🔷နိုင်ငံပြင်ပ စစ်ရေးတွင် ပါဝင်မှု စတင်နေပြီဖြစ်သည့် ဂျပန် တပ်မတော်🔷






🔷နိုင်ငံပြင်ပ စစ်ရေးတွင် ပါဝင်မှု စတင်နေပြီဖြစ်သည့် ဂျပန် တပ်မတော်


ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်အဖြစ်သာ အသားကျခဲ့ရသော ဂျပန်တို့သည် ယခု တစ်ကမ္ဘာလုံးကို တပ်ဖြန့်ချထားနိုင်ရန် ခြေလှမ်းများ ပြန်လည်စတင်လာပြီဖြစ်သည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဂျပန် တပ်မတော်၏ အခန်းကဏ္ဍကို ဝေဖန်မှုများစွာကြားကပင် တစိုက်မတ်မတ် မြှင့်တင်နေသူဖြစ်သည်။

၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းကမှ အတည်ပြုခဲ့သော ဂျပန်စစ်သားများ ပြည်ပသို့ တရားဝင် သွားရောက်နိုင်ရေးတွင် ဂျပန်ဝန်ကြီးချုပ် အာဘေးနှင့် ဂျပန်ပြည်သူတို့ကြား သဘောထားများ အကြီးအကျယ် ကွဲလွဲခဲ့ရသည်။ ဂျပန်လွှတ်တော် က ယင်းဥပဒေမူကြမ်းကို အတည်ပြုပေးရန် ဆုံးဖြတ်နေချိန်တွင် ရာနှင့်ထောင်နှင့်ချီသော ဂျပန်ပြည်သူ တို့က လွှတ်တော်ပြင်ပတွင် ဆန္ဒပြနေကြသည်။
သို့သော်လည်း ယင်းဥပဒေကို ကန့်ကွက်မှုများကြားထဲကပင် လွှတ်တော်နှင့် အာဘေးက အတည်ပြုပေးခဲ့သည်။

 á€’ုတိယကမၝဏစစယဥတဟငယးက အာရှဒေသတွင်း၌ နာကြည်းချက်များ ရှိခဲ့သော တရုတ်တို့သည် ယခုအခါ ဂျပန်တို့အား စစ်ရေးအရရော စီးပွားရေးအရပါ လွှမ်းမိုးရန် ကြိုးစားနေသည့်အချိန်ဖြစ် သဖြင့် အာဘေးက တရုတ်၏ သြဇာ လွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိရန် ကြိုးစားနေခြင်းဖြစ်သည်။

သို့သော်လည်း ဂျပန်နှင့် တရုတ်တို့ကြား စစ်ရေးကွာဟမှုသည် အတိုင်းအတာ တစ်ခု အထိရှိနေသည်။ ထိုကွာဟမှုကို လိုက်မီနိုင်အောင် ဂျပန်တပ်မတော်ကို အာဘေးက စစ်အသုံးစရိတ်မြှင့်တင်ရန် တွန်းအားပေးလျက်ရှိသည်။

ယခု ဂျပန်တို့ စစ်အသုံးစရိတ် တိုးမြှင့်လိုက်ခြင်းသည် တတိယအကြိမ်မြောက် ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံ
အထိရှိလာနေပြီဖြစ်သော စစ်အသုံးစရိတ်ကြောင့် ဂျပန်စစ်တပ်သည် ပိုမိုအင်အား ကောင်းလာပြီး နောက်ထပ် စစ်အသုံးစရိတ်များ ထပ်ဆင့်မြှင့်တင်ရန်ကိုလည်း အာဘေးက စဉ်းစားနေသည်။

ဒေသတွင်းစစ်ရေးကိုသာမက ပြည်ပစစ်ရေး လွှမ်းမိုးမှုကိုလည်း ဂျပန်တို့ဖြန့်ကြက်လာပြီး တရုတ်လက်ဦးထားသည်ဟု ဆိုနိုင်သော အာဖရိကတွင်ပင် ဂျပန်တို့ ယခုစစ်ရေးခြေချခွင့် ရရှိပြီဖြစ်သည်။ အာဖရိက၌ ရေတပ်အခြေစိုက် စခန်း တစ်ခု တည်ထောင်နိုင်ရေး အတွက်ပင် အာဘေးက ကြိုးပမ်းနေပြီး တရုတ်၏သြဇာကို တန်ပြန်နိုင်ရေး အတွက်ဖြစ်သည်။

ဂျပန်စစ်သားများသည် နိုဝင်ဘာ ၂၁ ရက်တွင် တောင်ဆူဒန်သို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ် များဖြင့် ရောက်ရှိ လာသည်။ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် နိုင်ငံပြင်ပသို့ ဂျပန် တို့ ခြေချခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဟူသော ခေါင်းစဉ်အောက်က နာမည်ကောင်းဖြင့် ဂျပန်တို့ စစ်ရေးဖြန့်ကြက်ခြင်း ဖြစ်သည်။

ဂျပန်အစိုးရသည် အာဖရိကသို့ ဂျပန်ငြိမ်းချမ်းရေး ထိန်းသိမ်းသူ ၃၅ဝ ဦး စေလွှတ်ခြင်းကြောင့် ပြည်တွင်း၌ အာဘေးအတွက် ဝေဖန်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။ အာဘေးအတွက် ရွေးချယ်စရာလမ်းက များများစား စားမရှိပေ။

 á€ťá€•á€Šá€šá€žá€°á€™á€şá€Źá€¸á ဆန္ဒအတိုင်း သူ့စစ်တပ်ကို ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော် အဆင့်ဖြင့်သာ ထိန်းထားမလား သို့တည်း
မဟုတ် အရှေ့တရုတ်ပင်လယ်ပြင်နှင့် တရုတ်တို့၏ ကျူးကျော်မှုများကို စစ်ရေးအရ ပြန်လည်တွန်းလှန်မလား ဟူ၍ဖြစ်သည်။ အာဘေးအတွက် ရွေးချယ်စရာနှစ်ခု ယှဉ်လာနေချိန်တွင် ဆင်ကာကူ ကျွန်းစုများကို တရုတ်တို့က သူတို့ပိုင်သည်ဟု ဆိုလာသည်။ ထိုမျှမက အရှေ့တရုတ်ပင်လယ်ပြင်၌ ဂျပန်တို့၏ လှုပ်ရှားမှုများကိုမြင်နိုင် သည့် ရေဒါများကိုတပ်ဆင်ပြီး လေကြောင်းကာကွယ်ရေးဇုန် ထူထောင်သည်။ တောင်တရုတ် ပင်လယ်ပြင်ကို သူပိုင်သည်ဟု ဆိုကာ ကျွန်းတုများဆောက်ပြီး သူ့စိတ်တိုင်းကျ အသုံးပြုနေသည်။

နိုင်ငံတကာတရားရုံး၏ အဆုံးအဖြတ်ကိုပင် လက်မခံဘဲ တရုတ်တို့က စစ်အင်အားသြဇာကို အသုံးပြုပြီး သူ့မူဝါဒအတိုင်းသာ သွားနေသည်။ ထိုအချိန် တရုတ်ဂျက်တိုက် လေယာဉ်များ၏ ကျူးကျော်မှုသည် ဂျပန် ကုန်းတွင်းပိုင်း အထိပါ ရောက်ရှိလာခဲ့ သည်။

ထို့ကြောင့် အာဘေး ဆုံးဖြတ်ချက်သည် သံသယဖြစ်စရာ မရှိလောက်အောင် သူ့ ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်ကို အဆင့်မြှင့်တင်ပြီး တရုတ်သြဇာကို တွန်းလှန်ရန် လမ်းကြောင်းရွေးချယ် ရတော့သည်။
ထိုသို့မဟုတ်ပါက ဂျပန်၏ အာရှဒေသတွင်း အခန်းကဏ္ဍသည် တရုတ်လွှမ်းမိုးမှုအောက်သို့ လုံးဝကျရောက် သွားရမည်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် ဥပဒေမူကြမ်းကို အာဘေးက အတည်ပြုနိုင်ရန် လွှတ်တော်ကို ဖိအားပေး ခဲ့သည်။

လပိုင်းသာကြာသောအချိန်တွင် အာဘေး၏ကြိုးစားမှုကြောင့် ဂျပန်စစ်တပ်ကို နိုင်ငံရပ်ခြားအထိပါ စေလွှတ်နိုင်မည့် ဥပဒေမူကြမ်း အကောင်အထည်ပေါ်လာခဲ့သည်။
နောက်ဆုံး ဂျပန်တို့သည် စစ်ရေးတွင်လည်း ဂျက်တိုက်လေယာဉ်များကိုပင် ကိုယ်ပိုင် ထုတ်လုပ်နိုင်သည်အထိ အာဘေး၏ စစ်ရေးလှုပ်ရှားမှုများက အားကောင်းလာသည်။
ယခု အာဖရိကသို့ ဂျပန်တို့ပစ်မှတ်ထားလျက်ရှိသည်။ အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီကာ အာဖရိကဒေသသို့ အကူအညီများ ပေးထားပြီး ကင်ညာကဲ့သို့ တရုတ်ထိန်းချုပ်မှု အများဆုံးရှိသော အာဖရိက နိုင်ငံမျိုးကိုပင် ဂျပန်တို့အပြိုင် ဝင်ရောက်နေသည်။ အာဖရိက၌ တရုတ်နှင့် အကြွေးကင်းသည့် နိုင်ငံသည် မရှိသလောက်ရှားသည်။ တရုတ် အစိုးရက အတိုးမဲ့ချေးငွေများ ပေးပြီး အခြေခံ အဆောက်အအုံများကို ဆောက်ပေးသည်။

လမ်း၊ တံတား၊ ဆိပ်ကမ်းနှင့် ရထားသံ လမ်းကဲ့သို့သော အာဖရိက၌ တရုတ်တို့ ဆောက်ပေးသည့် အခြေခံ အဆောက်အအုံများသည် အာဖရိကပြည်သူများ၏ အကျိုးစီးပွားထက် တရုတ်တို့က သူတို့အကျိုးစီးပွားကို ပိုပြီးကြည့်ထားသည့် စီမံကိန်းများဖြစ်သည်။

ထိုနိုင်ငံများကို ချေးငွေပေးခြင်းနှင့် အခြေခံ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်းကြောင့် တရုတ်စီးပွားရေး လုပ်ငန်းကြီးများ ယင်းနိုင်ငံများထဲတွင် ဝင်ရောက်လုပ်ကိုင် ခွင့်ရသည်။ထိုကုမ္ပဏီ လုပ်ငန်းကြီးများအတွက် အခြေခံ အဆောက်အအုံ ကဏ္ဍသည် သယ်ယူပို့ဆောင်ရေးတွင် မရှိမဖြစ်အရေးပါသည်။ ထို့ကြောင့် တရုတ်တို့သည်ငါးကြင်းဆီနှင့် ငါးကြင်းသားကို ပြန်ကြော်ပြီး အမြတ်ယူနိုင်ခဲ့သည်။

အာဖရိကကို စီးပွားရေးဖြင့် ချုပ်ကိုင်ထားခဲ့သော တရုတ်အစိုးရသည် သူ့နေရာကို မည်သူမျှအစား မဝင်နိုင်အောင် ချေးငွေများ ဘီလီယံနှင့် ချီပေးထားခဲ့သည်။ ယခုဂျပန်ကလည်း ချေးငွေနှင့် နိုင်ငံအဆင့် စီမံကိန်းကြီးများကို တရုတ်အစိုးရနှင့် ယှဉ်ပြိုင်ကာ အာဖရိကနိုင်ငံများ ရွေးချယ်ခွင့်များ ရရှိရန်ဖန်တီးနေပြီး တရုတ်အစိုးရ၏ အခန်းကဏ္ဍကို လျော့ကျအောင် ကြိုးစားနေသည်။
တရုတ်တို့ထက်များသော စစ်သားအရေ အတွက်ကိုလည်း အာဖရိကသို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် စေလွှတ် ထားသည်။ အရှေ့ အာဖရိက Djibouti နိုင်ငံ၌ ရေတပ်အခြေ စိုက်စခန်း တည်ဆောက်နိုင်ရေး ဆွေးနွေးနေပြီး အာဖရိက အစိတ်အပိုင်း တစ်ဒေသကို ဂျပန်တို့ စစ်ရေးအရ တရုတ်နှင့်အပြိုင် အပိုင်ရရန်ကြိုးပမ်းနေသည်။

ပစိဖိတ်ဖွဲ့စည်းပုံအရ ဂျပန်သည် ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်သာ ထားရှိခွင့်ရှိသည်။ သူ့နိုင်ငံ၏စစ်ရေးကို ထိခိုက်လာလျှင် အမေရိကန်တို့က အလုံးစုံတာဝန်ယူထားသည်။ ထို့ကြောင့် ၁၉၅ဝ ပြည့်နှစ်တွင် ဂျပန်တို့ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်ကို တည်ထောင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာအသုံး စရိတ်အနည်းငယ်နှင့် ကျေနပ်ခဲ့ရသည်။


ယခု ဂျပန်တို့ ပြည်ပသို့ပင်သွားရောက်ပြီး စစ်ရေးတွင် ပါဝင်ခွင့်ရရှိနေပြီဖြစ်သည်။ အမေရိကန်တို့ ချမှတ်ခဲ့သော စည်းမျဉ်းများအရ ဂျပန်တို့ ထိုဥပဒေကို ချမှတ်ခွင့်မရှိ။ ယခုတော့ အမေရိကန်တို့၏ မျက်နှာလွှဲထားမှုကြောင့် ဂျပန်တို့ ထိုဥပဒေကို လွတ်လွတ်လပ်လပ် အကောင်အထည်ဖော်နေသည်။ တရုတ်သြဇာကို တန်ပြန်နိုင်ရန် အမေရိကန်တို့ ပစိဖိတ် ဖွဲ့စည်းပုံကို မျက်ကွယ်ပြုပေးထားခြင်းဖြစ်သည်။
ဂျပန်တို့ကလည်း အခွင့်အရေးကို အကောင်းဆုံး အသုံးချလျက်ရှိသည်။ စစ်အသုံးစရိတ် ၅ဝ ဘီလီယံနီးပါး ပင် ရောက်ရှိလာခဲ့ပြီး ယခု ဂျပန်ကာကွယ်ရေး တပ်မတော်သည် အာရှ၌ အိန္ဒိယတပ်မတော်နှင့် တန်းတူအင်အား အထိပင် ရောက်ရှိနေပြီဖြစ်ပါကြောင်း တင်ပြလိုက် ရပါသည်။ ။










မြ၀တီ


Related Posts


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv

Comments system

Flag Counter