သွေးမျက်ရည် ကမ္ဗည်းထိုးတဲ့….ဒီဇင်ဘာ ၃၁







သွေးမျက်ရည် ကမ္ဗည်းထိုးတဲ့….ဒီဇင်ဘာ ၃၁

အို….ဒီဇင်ဘာ ၃၁
ထီးနန်းလည်းဆုံး၊ လူမျိုးလည်းတုံး
သမိုင်းစာပေ၊ ဘုရားပုထိုး
ယဉ်ကျေးမှုကိုလည်း အတင်းအားဓမ္မ ခိုးယူ
ရခိုင်ပြည် နန်းတော် မီးရှို့ခံရ
ဒီလောက်ထိ ရက်စက်လေသလား….ဒီဇင်ဘာ။

အို…..ဒီဇင်ဘာ ၃၁
သဇင်ပန်းတွေကြွေခဲ့တယ် ဒီဇင်ဘာ
သဇင်ပန်းသစ်တွေ မြေခ ခဲ့တယ် ဒီဇင်ဘာ
ပွင့်သစ်စ သဇင်ပန်းလေးတွေ ဘာအငြိုးကြောင့်
ဖျက်ဆီးတာလည်း ဒီဇင်ဘာ
ဆောင်းလေကြမ်းတိုက် ရက်စက်ပါဘိ …… ဒီဇင်ဘာ။

အို…….ဒီဇင်ဘာ ၃၁
တိုင်းပြည်တပြည် ပျောက်ဆုံးသွားတဲ့ …ဒီဇင်ဘာ
လူမျိုးတစ်မျိုးလုံး ကျွန်ပြုခံတဲ့… ဒီဇင်ဘာ
ရင် ကို ဓားနဲ့ခွဲ မီးတောက်ထဲလဲကျတဲ့ …..ဒီဇင်ဘာ
သွေးအိုင်ထဲ ငိုခဲ့ဖူးတဲ့ …ဒီဇင်ဘာ
သဇင်မြေခ သွေးချောင်းစီးတဲ့ … ဒီဇင်ဘာ။

အို…ဒီဇင်ဘာ ၃၁
မီးလေကြမ်းတိုက် သွေးပင်လယ်ဖြစ်တဲ့ …ဒီဇင်ဘာ
သမိုင်းထက်က သွေးရင်ပြင် တိုးတဲ့ ….ဒီဇင်ဘာ
လူမျိုးတစ်မျိုး ငိုတဲ့ ….ဒီဇင်ဘာ
မှောင်မဲတွင်းနက် ငါငိုတဲ့ ည၊ သွေးပျက်တဲ့ ည …. ဒီဇင်ဘာ
ကမ္ဘာကြေလို့ ….မေ့အပ်တဲ့လား…. ဒီဇင်ဘာ ၃၁။

အို…ဒီဇင်ဘာ ၃၁
အို….ဒီဇင်ဘာ ၃၁
အို….ဒီဇင်ဘာ ၃၁
ငါတို့ ရင်ကွဲ….
သွေးမျက်ရည်နဲ့ ကမ္ဗည်းထိုးခဲ့လေပြီ။


                                                                                 ထက်မြတ်ခိုင်(ဘူးသီးတောင်)


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv

Comments system

Flag Counter