ဟိန်းဇော်
လာမည့် ဧပြီတွင် အစိုးရသစ် က စတင် တာဝန်ယူတော့ မည်ဖြစ်သည်။ ပြည်သူလူထုက တစ်ခဲနက် လိုလိုလားလား ရွေးချယ်ထားသော NLD အစိုးရအနေဖြင့် အစိုးရသက်တမ်းငါးနှစ်တာ ကာလအတွင်း နောက်ကျကျန်ရစ်နေသော မြန်မာ့စီးပွားရေးကို အပြောင်းအလဲ လုပ်ပေး နိုင်လိမ့်မည်ဟု ပညာရှင်များအပါအဝင် အ များစုက အကောင်းမြင်ကြသည်။ ကာလတို အနေဖြင့် အစိုးရသစ် ပထမဆုံးဖြတ်သန်းရ မည့် ၂ဝ၁၆ တစ်နှစ်တည်းကို မျှော်မှန်းကြည့် လျှင်ရော မြန်မာ့စီးပွားရေး အခြေအနေက မည်သို့ရှိမည်နည်း။
ယခုလ ၇ရက်ကထုတ်ပြန်သည့် ကမ္ဘာ့ ဘဏ်၏ “Global Economic Prospects” အစီရင်ခံစာ၌ ၂ဝ၁၆တွင် မြန်မာနိုင်ငံ၏စီး ပွားရေးတိုးတက်မှုနှုန်းသည် ၇ ဒသမ ၈ ရာ ခိုင်နှုန်းရှိနိုင်ကြောင်းခ
ကမ္ဘာ့ဘဏ်က ၂ဝ၁၅-၂ဝ၁၆ အတွက် ၉ ဒသမ ၃ ရာခိုင်နှုန်း ခန့်မှန်းခဲ့သော်လည်း ၂ဝ၁၅တွင် ရေကြီးမှုအန္တရာယ်ကြောင့် စိုက် ပျိုးရေးကဏ္ဍတွင် ထိခိုက်မှုရှိခဲ့ခြင်းနှင့် ရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းရှင်မ
ရွေးကောက်ပွဲ၊ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက် တွင် မြန်မာသည် အိမ်နီးချင်းတရုတ်အပါအ ဝင် တခြားအာဆီယံနိုင်ငံများ၏ စီးပွားရေး တိုးနှုန်းထက် ပိုသည်ကိုလည်း တွေ့ရသည်။ အစိုးရအဖွဲ့အနေဖြင့်လည်း စီးပွားရေးတိုးတက် မှုနှုန်းကို ၇ ဒသမ ၈ ရာခိုင်နှုန်းမျှော်မှန်းထား
ရွေးကောက်ပွဲရလဒ်၊ လက်ရှိနိုင်ငံရေးအခြေ အနေများအရ နိုင်ငံရေးအခြေအနေက အ ကောင်းဘက်တွင်ရှိသဖြင့် စီးပွားရေးအလား အလာက အပေါင်းလက္ခဏာဆောင်နေသည် မှန်သော်လည်း စိန်ခေါ်မှုများကလည်း များ စွာ ရှိနေသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက် သည်လည်း ယမန်နှစ် ၆ ဒသမ ၅ ရာခိုင်နှုန်း ထက် မြင့်သည်ဆိုသည့်တိုင်၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၅ရာခိုင်နှုန်းထက်တော့ လျော့နည်းနေသည်။
တိုင်းပြည်၏ အဓိက စီးပွားရေးဖြစ် သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အနေဖြင့် ယမန်နှစ်ရေကြီးမှု၏နောက်ဆက် တွဲ ပြဿနာများကို ဆက်လက်ခံစားနေရဆဲ ဖြစ်သည်။ ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် လယ်ယာဧကငါးသိန်းကျော်တွင် ပြန် လည် စိုက်ပျိုး၍ရသည့် လယ်ယာမြေများရှိ သလို ပြန်လည်စိုက်ပျိုး၍မရသည့် စိုက်ပျိုးမြေ များလည်း ရှိနေသေးသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အ ထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ''ရေကြီးနစ်မြုပ်မှုဖြစ်ပြီး
ထို့အတူ-ရေကြီးမှုကြောင့် ပျက်စီးသွား သည့် ဧကသောင်းချီရှိသည့် ငါးမွေးမြူရေးကန် တွေပျက်စီးမှုကလည်း နာလန်ထူဖို့ နှစ်နှင့်ချီ အချိန်ယူရဦးမည်ဖြစ်သည်။
တစ်ဖက်တွင်လည်း အစိုးရသစ်လက် ထက် မူဝါဒအပြောင်းအလဲဖြစ်လာပြီး
အစိုးရအကူးအပြောင်းကာလတွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု(FD
တစ်ဖန် FDI က စီးပွားရေးဖွံ့ဖြိုးတိုးတက်
သတိပြုစရာနောက်တစ်ချက်က အဓိက ရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်၏ စီးပွားရေးက ကျရိပ်ပြနေသည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ၂ဝ၁၅ခုနှစ် တွင် ၆ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည့်တရုတ
၂ဝ၁၆ တွင် မြန်မာ့စီးပွားရေးအတွက် မဖြစ်မနေ ထည့်တွက်ရမည့်အချက်က အစိုးရ အလွှဲအပြောင်းဖြစ်သည်။ ယခုနှစ်၏ ပထမ သုံးလေးလလောက်က အစိုးရအလွှဲအပြောင်း အတွက် အလုပ်ရှုပ်နေကြမည်ဖြစ်သလို အစိုးရ သစ်အနေဖြင့်လည်း တာဝန်လွှဲပြောင်းယူပြီးစ တွင် အုပ်ချုပ်ရေးပိုင်းကို ပြင်ဆင်ဖွဲ့စည်းရဦး မည်ဖြစ်သည်။ ထို့နောက် သက်ဆိုင်ရာကော် မတီများဖွဲ့၊ မူဝါဒအသစ်များ ချမှတ်ရမည်ဖြစ် သည်။
NLD ပါတီ၏ ဗဟိုစီးပွားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက စီးပွားရေးမူဝါဒအခိုင်အမာ ရှိပြီးသားဟု ထုတ်ပြောထားသော်လည်း မူ ဝါဒအသေးစိတ်အခြေအနေကို မသိရှိရသေး ပေ။ ရွေးကောက်ပွဲရလဒ်ထွက်ပြီး လေးလ လောက်အတွင်းတွင် အစိုးရသစ်ဖွဲ့ဖို့အတွက် တက်သုတ်ရိုက် ပြင်ဆင်နေရခြင်းဖြစ်ရာ မူ ဝါဒများကို နောက်ထပ်ဘယ်လောက် ပြန်လည် ပြင်ဆင်ရမလဲ ဆိုသည်ကလည်း စဉ်းစားစရာရှိ သည်။ သို့ဆိုရာ၂ဝ၁၆တွင် အစိုးရအနေဖြင့် စီးပွားရေးကို ထဲထဲဝင်ဝင်လုပ်ဖို့ထက် ပြင်ဆင် မှုများလုပ်ခြင်းကိုသာ အဓိကလုပ်နိုင်ဖွယ်ရှိ သည်။ စီးပွားရေးနှင့်ပတ်သက်သည့်ဥ
အစိုးရသစ်အနေဖြင့် ဒုတိယနှစ်၂ဝ၁၇ လောက်မှသာ စီးပွားရေးကိုအင်တိုက်အားတု
(Yangon Times Journal, 12-6)
EmoticonEmoticon