမားတဲ့ တကမ္ဘာလုံးမှ အလုပ်သမားလူတန်းစားဟာ ပကတိဘာဝအရ တဖြည်းဖြည်း ဖြစ်တည်၊ ဖွံ့ဖြိုးတိုးတက်ခဲ့ပေ မယ့် တကမ္ဘာလုံးက အလုပ်သမားလူတန်းစားဟာ မိမိဘာသာတည်ရှိနေတဲ့(အသိတရား မရင့်သန်သေးတဲ့) ပကတိလူတန်းစား အခြေ အနေအတိုင်း ရှိနေသေးတယ်။ တကမ္ဘာလုံးလက္ခဏာဆောင်တဲ့ အလုပ်သမားလူတန်းစား အယူဝါဒဖြစ်တည်မှု ရှင်းရှင်းလင်းလင်း မရှိ သေးဘူး။ အလုပ်သမားလူတန်းစားဟာ ပြန့်ကြဲတဲ့အနေအထားမှာ ရှိနေဆဲဖြစ်နေရုံမက အချင်းချင်းအကြား ယှဉ်ပြိုင်မှုနဲ့ အချင်းပွားမှု တွေ ရှိနေတယ်။ ဒါဟာ ကမ္ဘာ့ဆိုရှယ်လစ် လှုပ်ရှားမှု နက်နက်နဲနဲ ဆင်နွှဲသွားရေးအတွက် အချုပ်အနှောင်ဖြစ်နေတယ်။
အရှင်းရှင်စနစ်ဟာ မိမိကိုယ်ကိုယ် ထိန်းညှိမှုစွမ်းပကားနဲ့ တီထွင်ဆန်းသစ်မှု အလွန်အားကောင်းပြီး ကမ္ဘာ့ဆိုရှယ်လစ်စနစ် လှုပ်ရှားမှုဟာ တခုလုံးအရ ဒီရေနိမ့် ကာလမှာပဲ ရှိနေဆဲ
အထက်ပါ ဖော်ပြချက်တွေကို ချုပ်ပြီး ကမ္ဘာ့ဆိုရှယ်လစ်စနစ် ၂၁ ရာစု ကနဦးကာလမှာ ရင်ဆိုင်ခဲ့ရတဲ့ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေကို ကြည့်ပြီး ကောက်ချက် ၃ ရပ် ချနိုင်ပါတယ်။
(၁) မျက်မှောက်အရင်းရှင်စနစ် အကျပ်အတည်းကာလမှာ မာ့က်စ်ဝါဒရဲ့ အရင်းရှင်စနစ်အကျပ်အတည်းနဲ့ ဆိုရှယ်လစ်စနစ် တော်လှန်ရေးရဲ့ ဆက်စပ်မှုနဲ့ပတ်သက်တဲ့ မူတွေဟာ လက်တွေ့အရေးကြီးတဲ့ လမ်းညွှန်အဓိပ္ပာယ်သဘော ဆောင်နေဆဲဖြစ်တယ်။ ဒါပေမဲ့ ဒီမူတွေကို လက်တွေ့အသုံးချတဲ့အခါ နေရာမရွေး ဒေသမရွေး ခေတ်ကာလရဲ့ အပြောင်းအလဲအရ လက်တွေ့ဖော်ဆောင်ရန် လိုအပ်တယ်။ လူ့အဖွဲ့အစည်း အကြောင်းအချက်တွေ မတူပြောင်းလဲချက်အတိုင်း လက်တွေ့ကလည်း လိုက်လံပြောင်းလဲရမယ်။ အကျပ်အတည်းက ဆိုရှယ်လစ်စနစ်လှုပ်ရှားမှုအတွက် သာမန်အချိန်ကာလနဲ့မတူတဲ့ အခွင့်အလမ်းတွေနဲ့ အခြေအနေ အကြောင်းအ ချက်တွေကို ဖန်တီးပေးတယ်။ ဒါပေမဲ့ အကျပ်အတည်းဟာ ဆိုရှယ်လစ်တော်လှန်ရေး ဒီရေမြင့်ကို မုချ ဆောင်ကြဉ်းပေးလာမှာတော့ မဟုတ်ဘူး။ ဒီရေမြင့်ဆိုတာကတော့ အတ္တဘာဝနဲ့ပကတိဘာဝ အကြောင်းအချက်တွေ၊ အကြောင်းရပ်တွေ ပေါင်းစည်းမိပြီး အကျိုး သက်ရောက် စွမ်းဆောင်မှုအပေါ်မှာ မှီတည်ပါတယ်။ “အကျပ်အတည်းကို စီး”ပြီး တချီကောင်း လုပ်လိုက်ခြင်းဖြင့် “လုပ်ငန်းတရပ်လုံး ကို တချီတည်း ပြီးမြောက်အောင်မြင်လိမ့်မယ်”လို့ မှတ်ယူပြီး ကမ္ဘာ့လက္ခဏာဆောင်တဲ့ ဆိုရှယ်လစ်တော်လှန်ရေး လက္ခဏာကို ပြုပြင် ပြောင်းလဲ လက်တွေ့အကောင်အထည်ဖော်ဖို့ လုပ်ဆောင်တဲ့စဉ်းစားနည်းဟာ ကလေးကလားဆန်တဲ့အမှားမျိုး ကျူးလွန်ခြင်း ဖြစ် တယ်။
(၂) အရင်းရှင်စနစ်ဟာ နှစ်တရာနီးပါးရှိတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ထိန်းညှိမှုတွေမှတဆင့် မာ့က်စ်၊ အိန်ဂယ်တို့ ခေတ်နဲ့ လုံးဝမတူတဲ့ အရင်းရှင်စနစ်ကို အကျပ်အတည်းဖြေရှင်းရေးစွမ်းအား၊ တီထွင်ဆန်းသစ်မှုစွမ်းပကား၊ ထိန်းညှိမှုစွမ်းအား၊ ဆီလျော်တဲ့ စွမ်းအားနဲ့ အုပ်ချုပ်စိုးမိုးရေးသေနင်္ဂဗျူဟာ နည်းပရိယာယ်တို့ဖြင့် ဖြေရှင်းခဲ့တယ်။ အရင်းရှင်းနစ်အကျပ်အတည်း ဖြစ်ပေါ်တဲ့ပုံစံ၊ အတိုင်းအတာ၊ ကာလပတ်၊ ပြင်းအားနဲ့ ရိုက်ခတ်မှုစတာတို့ဟာလည်း လုံးဝမတူဘူး။ ဆိုရှယ်လစ်စနစ်လှုပ်ရှားမှုနဲ့ တော်လှန်ရေး အ ပေါ် ရိုက်ခတ်မှုဟာလည်း ရှုပ်ထွေးပြီး နက်နက်ရှိုင်းရှိုင်း ပြောင်းသွားခဲ့ပြီ။ ၂၁ ရာစု အရင်းရှင်စနစ်ဟာ နိုင်ငံတကာလက်ဝါးကြီးအုပ် အရင်းရှင်စနစ်အဆင့်သို့ ပြောင်းလဲသွားခဲ့ပြီ။ နိုင်ငံတကာ လက်ဝါးကြီးအုပ်အရင်းရှင်လူတန်းစားရဲ့ စိုးမိုးအုပ်ချုပ်မှု အတိုင်းအတာ၊ အင်အား အားလုံးဟာ ခိုင်မာမှုနဲ့အင်အားတောင့်တင်းမှု ရရှိခဲ့ပြီ။ အရင်းရှင်စနစ်ရဲ့ မိမိကိုယ်ကိုယ် ထိန်းညှိနိုင်မှုနဲ့တီထွင် ဆန်းသစ်နိုင် စွမ်းအားဟာ အလွန်တောင့်တင်းနေဆဲဖြစ်တယ်။ အရင်းရှင်စနစ်ရဲ့ အင်အား၊ စွမ်းပကားတွေဟာ အကြွင်းမဲ့သာလွန်မှု ရှိနေဆဲ ဖြစ် တယ်။ ကမ္ဘာ့ဆိုရှယ်လစ်စနစ်လှုပ်ရှားမှုဟာ နှိုင်းယှဉ်ခြင်းအားဖြင့် အချိန်ရှည်ကြာစွာ တခုလုံးအရ ဒီရေနိမ့်ကာလအဖြစ် ရှိနေလိမ့်ဦး မယ်။ ကျွန်တော်တို့ဟာ အရင်းရှင်စနစ်လူ့အဖွဲ့အစည်းရဲ့ မိမိကိုယ်ကိုယ် ထိန်းညှိနှိုင်မှုစွမ်းပကား၊ အနောက်တိုင်း အရင်းရှင်နိုင်ငံ တွေရဲ့ စီးပွားရေး၊ သိပ္ပံနဲ့နည်းပညာ၊ စစ်ရေးဘက်တို့မှာ အချိန်ကြာမြင့်စွာ သာလွန်မှုကို အပိုင်စီးထားတဲ့ ပကတိဘာဝ လက်တွေ့တို့ ကို အပြည့်အဝ ခန့်မှန်း နက်နက်နဲနဲ သိရှိနားလည်းထားဖို့ လိုအပ်ပြီး၊ လူ့အဖွဲ့အစည်း ၂ ရပ် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးနဲ့ တိုက် ပွဲဆင်ရေး ဘက်အသီးသီးအတွက် ဂရုတစိုက်ဆောင်ရွက်၊ ပြင်ဆင်သွားရေးကို နက်နက်နဲနဲ သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။
(၃) တရုတ်ပြည်ထူးခြားချက်ပါတဲ့ ဆိုရှယ်လစ်စနစ်ဟာ ကမ္ဘာ့ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကြီးမားဆုံး ထွန်း လင်းချက် ဖြစ်လာတယ်။ ကမ္ဘာ့ဆိုရှယ်လစ်စနစ်ရဲ့ မှီငြမ်းကိုးကားစရာနဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်လာတယ်။ ဆိုရှယ်လစ်တရုတ်ပြည်ဟာ ကမ္ဘာ့အရှေ့တိုင်းမှာ ပေါ်ထွန်းလာတာ ဖြစ်ပြီး ဆိုရှယ်လစ်စနစ်ရဲ့သာလွန်မှု၊ အားပေးနှိုးဆော်နိုင်စွမ်းအားနဲ့ စွဲဆောင်နိုင်စွမ်းအားတို့ကို အပြည့်အဝ ဖော်ပြနေတယ်။ ဒီနေ့ ကမ္ဘာ့လူဦးရေ ရဲ့ ၅ ပုံ ၁ ပုံ ရှိတဲ့ ဆိုရှယ်လစ်တရုတ်ပြည်ရဲ့ အထွေထွေ နိုင်ငံတော်အင်အားဟာ ယခင်ခေတ်နဲ့ ယခုခေတ် မတူတော့ပါ။ တရုတ်ပြည်ထူးခြားချက်ပါတဲ့ ဆိုရှယ်လစ်စနစ်သာ ဖွံ့ဖြိုးတိုးတက်လာရင် ကမ္ဘာ့ဆိုရှယ်လစ် စနစ် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဗလာစကားသက်သက် မဟုတ်တော့ပါဘူးလို့ ပြောနိုင်ပါလိမ့်မယ်။ “ကျွန်တော်တို့ မမှိတ်မသုန် ယုံကြည် ရမှာကတော့ တရုတ်ပြည်ထူးခြားချက်ပါတဲ့ ဆိုရှယ်လစ်စနစ် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တရုတ်ပြည် ဆိုရှယ်လစ်စ နစ်ဟာ ရင့်ကျက်ပြီးရင်း ရင့်ကျက်လာပါလိမ့်မယ်။ တရုတ်ပြည်ဆိုရှယ်လစ်စနစ်ရဲ့ သာလွန်မှုဟာလည်း တဆင့်တက် ပေါ်လွင်လာပြီး ဆိုရှယ်လစ်စနစ်လမ်းကြောင်းဟာ ကျယ်ပြောသထက် ကျယ်ပြောလာပါလိမ့်မယ်။ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဟာ ကမ္ဘာကြီးအပေါ် ရိုက်ခတ်မှု ကြီးမားသထက် ကြီးမားလာပါလိမ့်မယ်”လို့ ရဲဘော်ရှီကျင့်ဖင်က ပြောခဲ့ပါတယ်။

၂၃ စက်တင်ဘာ၊ ၂၀၁၆။


မူရင်း- “People’ Tribune “ ၉,၂၀၁၆ တရုတ်ဘာသာဝက်ဆိုက်မှ

Related Posts


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv

Comments system

Flag Counter