ရခိုင်ပြည်
အချုပ်အခြာအာဏာ ကျဆုံးခြင်း အတွက် ၀မ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်
·
ရခိုင်လူမျိုးသမိုင်း
ကို နောက်ပြန်လှည့်ကြည့်ခြင်း
ရခိုင်တို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုးကွယ်ယုံကွယ်မှု၊
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ့်စာပေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ဖန်တီးခွင့်
ရှိပြီး လွတ်လပ်စွာ နေထိုင်ခဲ့သည့် လူမျိုး တစ်မျိုး ဖြစ်သည်။ ရခိုင်လူမျိုးတို့ လွတ်လပ်စွာ
ကိုယ့်ထီးနန်းနဲ့ နေလာခဲ့တာ နှစ်ပေါင်းငါးထောင်ကျော် ရှည်ကြာခဲ့သည်။ ရခိုင်ဆိုသော
စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ရခိုင်ဆိုသော
နာမ ၀ိသေသအတိုင်း “အမျိုးသီလ၊ နှစ်ဌါနကို၊ ပြည့်ဝမဏ္ဏိုင်၊စောင့်စွမ်းနိုင်သည် ရခိုင်နာမ
ဘွဲ့ မည်လှဖြင့် အနန္တာသညှာခေါ်အပ်ရာတည်း”လို့လည်း သျှင်ရာဂိန္ဒမော်ကွန်းတွင် ဖွင့်ဆိုထားသည်။
ဗုဒ္ဓဘာသာ
အစဉ်အလာ
ဓည၀တီက စ
ခဲ့တယ်။
သဇင်ပန်းခိုင်
တမြိုင်မြိုင်
ရခိုင်ဘုရားပေါင်းတည်း။
ဟူ၍လည်း သမိုင်းမှတ်တမ်းများမှာ
တွေ့ရပါတယ်။ သို့သော် လက်ရှိအချိန်ထိလည်း ရခိုင်ပြည်နေရာအနံှံ့မှာ ရခိုင်လူမျိုးတို့
ကိုးကွယ် ယုံကြည်သော ဘုရား၊ ပုထိုး၊ ရှေ့ဟောင်းလက်ရာ၊ ရခိုင်လူမျိုး၊ ရခိုင်သမိုင်း၊
ရခိုင်ယဉ်ကျေးမှု၊ ရခိုင်စာပေတွေကို နေရာ အနှံ့မှာ တွေ့ရပါလိမ့်မယ်။ ရခိုင်လူမျိုးတို့သည်
၁၇၈၄ခု၊ ဒီဇင်ဘာ ၃၁ ရက်၊ ၁၁၄၆ခု၊ ပြာသိုလဆုတ် ၆ ရက် သောကြာနေ့ မတိုင်ခင် ရခိုင်တို့သည်
ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု နဲ့
နေလာခဲ့တဲ့ လူမျိုးတစ်မျိုး ဖြစ်ပါတယ်။ ရခိုင်လူမျိုးတို့သည် သမိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်
ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ဖန်တီးခွင့် နဲ့ လွတ်လပ်တဲ့ လူမျိုးတစ်မျိုး ဖြစ်ပါတယ်။
·
ရခိုင်ပြည်
အချုပ်အခြာအာဏာ ကျဆုံးခြင်း
ရခိုင်ပြည်တွင်
မဟာသမ္မတရာဇာမင်း (၁ရ၈၂-၁ရ၈၄) စိုးစံအုပ်ချုပ်စဉ် အချိန်ကာလာဖြစ်သည်။
နှစ်ပေါင်းငါးထောင်ကျော်
ရှည်ကြာလာခဲ့ရသည့် ရခိုင်သမိုင်း၊ ရခိုင်မင်းဆက် မဟာသမ္မတရာဇာမင်း အဆုံးသတ်ခဲ့ပြီး ရခိုင်ပြည်ကြီးနှင့်
အတူ မဟာမြတ်မုနီ အသိမ်းခံရသည်။
၁၇၈၄ခု၊ ဒီဇင်ဘာ ၃၁ ရက်၊ ၁၁၄၆ခု၊ ပြာသိုလဆုတ် ၆ ရက်
သောကြာနေ့သည် ရခိုင်တို့၏ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊
ကိုယ့်ယဉ်ကျေးမှု နဲ့ သမိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ဖန်တီးခွင့်
နဲ့ လွတ်လပ်တဲ့ လူမျိုးတစ်မျိုးဘ၀ကနေပြီး၊ ကျွန်ဘ၀ကို ရောက်ခဲ့ရသည်။
ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားတို့သည်
ရခိုင်ပြည်ကို သိမ်းပိုက်ပြီး ကျူပင်ခုတ်ကျူငုတ်မကျန်ရ
ဆိုသည့် စကားအတိုင်း ရခိုင်ပြည်၌ တွေ့သမျှ၊ မြင်သမျှများနှင့် ရခိုင်လူမျိုးတို့ကို
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ရခိုင်ပြည်တွင်ရှိသော ရခိုင်ရွှေနန်းတော်၊ ပိဋကတ်တိုက်တော်၊
ဘုန်းတော်ကြီးကျောင်း အကြီး(၃၀)၊ အငယ်(၃၀၀၀) ကျော်ကို မီးလျှို့ဖျက်ဆီးခဲ့သည်။ ဗမာ
ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမား တို့သည် ပုခက်တွင်းရှိ ကလေး သူငယ်များ ကိုမချန် သတ်ဖြတ်သည်။
သဇင်ပန်းခိုင်
တမြိုင်မြိုင် ရခိုင်ဘုရားပေါင်းတည်း။
အုန်းပွင့်ပန်းခိုင်
တမြိုင်မြိုင် မြောက်ဦးမြို့ ဘုရားပေါင်းတည်း။
ဝါ၀ါဝင်းဝင်း
မြစ်ကိုဆင်း မြောက်ဦးခေတ် ဿံဃာတော် အပေါင်းတည်း။
ပန်းပဉ္ဇူ
ကြိုင်ကြိုင်မွီး နောက်ဆုံးမြောက်ဦး ရခိုင်ဘုရင် မင်းဆက်တည်း။
တင်းဝါးပန်းခိုင်
တမြိုင်မြိုင် ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားတို့ ရခိုင်ပြည်သူတွေကို သတ်ခဲ့တဲ့
လူဦးရေတည်း။
ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားတို့သည်
ရခိုင်ပြည်၌ အထင်ကရ များစွာကို ဖျက်ဆီးပစ်ကြသည်။ ဗမာပြည်ထဲကို ယူဆောင်သွားကြသည်။
၁။မဟာသမတရာဇာနှင့်မိဖုရား၊သားတော်သမီးတော်များ။
၂။မူးတော်မတ်တော်နှင့်ပရောဟိတ်ပညာရှိများ။
၃။ရဟန်းပညာရှိလူပညာရှိများ။
၎။လက်မှု့ပညာသည်များ(ပန်းထိမ်၊ပန်းရံ၊လက်သမား)။
၅။မဟာမုနိရုပ်ပွါးတော်နှင့်မြောက်များစွာသောအခြားရုပ်ထုတော်များ။
၆။ဘုရင့်ဘဏ္ဍာတော်တိုက်မှအဖိုးမဖြတ်နိုင်သောပတ္တမြားနှင့်နန်းစဉ်ရတနာများ။
ရ။ဗေဒင်ကျမ်း၊ဆေးကျမ်း၊နက္ခတ်ကျမ်း၊စသည့်ပရပိုက်များ။
၈။ရခိုင့်သမိုင်းစဉ်ကိုပြုစုထားသည့်ပရပိုက်များ။
၉။သံဃာယနာတင်ပိဋကပ်သုံးပုံ။
၁၀။ရခိုင့်ရွှေနန်းတော်မှကြေးဝါအမိုးပြားများ။
၁၁။သန်မာထွားကျိုင်း၍အလုပ်လုပ်နိုင်သောပြည်သူ(၃၀၀၀၀)
၁၂။အလျားအတောင်(၂၀)၊လုံးပတ်(၆)တောင်မျှရှိသောအမြောက်ကြီးများနှင့်အခြားအ
မြောက်ပေါင်း(၂၀၀၀)၊စိန်ပြောင်းအလတ်(၁၀၀၀၀)စသောသက်ရှိသက်မဲ့မြောက်များစွာ
တို့ကိုဗမာပြည်သို့ယူဆောင်သွားခဲ့ကြပြီး ဗမာ(မြန်မာ)မှု့ လုပ်လုပ်ထားကြသည်။
သို့သော်
ရခိုင်ပြည် ထီးနန်း ကျဆုံးခြင်းသည် ကံမကောင်း အကြောင်း မလှ၍ကား မဟုတ်ပါ။ ရခိုင်လူမျိုးတို့ လိုအပ် ချက်ကြောင်းသာဖြစ်သည်။
နန်းတွင်းညီညွတ်ရေး ပြိုကွဲမှုကြောင်း အချုပ် အခြာအာဏာ ကျဆုံးခဲ့ရသည်။ ရခိုင်လူမျိုးအချင်းချင်း
ညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင်းသာဖြစ်သည်ဟု ရှုမြင်မိပါသည်။ ညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင်း
ရခိုင်ထီးနန်း၊ ဘုရားပုထိုး၊ စေတီ၊ ကျောင်းကန်၊ ဇရပ်၊ စာပေ၊ ယဉ်ကျေးမှု၊ ရခိုင်နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး တို့သည်လည်း ဗမာနယ်ချဲ့ ကျူးကျော်သူတို့၏ လက်ထဲ၌ ပါသွားခဲ့ပြီး
ထီးနန်းနဲ့ ရခိုင်လူမျိုး အသက်ပေါင်းစွာနှင့် မသိနားမလည်သေးသော ပုခတ်တွင်း ကလေးငယ်များ
မကန် ပေးဆပ်ခဲ့လိုက်ရပြီကို သမိုင်းစာပေအထဲတွင် သာမက ရခိုင်လူမျိုးတို့ မျက်ဝါးထင်ထင်
တွေ့မြင်နိုင်ပါလိမ့်မည်။
ရခိုင်ပြည်ကြီးသည်လည်း
၁၇၈၄ခု၊ ဒီဇင်ဘာ ၃၁ ရက်၊ ၁၁၄၆ခု၊ ပြာသိုလဆုတ်
၆ ရက် သောကြာနေ့ ရက်မှ စ၍ ယနေ့ထိတိုင်အောင် ပြည်ဖုံးကားချပ် တပြည်လုံးအမှောင်ဖုံးကာ
ယနေ့ထိတိုင်အောင် ကျွန်ဘ၀နဲ့ မလွတ်မြောက်နိုင်ပဲ ရခိုင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
စာပေ၊ ယဉ်ကျေးမှုတို့သည်လည်း နစ်မြုပ်တိမ်ပျောက်လုဆဲပင် ဖြစ်သည်။
ကိုးကား
ထက်မြတ်ခိုင်
(ဘူးသီးတောင်)