ရခိုင်ပါတီသစ်အပေါ် နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများ
စစ်တွေ၊ ဇန်နဝါရီ ၁၀ ရက်။ ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၇ နေရာမှာ ၂၃ နေရာအထိ အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ထုတ်ပယ်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၉ ရက်နေ့မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD ကို ပြန်လည်ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီး ဖေဖော်ဝါရီလအတွင်းမှာ ပါတီမှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။
ပါတီသစ်အပေါ် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီတွေရဲ့ အမြင်သဘောထားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ
“ ကျွန်တော်တို့ပါတီအနေနဲ့ကတေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
“ ပါတီသစ်တွေ ပေါ်ပေါက်လာခဲ့တာဟာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကြိုက်တယ်။ ကောင်းတဲ့လက္ခဏာပဲ။ ဒီမိုကရေစီနိုင်ငံမှာ ငါတို့ ပါတီတစ်ခုတည်း အုပ်ချုပ်ထားမယ်။ လွှတ်တော်လည်း ငါတို့ပါတီကပဲ အုပ်ချုပ်မယ်ဆိုပြီး လုပ်လို့မရဘူး။ ရွေးချယ်တဲ့အပိုင်းတော့ တစ်ပိုင်းပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း NLD ဖြစ်နေပေမယ့် မဲပေးတဲ့အခါမှာ ANP ကို ပေးချင်ပေးမှာပါ။ ဒါကိုတော့ ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်”
ရခိုင်အမျိုးသားပါတီ (ANP)မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး
“ ပါတီသစ်ထူထောင်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တစ်စုံတစ်ရာ စောဒက မတက်လိုပါဘူး။ ပါလီမန် ဒီမိုကရေစီခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်မှာတော့ ပါတီထောင်ကြမှာပဲလေ။ ဒီအပေါ်မှာတော့ကျွန်တော်တို့
ဘာမှပြောစရာမရှိပါဘူး။ ကျွန်တော်တို့ကတော့ ပြည်သူတွေကို ယုံကြည်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ရခိုင်လူမျိုးတွေဆီက ခွဲထွက်တဲ့ပါတီတွေကို
ပြိုင်ဘက်လို့ သဘောမထားပါဘူး။ ကျွန်တော်တို့မှာ ပြိုင်ဘက်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်က ထွက်တဲ့ ပါတီတွေကိုတော့ ကျွန်တော်တို့ပါတီအနေနဲ့ ဘယ်လိုမှသဘောမထားပါဘူး။
ကျွန်တော်အမြင်နဲ့ပြောရရင်ေ တာ့ လုပ်နိုင်တဲ့သူတွေလုပ်ကြတာ ပိုကောင်းပါတယ်။ ဦးဆောင်နိုင်တဲ့သူတွေ ဦးဆောင်နိုင်တာပိုကောင်းပါ တယ်။ အဲလိုပြိုင်ဆိုင်မှုတွေ ပေါ်လာတဲ့အခါမှာ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ၊ လူငယ်ပိုင်းတွေ ရခိုင်လူ့အဖွဲ့အစည်းတွေလည်း
ဒီထက် နိုင်ငံရေးအမြင်တွေ ရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ပြိုင်ဘက်အနေနဲ့တော့ သဘောမထားဘူး။ နောက်တစ်ခုက ၂၀၂၀ ခုနှစ်
ရွေးကောက်ပွဲအတွက်လည်း ထိခိုက်စရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျေးလက်ကနေ
ရန်ကုန်အပါအဝင် ဧရာဝတီ၊ ပလက်ဝထိကို ပြည်သူကို အခြေခံထားတာဖြစ်တဲ့
အတွက်ကြောင့်ပါ ”
“ ပါတီသစ်ထူထောင်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တစ်စုံတစ်ရာ စောဒက မတက်လိုပါဘူး။ ပါလီမန် ဒီမိုကရေစီခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်မှာတေ
ကျွန်တော်အမြင်နဲ့ပြောရရင်ေ
http://www.mizzimaburmese.com/article/22179
EmoticonEmoticon